Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဒါရိုက်တာ Zhang Yimou ရဲ့ကျေးဇူးကြောင့် ကမ္ဘာကျော်ရုပ်ရှင်မှာ ပါဝင်ခွင့်ရတာလို့ ကျန်ဇီယီ ပြော

$
0
0

ကမ္ဘာကျော် တရုတ်မင်းသမီး ကျန်ဇီယီ က ဒါရိုက်တာ Zhang Yimou ကသာ ဒါရိုက်တာ Ang Lee ထံ ထောက်ခံချက် မပေးခဲ့ပါက သူ့အနေနဲ့ ၂၀၀၀ ပြည့်နှစ်မှာ ထွက်ရှိခဲ့တဲ့ ကမ္ဘာကျော် တရုတ်ရုပ်ရှင် “Crouching Tiger, Hidden Dragon” (ချောင်းနေသော ကျားနှင့် ပုန်းနေသော နဂါး) မှာ အဓိကမင်းသမီးအနေနဲ့ ပါဝင်ဖြစ်ခဲ့မှာမဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

အသက် ၄၀ အရွယ် မင်းသမီး ကျန်ကတော့ ဒါရိုက်တာကြီးရဲ့ အကူအညီကို အမြဲတမ်း ကျေးဇူးတင်နေတယ်လို့ ဆိုပါတယ်။ အဲဒီ ရုပ်ရှင်ကို အခုကျင်းပနေတဲ့ ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ မေ ၂၂ ရက်တုန်းက ပြန်လည်ပြသခဲ့တဲ့အချိန်မှာ အခုလိုမျိုး မင်းသမီးက ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

မင်းသမီးက “Ang Lee (ချောင်းနေသော ကျားနှင့်ပုန်းနေသော နဂါး ဒါရိုက်တာ) က ကျမကို မရွေးချယ်ခဲ့ပါဘူး။ ကျမရဲ့ လူရွေးပွဲဓာတ်ပုံတွေကို သူက အစတုန်းက ဘေးဖယ်ထားခဲ့တာပါ။ သူ့ဆီ Zhang Yimou က ဖုန်းခေါ်ခဲ့ပါတယ်။ အဲ့ဒီဖုန်းခေါ်မှုက တန်ဖိုးမဖြတ်နိုင်ပါဘူး” လို့ပြောဆိုခဲ့ပါတယ်။

ရုပ်ရှင်ကို တကျော့ပြန် ပြသခဲ့တဲ့ Masterclass အစီအစဉ်မှာ ဒါရိုက်တာ Ang Lee က မင်းသမီး ကျန်ရဲ့ အနုပညာသက်တမ်း နှစ် ၂၀ ပြည့်နှစ်ပတ်လည်ကို ဂုဏ်ပြုတဲ့ဗီဒီယိုကို ပြသခဲ့ပါတယ်။ ဒါရိုက်တာကြီးက “အဲ့ဒီအချိန်တုန်းက ဒီရုပ်ရှင်ကို တရုတ်နိုင်ငံမှာ ဖန်တီးဖို့ ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် မင်းက သဘာဝအရည်အချင်း တခုဖြစ်ခဲ့ပါတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် မင်းသမီး ကျန်ဟာ ၆ လလောက် ရိုက်ကူးချိန်ယူခဲ့တဲ့ အဲ့ဒီရုပ်ရှင်မှာ ပါဝင်ခဲ့တဲ့အချိန်တုန်းက သူဟာ ၁၉ နှစ်ပဲရှိသေးတယ်လို့ ဆိုပါတယ်။ မင်းသမီးက “ရိုက်ကွင်းပေါ်ရောက်တဲ့အခါ အချိန်တော်တော်များများမှာ ဂယောက်ဂယက်ဖြစ်ခဲ့ရတာကို သတိရမိပါတယ်။ တော်တော်လေးကို ပင်ပန်းခဲ့ပြီးတော့ ဖိအားတော်တော်များများလည်း ရှိခဲ့ပါတယ်” လို့ ဆိုပါတယ်။

ဂုဏ်သိက္ခာကြီးမားတဲ့ ဗဟိုဒရာမာ အကယ်ဒမီဘွဲ့ရ တယောက်ဖြစ်တဲ့ မင်းသမီးဟာ ဒါရိုက်တာ Yimou ရဲ့ အချစ်ရုပ်ရှင် “The Road Home” နဲ့ ပထမဆုံးအဓိကဇာတ်ဆောင်အဖြစ် ပါဝင်ခဲ့ပြီး “Rush Hour 2” , “Hero” နဲ့ “House of Flying Daggers” တို့မှာလည်း ပါဝင်ခဲ့ပါတယ်။

Ref:asiaone

You may also like these stories:

ထူးခြားဆန်းကြယ် ဒရာမာမှာ လီမင်ဟိုနဲ့ အတူ ပါဝင်လာမယ့် မင်းသမီး ကင်ဂိုအွန်း

နာမည်ကျော် သရုပ်ဆောင်များပါဝင်မယ့် အချစ်ဇာတ်လမ်း “Crash Landing of Love”

တတိယမြောက် အိမ်ထောင်ပြုဖို့ ပြင်ဆင်နေတဲ့ မင်းသမီး စကားလက် ဂျိုဟန်ဆန်

The post ဒါရိုက်တာ Zhang Yimou ရဲ့ကျေးဇူးကြောင့် ကမ္ဘာကျော်ရုပ်ရှင်မှာ ပါဝင်ခွင့်ရတာလို့ ကျန်ဇီယီ ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...