Disney ကုမ္ပဏီရဲ့ နောက်ဆုံးပြသခဲ့တဲ့ Live-action ရုပ်ရှင်ကတော့ လတ်တလော ရုံတင်ပြသနေတဲ့ Aladdin ရုပ်ရှင်ဖြစ်ပြီး မေလ ၂၄ ရက်နေ့မှာ စတင်ပြသခဲ့တာလည်း ဖြစ်ပါတယ်။ အခုဖော်ပြပေးမယ့် ရုပ်ရှင်တွေကတော့ Disney ကနေ ဆက်လက်ရိုက်ကူးမယ့် Live-action ရုပ်ရှင်တွေပဲ ဖြစ်ပါတယ်။
(၁) Pinocchio
လူကြိုက်အများဆုံး Disney ဇာတ်ကောင်တခုဖြစ်တဲ့ Pinocchio ဟာဆိုရင်လည်း Live-action ရုပ်ရှင်အနေနဲ့ ထွက်ရှိလာမှာဖြစ်ပါတယ်။ မူရင်းစာရေးသူ Peter Hedges ဟာလည်း Pinocchio Live-action ပရောဂျက်မှာ ပါဝင်မှာဖြစ်ပြီး Paddington ရဲ့ ပရောဂျက်ဒါရိုက်တာ Paul King လည်း ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
(၂) The Lion King
The Lion King ရုပ်ရှင်ကိုတော့ ဇူလိုင်လ ၂၉ရက်နေ့မှာ စတင်ပြသမှာဖြစ်တယ်လို့ တရားဝင် သတင်းထုတ်ပြန်ခဲ့တာဖြစ်ပြီး ၁၉၉၄ခုနှစ်ကတည်းက ကလေးလူကြီး ကြိုက်နှစ်သက်ခဲ့ရတဲ့ Simba , Nala နဲ့ Mufasa တို့ကို Live-action အဖြစ် ပြန်လည် ကြည့်ရှုကြရမှာတော့ပါ။
(၃) Mulan
တရုတ်အမျိုးသမီးငယ်တဦးဟာ ဖခင်နေရာမှာ စစ်မှုထမ်းဖို့ ယောကျ်ားလေးဟန်ဆောင်ပြီး စစ်တိုက်ထွက်ခဲ့တဲ့ ကာတွန်းဇာတ်ကားလေးဟာ ၂၀၂၀ ပြည့်နှစ် မတ်လ ၂၁ ရက်နေ့မှာပဲ Live-action အဖြစ် ကြည့်ရှုခံစားကြရတော့မှာ ဖြစ်ပါတယ်။ ပထမ Mulan ရုပ်ရှင်ဟာ ၁၉၉၈ခုနှစ်မှာ စတင်ပြသခဲ့တာဖြစ်ပြီး Mulan Live-action မှာ Disney ရဲ့ အခြား Live-action တွေပုံစံအတိုင်း နောက်ခံသီချင်းတွေ ပါဝင်မှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။
(၄) Snow White
ဒီ Snow Live-action ရုပ်ရှင်ကို ပြန်လည် ရိုက်ကူးတဲ့အခါ စနိုးဝှိုက်နဲ့ လူပုလေး ၇ ယောက် ကာတွန်းရုပ်ရှင် ဇာတ်လမ်းနဲ့ လုံးဝ ဆင်တူမှာ မဟုတ်ဘဲ စနိုးဝှိုက်ရဲ့ညီမဖြစ်သူ Rose Red အကြောင်းကို ပါဝင်ထည့်သွင်းရိုက်ကူးမှာ ဖြစ်တယ်လို့ သိရပါတယ်။
(၅) Peter Pan
Peter Pan Live-action ကိုတော့ ၁၉၉၁ ခုနှစ်၊ ၂၀၀၃ ခုနှစ်နဲ့ ၂၀၀၄ ခုနှစ် Version တွေကို တစုတစည်းတည်း စုပေါင်းပြီး ပြန်လည် ရိုက်ကူးမှာဖြစ်တယ်လု့ိ သိရပါတယ်။
Ref. time.com
You may also like these stories:
သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်အရ ဦးနှောက်စွမ်းဆောင်ရည်ကို မြင့်တက်စေတဲ့ ဝါသနာများ
Game of Thrones ဇာတ်လမ်းတွဲထဲကTyrion Lannister နဲ့တူလွန်းတဲ့ စားပွဲထိုး
DJI ဒရုန်းအသစ်တွေမှာ လေယာဉ် နီးကပ်လာရင် သတိပေးမယ့် ဆန်ဆာများ ပါဝင်လာမည်
The post Disney ကုမ္ပဏီကနေ ဆက်လက် ထွက်ရှိလာမယ့် Live-action ရုပ်ရှင်များ appeared first on ဧရာဝတီ.