Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ဧည့်သည်”ဇာတ်ကားနဲ့ ပတ်သက်ပြီး ပရိသတ် အားမပေးမှာ စိုးရိမ်နေတဲ့ ရွှေထူး 

$
0
0

မကြာခင် ရုံတင်ပြသတော့မယ့် “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးမှာ ခေါင်းဆောင် မင်းသားအနေနဲ့ ပါဝင်ထားတဲ့ ရွှေထူးက ပရိသတ်တွေ အားမပေးမှာကို စိုးရိမ်တယ်လို့ ဆိုပါတယ်။

“ပထမဆုံး ခေါင်းဆောင်မင်းသား အနေနဲ့ ရိုက်ရတဲ့ကား ဆိုတော့ တာဝန်လည်း ကြီးတယ်။ ဒီအထဲမှာ လုပ်ရတဲ့ သရုပ်ဆောင်ချက်တွေကလည်း ပိုပြီးခက်ခဲတယ်လို့ ခံစားရတယ်။ ပရိသတ်တွေ အားမပေးမှာကိုတော့ အဓိက စိုးရိမ်ပါတယ်”လို့ ရွှေထူးက ပြောပါတယ်။ ဆက်လက်ပြီး ရွှေထူးက သူ့ရဲ့ အနုပညာ လှုပ်ရှားမှု၊ ကြိုးစားမှုကို လာကြည့်ပြီး အားပေးစေချင်တယ်လို့လည်း ဆိုပါတယ်။

“ကျနော်ရဲ့ အနုပညာလှုပ်ရှားမှု၊ ကြိုးစားမှုကို လာကြည့်ပြီး အားပေးစေချင်ပါတယ်။ စိုးရိမ်တာက အိုက်တင်ပေါ့။ ကျနော် ဘယ်သင်တန်းဆင်းမှ မဟုတ်ဘူး။ ဘယ်သူ့ တပည့်မှလည်း မဟုတ်ဘူး။ ကျနော်ကို ပထမဆုံး စသင်ပေးတာ ကိုသားညီ၊ နောက်ကိုယ်နဲ့ ရိုက်ကူးဖူးတဲ့ သူတွေကပဲ အိုက်တင်တွေ သင်ပေးတယ်။ ဒီကားမှာဆို ဦးညီ သင်ပေးတယ်။ ဒီကားမှာ ကျနော်ကောင်းတယ် ဆိုခဲ့ရင်တောင် ဦးညီ၊ ကိုဖြိုး၊ ရွှေမှုံတို့ကြောင့် အိုက်တင်တွေက ကောင်းတာပါ”လို့ ရွှေထူးက ပြောပါတယ်။

အဆိုတော် တယောက်အနေနဲ့ သရုပ်ဆောင်ရတာ စိတ်ခံစားမှု ကွာခြားတဲ့အပိုင်းကိုလည်း ရွှေထူးက အခုလိုပဲ ပြောပါတယ်။

“အဆိုတော်တယောက် အနေနဲ့ သရုပ်ဆောင်တယောက်အနေနဲ့ ခံစားမှု နှစ်ခုကတော့ အရမ်းကွာတယ်။ အခွေကတော့ ကိုယ်ပိုင်နိုင်တဲ့ အပိုင်းကနေလုပ်ရတော့ စိုးရိမ်မှု နည်းနည်းလျော့တာပေါ့။ ရုပ်ရှင်ကတော့ ကိုယ့်ထက် တော်တဲ့၊ တတ်တဲ့သူတွေ အများကြီးလေ။ ကိုယ်က အားလုံးသင်ပြပေးမှု ကြောင့်သာ သရုပ်ဆောင်လုပ်လာတာ ဆိုတော့ ကျနော်ကို ဒီလိုမျိုး အခွင့်ရေးပေးတဲ့  7th Sense Creation ကို ကျေးဇူးတင်ပါတယ်” လို့ ရွှေထူးက ဆိုပါတယ်။

ရွှေထူးရဲ့ ဇနီးဖြစ်သူ ရွှေမှုံရတီက “ဧည့်သည်” ဇာတ်ကားမှာ အိုက်တင်ပိုင်းကို ပြောင်းလဲ သရုပ်ဆောင် ထားတာကြောင့် ပရိသတ်တွေ ကြိုက်လိမ့်မယ်လို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

“ဧည့်သည် ဇာတ်ကားနဲ့ ပတ်သက်ပြီး အဓိက ကိုရွှေထူးအတွက် ရင်ခုန်ပါတယ်။ သဲအတွက်ကတော့ အိုက်တင် ဆန်းဆန်းပြားပြား ကြိုးစားထားတာတွေလည်း ရှိတော့ သဲအနေနဲ့ အိုက်တင်ကို အသစ်အနေနဲ့ ကြိုးစားထားတယ်။ လိုအပ်တာလေးတွေ ရှိမှာကိုတော့ နည်းနည်းစိတ်ပူပါတယ်။ ကာရိုက်တာ ပီပြင်အောင် အဓိက သဘာဝ ပိုပြီး ဆန်တာကို လုပ်ချင်တာပေါ့”

“အိုက်တင်အတွက် ထိုင်းကားလေးတွေ ကြည့်ဖြစ်တော့ သူတို့အိုက်တင်တွေက ပါးပါးလေးတွေ အရမ်း ချစ်ဖို့ ကောင်းတယ်။ သူတို့လောက် မမှီရင်တောင် အကောင်းဆုံးဖြစ်အောင် ကြိုးစားကြည့်ချင်တယ်။ အဲ့ဒါကြောင့် သဲ လိုအပ်တာလေးတွေ ထပ်ဖြည့်ပြီး လိုတိုးပိုလျှော့ပေါ့။ ပရိသတ် ကြိုက်လိမ့်မယ်လို့တော့ မျှော်လင့်ပါတယ်။ အိုဗာတင်းတော့ မလုပ်ထားပါဘူး”လို့ ရွှေမှုံရတီက ပြောပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ မေလ ၃၀ ရက်နေ့က စပြီး မြန်မာတနိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဇာတ်ကားထဲမှာ ရွှေထူး သီဆိုထားတဲ့ သီချင်း ၇ ပုဒ်ခန့် ပါဝင်တယ်လို့ သိရပါတယ်။

You may also like these stories:

ဂျိမ်းစ်ဘွန်းရုပ်ရှင် ရိုက်ကွင်းမှာ ရခဲ့တဲ့ ခြေကျင်းဝတ် ဒဏ်ရာကို Daniel Craig ခွဲစိတ်ကုသမှု ခံယူမည်

မကြာမီထွက်ရှိလာမည့် ရုပ်ရှင်တွင် “ ဂေးစူပါဟီးရိုး” ပါဝင်လာမည်ဟု Russo Brothers အတည်ပြု

သူ့ထက် အသက် ၁၇ နှစ်ငယ်တဲ့ အစီအစဉ် တင်ဆက်သူနဲ့ ချစ်သူ ဖြစ်နေတဲ့ မင်းသား ဆိုဂျီဆပ်

ချစ်သူ Travel Blogger အတွက် ခရီးသွားပုံတွေ ရိုက်ပေးနေတဲ့ အဆိုတော် နေဝင်း

The post “ဧည့်သည်” ဇာတ်ကားနဲ့ ပတ်သက်ပြီး ပရိသတ် အားမပေးမှာ စိုးရိမ်နေတဲ့ ရွှေထူး  appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...