သရုပ်ဆောင်လောကကို တခေတ်တည်း အတူတူ ရောက်လာခဲ့ကြတဲ့ သရုပ်ဆောင် ဖြိုးငွေစိုးနဲ့ သားညီတို့က အနုပညာလောကထဲ ကျင်လည်တာ သက်တမ်းကြာမြင့်နေကြသူ နှစ်ဦးလည်း ဖြစ်ပါတယ်။ သူငယ်ချင်းဖြစ်သူ ဖြိုးငွေစိုးရဲ့ မကြာခင်မှာ ရုံတင်ပြသတော့မယ့် “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်ထားမှုအပေါ် သားညီက အမူအရာ ပိုကောင်းလာတယ်လို့ ချီးကျူးစကားပြောခဲ့ပါတယ်။
“အဓိကက ဖြိုးငွေစိုးကို ကြည့်ချင်တာလည်းပါတယ်။ ဖြိုးငွေစိုးဆိုတာ သူငယ်ချင်းဗျာ။ သူ့ကို ဟိုးအရင်ကတည်းက ဖြစ်စေချင်ခဲ့တာ။ သူငယ်ချင်း အချင်းချင်းပြောရရင် ဖြိုးငွေစိုးက အခုမှ အမူအရာ ကောင်းလာတဲ့ သရုပ်ဆောင် တယောက်လို့ ယူဆလို့ရတယ်။ ကျနော်တို့တုန်းက ပေါ့ပေါ့ပါးပါး ဖြတ်သန်းခဲ့တာ။ အခုချိန်မှာ ကိုဖြိုးရဲ့အိုက်တင်တွေ အရမ်းမိုက်လာတယ်။ ဒီကားမှာ သူ့ကိုကြည့်ချင်တာလည်းပါတယ်” လို့ သားညီက ပြောပါတယ်။
ဖြိုးငွေစိုးကတော့ အဆိုပါ “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားထဲမှာ ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင်သော်လည်း ယခင်ကသရုပ်ဆောင်ခဲ့တဲ့ ပုံစံများနဲ့ကွဲထွက်တဲ့ ပုံစံမျိုးနဲ့မြင်တွေ့ရမှာဖြစ်ပြီး ဇာတ်ကား နမူနာမှာပင် ပရိသတ်များက သဘောကျ နှစ်သက်လျက် ရှိပါတယ်။
သားညီအနေနဲ့လည်း ဒီကားထဲမှာ ပါဝင်တဲ့မင်းသားများကတော့ ဖြိုးငွေစိုးက သူ့ရဲ့သူငယ်ချင်းဖြစ်ပြီး ရွှေထူးကတော့ ရွှေထူးရဲ့ပထမဆုံးဇာတ်ကားမှာ သားညီက ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့တာဖြစ်တာကြောင့် နှစ်ယောက်လုံးရဲ့ သရုပ်ဆောင်မှုများကို စိတ်ဝင်စားလျက်ရှိတယ်လို့ ဆိုပါတယ်။
“ရွှေထူးနဲ့ ဖြိုးငွေစိုးရဲ့ အဆုံခန်းတွေကို ကြည့်ချင်တာ။ တယောက်က စီနီယာ ဝါရင့်အမိုက်စား နောက်တယောက်က လူငယ်ခြေတက် အဲဒီ နှစ်ယောက်ရဲ့အဆုံကို အရမ်းစိတ်ဝင်စားတယ်” လို့ သားညီက ပြောပါတယ်။
သားညီဟာ ရွှေထူးရဲ့ ပထမဆုံးသရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား “ပက်ပက်စက်စက် ညှို့” မှာ ဒါရိုက်တာအဖြစ် ရိုက်ကူးထားတာဖြစ်တဲ့အတွက် ယခု ရွှေထူး ခေါင်းဆောင်အဖြစ် ပါဝင်ထားတဲ့အပေါ် သားညီက သူ့ရဲ့အမြင်ကိုလည်း အခုလို ပြောပြခဲ့ပါတယ်။
“လူ့ဘဝက ပြောင်းလဲနေတာပဲလေ။ ကျနော်နဲ့ စရိုက်ကတည်းက သူ့မှာ Talent ရှိတယ်။ အရည်အချင်း ရှိတယ်။ ကျနော်လိုချင်တဲ့ ဇာတ်ကောင်စရိုက်ကို ၈၀ ရာခိုင်နှုန်းရအောင် လုပ်ပေးခဲ့တယ်။ အခုနောက်တကား ထပ်ရိုက်တယ်။ တာဝန်ကြီးသွားပြီ။ ခေါင်းဆောင်ကား ဖြစ်သွားပြီ။ ပထမကားမှာက ကိုနေတိုးပါသေးတယ်။ နမူနာကြည့်ရသလောက် ဒါရိုက်တာလိုချင်တဲ့ အမူအရာကို ကွက်တိ လုပ်နိုင်ခဲ့တယ်လို့ ထင်တယ်” လို့ သားညီက ပြောပါတယ်။
သားညီကတော့ ယခုနောက်ပိုင်းတွင် သရုပ်ဆောင်တယောက်အနေနဲ့ တွေ့ရတာနည်းပါးလာခဲ့ပြီး ဒါရိုက်တာတယောက် အနေနဲ့ ရုပ်ရှင်ဇာတ်ကားများ ၊ ဇာတ်လမ်းတွဲများစွာကို ရိုက်ကူးလျက် ရှိပါတယ်။
You may also like these stories:
ဟာသ သရုပ်ဆောင် ကစ်ကစ်ရဲ့ လက်ရှိ ကျန်းမာရေးအခြေအနေကို ပြောပြတဲ့ ခင်သဇင်
ကိုယ်ပိုင်သံစဉ် တေးသီချင်းများနဲ့ ဖျော်ဖြေသွားမယ့် “ရွှေနှလုံးသားဂီတည” ဖျော်ဖြေပွဲ
ဒါရိုက်တာ Zhang Yimou ရဲ့ကျေးဇူးကြောင့် ကမ္ဘာကျော်ရုပ်ရှင်မှာ ပါဝင်ခွင့်ရတာလို့ ကျန်ဇီယီ ပြော
မွေးနေ့မှာ မိဘမဲ့ကလေးတွေအတွက် ကစားကွင်းလုပ်ပေးခဲ့တဲ့ အလှမယ်မိုးစက်ဝိုင်
The post “ဖြိုးငွေစိုးက သရုပ်ဆောင် အမူအရာ ပိုကောင်းလာတယ်”လို့ သားညီပြော appeared first on ဧရာဝတီ.