Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“အပေးအယူ”ရုပ်ရှင်ရိုက်ရင်း ဒူးကွဲသွားလို့ ဆက်မရိုက်ဖြစ်တော့ဘူးလို့ ထက်ထက်ထွန်း ပြော 

$
0
0

လတ်တလော ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) ရိုက်ကူးနေတဲ့ “အပေးအယူ” ရုပ်ရှင်ဇာတ်ကားမှာ ရဲမေနေရာကနေ ပါဝင်သရုပ်ဆောင်ထားတဲ့ ထက်ထက်ထွန်းက ဇာတ်ကားရိုက်ရင်း ဒူးခေါင်းဒဏ်ရာ ရရှိခဲ့ပြီး ၃ ချက်ချုပ်လိုက်ရတာကြောင့် ဇာတ်ကား ဆက်မရိုက်ဖြစ်တော့ဘူးလို့ သိရပါတယ်။ ဒဏ်ရာ ရရှိခဲ့တဲ့ အကြောင်း အလှမယ် ထက်ထက်ထွန်းက ဧရာဝတီကို အခုလို ပြောပါတယ်။

“အပေးအယူ ဇာတ်ကားမှာ ရဲအရာရှိ တယောက်အနေနဲ့ ပါတာဖြစ်တဲ့ အတွက် လူဆိုးကို ပြေးပြီး ဖမ်းတဲ့ အခန်းမှာ မြောင်းကိုကျော်ပြီး ဟိုဘက်ကမ်းကို သွားဖမ်းတဲ့ အခန်းကို ရိုက်တာ။ ခြေကချော်ပြီး အကျမတော် ဖြစ်သွားတာပေါ့။ ဒူးကွဲ သွားတယ်။ ခေါင်းတော့ မထိဘူး။ တော်သေးတယ်။ ဒဏ်ရာကတော့ အရိုးတော့ မထိဘူး။ အသားပြဲသွားပြီး ၃ ချက် ချုုပ်လိုက်ရတယ်။ တပတ်တော့ နားရမယ်”

“ထက် ဒီကားကို ဆက်မရိုက်နိုင်တော့ဘူး။ အရင်ရိုက်ပြီးသားတွေလည်း ဖြတ်မယ်။ နောက်ပိုင်းကလည်း အလှုပ်အရှားတွေ များတော့ မရိုက်ဖြစ်တော့တာပါ။ နောက်တယောက် လူစားထိုး ရိုက်သွားမှာပါ။ မနက်ဖြန်တော့ ရန်ကုန် ပြန်လာမှာပါ”လို့ အလှမယ် ထက်ထက်ထွန်းက ဧရာဝတီကို ပြောပါတယ်။

ရိုက်ကွင်းမှာ လူကြမ်းသရုပ်ဆောင်တွေရဲ့ ကာကွယ်ပေးမှုကြောင့် ခန္ဓာကိုယ်ရဲ့ အခြားနေရာတွေ ဒဏ်ရာ မရတဲ့အပေါ် လူကြမ်းတွေကို ကျေးဇူးတင်တယ်လို့ ထက်ထက်ထွန်းက ပြောပါတယ်။

“ထက် ဇာတ်ကားရိုက်နေတုန်းကလည်း အနီးကပ် ပင်ပန်းခံပြီး အက်ရှင်တွေ သင်ပြပေးတဲ့ လူကြမ်းသရုပ်ဆောင် အစ်ကိုကြီးတွေ၊ ဖြစ်ဖြစ်ချင်းလည်း သူတို့တွေက သယ်ပေးပြီး ကားပေါ်တင်ပေးတယ်။ ဆေးရုံလိုက်ပို့ ပေးတယ်။ နောက်သူတို့တွေ သေချာလေး ကာကွယ်ပေးလို့သာ အခြားနေရာတွေ ဒဏ်ရာ မရတာပေါ့။ အကုန်လုံးကိုလည်း ကျေးဇူးတင်ပါတယ်”

“တခါတုန်းက ဇာတ်လမ်းတွဲရိုက်တုန်းကလည်း ရေစီးတဲ့လမ်းကြောင်း ထဲပါသွားဖူးတယ်။ အဖွဲ့ထဲက အစ်ကိုကြီးက သူပါ ရေနစ်ခံပြီး ထက်ကို ကယ်ခဲ့တာ ကံကောင်းလို့ မသေတာပေါ့။ စက်အဖွဲ့ လူကြမ်းတွေနဲ့ အမှတ်တရတွေ များတယ်”လို့ ထက်ထက်ထွန်းက ဆိုပါတယ်။

“အဲ့အတွက် သူတို့ကိုတော့ ငါ့ကို ဒါလုပ်ပေးလို့ သူ့ကို ဒါလုပ်ပေးရမယ်ဆိုတဲ့ အပေးအယူ ပုံစံမျိုးတော့ မရှိဘူး။ ဇာတ်ကားပြီးသွားရင် ထက် အနုပညာကြေး ဘယ်လောက် ရသည် ဖြစ်စေ သူတို့ကို တန်းစီပြီး မုန့်ဖိုး ပေးတယ်။ ထက် ရိုက်ရတဲ့ ကားတိုင်းကို သူတို့ကို ပေးတာ။ ဒီကားမှာလည်း ပေးမှာကို သူတို့က စိတ်မကောင်း ဖြစ်နေကြတယ်။ ဒီကားမှာလည်း ဆက်မပါတော့တာ မလုပ်ပါနဲ့ဆိုပြီး ပြောနေကြတာ။ ရုပ်ရှင်ပြီးရင် အားလုံးကို မုန့်ဖိုးပေးတာ အကျင့်ဖြစ်နေပြီ။ အဲ့ပျော်ရွှင်မှုက ကားတကားပြီးတိုင်း ထက် ရတဲ့ ပျော်ရွှင်မှုပေါ့” လို့ ထက်ထက်ထွန်းက ဆိုပါတယ်။

အလှမယ် ထက်ထက်ထွန်းဟာ Miss Universe Myanmar 2016 ကိုယ်စားပြု အလှမယ် တဦးဖြစ်ပြီး Miss Universe ပြိုင်ပွဲကြီးတွင် National Costume ဆုကို မြန်မာနိုင်ငံအတွက် ယူဆောင်ပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စည်ပင်ရွေးကောက်ပွဲမှာလည်း ထက်ထက်ထွန်းဟာ လသာ မဲဆန္ဒနယ်ကနေ တသီးပုဂ္ဂလ အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသေးတယ်။

You may also like these stories:

ဝတ်လစ်စလစ်သရဲအဖြစ် သရုပ်ဆောင်မယ့် အလှမယ်ရွှေအိမ်စည်

“ထိုက်တန်လို့ပေးတဲ့ မဲမျိုးရဖို့အတွက် ကြိုးစားနေတယ်”လို့ ထက်ထက်ထွန်း ပြော

“ဧည့်သည်” ဇာတ်ကားမှာ ဧည့်သည် သရုပ်ဆောင်အဖြစ် ပါဝင်ထားတဲ့ ဖြိုးငွေစိုး

“ဟစ်တိုင်” ဇာတ်ကားမှာ တချို့က သရုပ်ဆောင်အသစ်မှန်း မသိကြဘူးလို့ စဝ်ယွန်းဝတီဦး ပြော

The post “အပေးအယူ” ရုပ်ရှင်ရိုက်ရင်း ဒူးကွဲသွားလို့ ဆက်မရိုက်ဖြစ်တော့ဘူးလို့ ထက်ထက်ထွန်း ပြော  appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...