Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Indiana Jones အဖြစ် ဘယ်သူ့ကိုမှ အစားမထိုးနိုင်ကြောင်း မင်းသားကြီး Harrison Ford ပြော

$
0
0

ရုပ်ရှင်ချစ်ပရိသတ်တွေကတော့ မင်းသားကြီး Harrison Ford ဟာ Indiana Jones ဖြစ်တယ်။ Indiana Jones ဟာလည်း မင်းသားကြီး Harrison Ford ဖြစ်တယ်လို့ ဆိုကြပါတယ်။

၁၉၈၁ ခုနှစ်က “Raiders of The Lost Ark” ရုပ်ရှင်မှာ စိတ်ကူးယဉ် ရှေးဟောင်းသုတေသနပညာရှင်အဖြစ် သရုပ်ဆောင်ခဲ့ တဲ့ အသက် ၇၆ နှစ်အရွယ် မင်းသားကြီးက သူအဲ့ဒီဇာတ်ရုပ်မှာ နောင်တချိန်သရုပ်မဆောင်နိုင် တော့ရင်တောင် ဘယ်သူ့ကိုမှ အဲ့ဒီနေရာမှာ အစားမထိုးနိုင်ဘူးလို့ ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့တုန်းက NBC ရုပ်သံလိုင်းရဲ့ “Today” ဆိုတဲ့အစီအစဉ်မှာ မင်းသားကြီးရဲ့ ရုပ်ရှင်အသစ် “The Secret Life of Pets 2” နဲ့ပတ်သက်လို့ ပြောဆိုခဲ့ကြတဲ့အခါ တချိန် မင်းသားကြီးအနေနဲ့ Indiana Jones အနေနဲ့ သရုပ်မဆောင်နိုင်တော့တဲ့အခါ အနာဂတ်ရုပ်ရှင်တွေမှာ အဲ့ဒီနေရာကို ဘယ်သူနဲ့ အစားထိုးသင့်လဲလို့ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

အရင်ကာလတုန်းကတော့ မင်းသား Chris Pratt က ပြန်လည်ရိုက်ကူးမယ့် Indiana Jones ရုပ်ရှင်တွေမှာ ပါဝင်လာ မယ်လို့ ကောလာဟလထွက်ပေါ်ခဲ့ဖူးပါတယ်။ အဲ့ဒီသတင်းတွေနဲ့ ပတ်သက်လို့ကတော့ မင်းသားကြီး Ford ဟာ “Guardians of the Galaxy” ရုပ်ရှင်မင်းသား Chris Pratt နဲ့ နောက်ထပ်ဟောလိဝုဒ်မင်းသား Chris Pine ကို ရောနေပုံရပါတယ်။

သူက “ဒီဟာကို Chris Pine အတွက်လို့ ပြောရမှာမဖြစ်နိုင်ပါဘူး။ တောင်းပန်ပါတယ်” လို့ပြောခဲ့ပါတယ်။ အဲ့ဒီအခါ စတူဒီယိုထဲမှာ ရှိတဲ့သူတွေက တော်တော်လေးကို ရယ်မောခဲ့ကြရပါတယ်။

၂၀၀၈ ခုနှစ်တုန်းက “Indiana Jones and the Kingdom of the Crystal Skull” ရုပ်ရှင်မှာ မင်းသား Shia LaBeouf ရဲ့ Mutt Williams ရဲ့ဇာတ်ကောင်ကို စတင်မိတ်ဆက်တဲ့အချိန်တုန်းက သူ့ရဲ့ ကမ္ဘာကျော် ဇာတ်ကောင်နေရာကို တခြားသူကို လွှဲပေးဖို့ ကိစ္စငြင်းဆိုခဲ့ပါတယ်။

ဇာတ်ကောင် Mutt ကို Indiana Jones အဖြစ် ပြောင်းရိုက်မယ့်အကြောင်း ၂၀၁၀ခုနှစ်တုန်းက Time မဂ္ဂဇင်းကို ပြောကြားရာမှာတော့ “ဘာတွေ လာပြောနေတာလဲ။ အဲ့ဒါကျနော့်ဟာဗျ” လို့ဆိုပါတယ်။ သူက “ကျနော်က နောက်ထပ် Indiana Jones ရုပ်ရှင်ရိုက်ချင်ပါတယ်။ George Lucas ကလည်း အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ အခုဆောင်ရွက်နေပါပြီ။ မင်းသား Shia က သူ့ရဲ့ကိုယ်ပိုင်ဇာတ်ကောင်ကိုရမှာပါ။ အဲ့ဒီဇာတ်ကောင်ကို ကျနော်ပေးမှာပါ” လို့ ဆိုပါတယ်။

အဲ့ဒီ ရုပ်ရှင်လေးကားလုံးကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကြီး Steven Spielberg ကတော့ “Indiana Jones V” ရုပ်ရှင်ရှိလာနိုင်ပြီး မင်းသားကြီး Ford က မူလဇာတ်ရုပ်မှာ ပါဝင်လာမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲ့ဒီရုပ်ရှင်အတွက် ပြင်ဆင်နေကြတာတော်တော်လေးတော့ ကြာနေပါပြီ။

၂၀၁၅ ခုနှစ်မှာ ဒါရိုက်တာကြီး ရဲ့အဆိုအရ Indiana Jones နေရာမှာ ဘယ်သူ့ကိုမှအစားထိုးရိုက်မှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။ သူက “Indy (Indiana Jones) အနေနဲ့ Harrison နေရာမှာ တယောက်ယောက်ကို အစားထိုးနိုင်လိမ့် မယ်လို့ မထင်ပါဘူး။ အဲ့ဒါဖြစ်လာလိမ့်မယ်လို့လည်း ကျနော်မထင်ပါဘူး”

“ပင့်ကူလူသားနဲ့ လင်းနို့လူသားအဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသားတွေ အများကြီးရှိခဲ့ပေမယ့် သူ့နေရာမှာ တခြားသရုပ်ဆောင်တယောက်ကို ထည့်ရိုက်ဖို့ဆိုတာ ကျနော့်ဦးတည်ချက်မဟုတ်ပါဘူး။ Indiana Jones အဖြစ် သရုပ်ဆောင်မယ့် မင်းသားတယောက်ပဲ ရှိပါတယ်။ အဲ့ဒါ Harrison Ford ပါပဲ” လို့ဆိုပါတယ်။

You may also like these stories:

“Avengers: Endgame” အတွက် သရုပ်ဆောင်ကြေး ဒေါ်လာ ၇၅ သန်းထက် ပိုရမယ့် Robert Downey Jr.

ဂျက်ကီချန်း နဲ့ Chris Tucker တို့ပါဝင်မယ့် “Rush Hour 4” ရုပ်ရှင် ရိုက်ကူးနိုင်ချေရှိ

ရုပ်ရှင်ကားသစ်တခုမှာ အတူတွဲသရုပ်ဆောင်မယ့် Chris Hemsworth နဲ့ Dwayne Johnson

Star Wars ရုပ်ရှင်မှာ Harrison Ford ဝတ်ဆင်ခဲ့တဲ့ ဂျာကင် လေလံတင် ရောင်းချနိုင်ခဲ့ခြင်း မရှိ

The post Indiana Jones အဖြစ် ဘယ်သူ့ကိုမှ အစားမထိုးနိုင်ကြောင်း မင်းသားကြီး Harrison Ford ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...