Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“စရိုက်” ရုပ်ရှင်ကားရဲ့ သရုပ်ဆောင်မှုအပိုင်းကို ကျေနပ်မှုရှိတယ်လို့ ခိုင်သင်းကြည် ပြော

$
0
0

“စရိုက်” ဇာတ်ကားထဲက ဘဲဥမဆိုတဲ့ စရိုက်ကြမ်းတမ်းတဲ့ ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်ခိုင်သင်းကြည်က ဒီကားကိုကြည့်ပြီး ကျေနပ်အားရမှုရှိတယ်လို့ဆိုပါတယ်။

“ မခိုင် ရဲ့ “စရိုက်”ကားလေးကို ထွေလာလေးတွေကြည့်ပြီးတော့ အရမ်းအားပေးကြတယ်။ ဘဲဥမဆိုပြီးတော့လည်း ပရိသတ်တွေက ချစ်ပြီး အားပေးကြတဲ့ အတွက် အရမ်းလည်း ပျော်ပါတယ်။ မခိုင်ကိုယ်တိုင်လည်း ရုံတင်စေချင်တယ်။ မခိုင်ပရိသတ်တွေကလည်း ရုံတင်စေချင်နေတဲ့ ကားကြီးရုံပေါ်ရောက်ပါပြီ”

“ မခိုင်ဘယ်လောက် စရိုက်ကျထားတယ်ဆိုတာ အားပေးစေချင်ပါတယ်။ အခက်အခဲကတော့ မခိုင်အနေနဲ့ နပန်းလုံးတဲ့ အခန်းတွေ ခက်ခဲတယ်။ အန်တီဝါရိုက်ခဲ့တုန်းက အန်တီဝါ အမေကတော့ ရိုးရိုးအေးအေး ပေါ့။ အခုတော့ အမေရော သမီးရော ကြမ်းတဲ့ ဇာတ်ပေါ့။ မခိုင်ဒီကားလေးကိုကြည့်ပြီး ကျေနပ်အားရမှုရှိတယ်။ မခိုင်ကျေနပ်သလို ပရိသတ်တွေလည်း ကြိုက်ကြမှာပါ” လို့ သရုပ်ဆောင် ခိုင်သင်းကြည်က စရိုက်ကားနဲ့ ပတ်သက်လို့ အခုလိုဆိုပါတယ်။

ဒီဇာတ်ကားမှာ ပါဝင်တဲ့ သရုပ်ဆောင် ကျော်ထက်အောင်နဲ့ ရိုက်ကူးမှုအပိုင်းနဲ့ ပတ်သက်လို့လည်း အခုလိုဆိုပါတယ်။

“ကျော်ထက်အောင်နဲ့ “သူငယ်” ကားမှာ ဆုံတုန်းကတော့ သိပ်မရင်းသေးတော့ ကိုယ့်ကို ရှိန်တဲ့ သဘောတော့ ရှိတာပေါ့။ စရိုက်မှာတော့ သိပ်တောင်မပြောပြရဘူး။ ကျော်ထက်အောင်ကအလုပ်ကို အရမ်းကြိုးစားပြီးလုပ်တဲ့ လူငယ်တယောက်ပါ။ မခိုင် Tik tok လုပ်တာတွေဝင်ကြည့်တော့ ပရိသတ်တွေက လိုက်ပြီးလုပ်ကြတယ်။ မခိုင်ကားလေးတွေထွက်ရင် မခိုင်ကာရိုက်တာလေးတွေကို Tik tokလေးတွေ ထွက်တယ်ပေါ့၊ အဲ့အတွက် လိုက်လုပ်တဲ့ ပရိသတ်တွေကို လည်း ကျေးဇူးတင်ပါတယ်” လို့ ခိုင်သင်းကြည်က ပြောပါတယ်။

အောင်မြင်ပြီးသားကားကို ပြန်ရိုက်ရာမှာ အရမ်းကွာမသွားအောင်ရိုက်ဖို့ ကိုယ့်မှာ တာဝန်ရှိတယ်လို့ဆိုတဲ့ ခိုင်သင်းကြည်က အရင် “စရိုက်” ရုပ်ရှင်ကားရဲ့ သရုပ်ဆောင် မင်းသမီးကြီးသရုပ်ဆောင်ဝါဝါဝင်းရွှေရဲ့ ချီးကျူးစကား ပြောခံရတာကြောင့် အရမ်းဝမ်းသာတယ်လို့ဆိုပါတယ်။

“ အန်တီဝါတုန်းကလည်း ဘဲဥမဆိုပြီးကျန်ခဲ့တယ်။ ဒီကားမှာလည်း ဘဲဥမလို့ မခိုင်ကို သိကြတော့ အရမ်းဝမ်းသာတာပေါ့။ အောင်မြင်ပြီးသားကားနဲ့ အရမ်းကွာမသွားအောင်ရိုက်ဖို့ ကိုယ့်မှာ တာဝန်ရှိတာပေါ့။ အခုကျတော့လည်း ဒါရိုက်တာတို့ ဇာတ်ညွှန်းတို့ကတော်တော့ အရင်ကားလေးကို ဖျက်ဆီးသိလိုတော့ မဖြစ်သွားဖူးပေါ့”

“ အန်တီဝါကားတွေတော့ မကြည့်လိုက်ရဘူး။ ဒီကားဆိုလည်း မကြည့်ဘူးသေးတော့ အရမ်းကြည့်ချင်တယ်။ ကိုယ်ရိုက်ခဲ့တဲ့ ကားလေးကို အန်တီဝါ ဘယ်လို သရုပ်ဆောင်ထားတာလည်း ဆိုပြီးအရမ်းပြန်ကြည့်ချင်တယ်။ အန်တီဝါလို ဝါရင့် သရုပ်ဆောင်တယောက်က မခိုင်ကို ချီးကျူးစကားပြောတာ အရမ်းကို ဝမ်းသာတယ်။ ကျေးဇူးလည်းတင်ပါတယ် ”လို့ ခိုင်သင်းကြည်က ပြောပါတယ်။

ခိုင်သင်းကြည်ဟာ အနုပညာသက်တမ်း နှစ် ၂၀ ကျော်လို့ နှစ် ၃၀ ကိုရောက်ရှိတော့မှာပါ။ သူမ သရုပ်ဆောင်ထားတဲ့ “စရိုက်” ရုပ်ရှင်ဇာတ်ကားကိုလည်း မေ ၃၀ ရက်မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

You may also like these stories:

အိမ်ထောင်ကျပြီးနောက်ပိုင်း ပိုပြီး တည်ငြိမ် ရင့်ကျက်လာတဲ့ သရုပ်ဆောင် ရွှေမှုံရတီ

ဆရာယုဒသန်ကွယ်လွန်ခြင်း ၁၆၉ နှစ်ပြည့်

“အချစ်က ကျနော်႔ကို စဖြတ်ခဲ့တာ”လို့ ချစ်သူဟောင်းအကြောင်း ပြောပြတဲ့ ဟိန်းကိုကိုကျော်

တေးရေး၊ တေးဆို စိုးလွင်လွင် အနှစ်၂၀ပြည့်အမှတ်တရလုပ်ဖို့ ကြိုးစားနေတဲ့ ဇနီး မဖြူဖြူ

The post “စရိုက်” ရုပ်ရှင်ကားရဲ့ သရုပ်ဆောင်မှုအပိုင်းကို ကျေနပ်မှုရှိတယ်လို့ ခိုင်သင်းကြည် ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...