Quantcast
Viewing all articles
Browse latest Browse all 7343

“စရိုက်”ရုပ်ရှင် ရိုက်ကူးစဉ်က အမှတ်တရတွေ ပြောပြတဲ့ ကျော်ထက်အောင်

“စရိုက်” ဇာတ်ကားမှာ မိတ်ကပ်တွေ အဝတ်အစားစုတ်တွေ ဝတ်ရတာအမှတ်တရဖြစ်ခဲ့တဲ့ ကျော်ထက်အောင်က ဒီဇာတ်ကားမှာ စပယ်ယာတင်မောင်ဝင်း ဖြစ်အောင်လည်းကြိုးစားထားတယ်လို့ဆိုပါတယ်။

“ စရိုက်ဇာတ်ကားထဲမှာ စပယ်ယာဇာတ်ရုပ်ကို သရုပ်ဆောင်ထားတာ ကလန်ကလားနဲ့ BM ကားမှာ စပယ်ယာလုပ်ရတော့ အဆင်တော့ မပြေဘူးပေါ့။ အထဲမှာ စီးရင်တောင်ကုန်းပြီးစီးရတာ။ အော်တာတွေက အဆင်မပြေဘူးပေါ့။ ကျနော်က Presenter အသံလေ။ ကြိုးစားပြီးလုပ်ရတာပေါ့။ ကွမ်းတွေလည်းစားရတာပေါ့။ ကွမ်းစားရတာ ကွမ်းပဲဆိုပြီးစားတာ ဆေးတွေ ထည့်ရတာ မသိဘူးလေ။ ပထမ စစားတော့ မူးတောင်မူးတယ်”

“ဒီကားမှာ တင်မောင်ဝင်း ဖြစ်ရဲ့လားဆိုတော့ ၁၀၀%ပေါ့။ ကိုယ့်ကိုယ်ကို ဂုဏ်ဖော်တာပေါ့။ တင်မောင်ဝင်းဖြစ်တယ်လို့ မြင်မိတယ်။ တင်မောင်ဝင်း ဖြစ်အောင်လည်းကြိုးစားထားပါတယ်။ ကျနော်ဒီကားမှာ အမှတ်တရတွေက မခိုင်လေး ကျနော်ဖောက်ပြန် လို့ ဆိုပြီး သနပ်ခါးတုံးနဲ့ တကယ်ရိုက်ရတာရယ်၊ နောက်ကျနော်က နံရံကို ထိုးလိုက်တာ လက်တွေပေါက်ပြဲကုန်တယ် ။ အဲ့ အခန်းကတော့ အမှတ်တရပေါ့”

” ကျနော်ဇာတ်ကားထဲမှာ ဘာမိတ်ကပ်မှလည်း မလိမ်းသလို အဝတ်စားအစုတ်တွေ ကိုဝတ်ထားတာတွေကလည်း အမှတ်တရပါပဲ ”လို့ သရုပ်ဆောင် ကျော်ထက်အောင်ကဆိုပါတယ်။

အရင်ဇာတ်ကားကို မကြည့်ဖူးဘူးဆိုတဲ့ ကျော်ထက်အောင်က လွန်ခဲ့တဲ့ ၂နှစ်က အရည်အချင်းကို ဝေဖန်စေချင်ပါတယ်လို့ဆိုပါတယ်။

“ဒီကားအရင်ကားလည်း ရိုက်ခဲ့တဲ့ ကား။ အဲ့ကားကို ကြည့်ပြီးအခု ကျနော်ကို ပြန်ကြည့်ရင်တော့ ကွာဟမှုတွေ ရှိမှာပါ။ ရှေ့တုန်းက ကားလည်း ကျနော်မကြည့်ဖူးဘူး။ သရုပ်ဆောင်တွေဘယ်လို သရုပ်ဆောင်သွားလည်း ကျနော်မသိဘူး။ သိထားတာက အဲ့အရင်က ကားထဲက ကိုတင်ဖေကပိုဆိုးတယ်။ ဇာတ်လမ်းကိုလည်း ကျောရိုးပဲယူထားတယ်။ ကွာဟမှုလေးတော့ရှိတယ်”

“မခိုင်လေး သင်ကြားပေးမှုတွေကြောင့် ကျနော်အိုက်တင်တွေ အရမ်းကောင်းတာပါ။ သရုပ်ဆောင်ကြီးတွေနဲ့ တွဲဖက်သရုပ်ဆောင်ရတဲ့အတွက် ပညာတွေ အရမ်းရပါတယ်။ လွန်ခဲ့တဲ့ ၂နှစ်က အရည်အချင်းကို ဝေဖန်စေချင်ပါတယ်”လို့ ကျော်ထက်အောင် ကဆိုပါတယ်။

ကျော်ထက်အောင်ကိုတော့ Myanmar Idolမှာ အစီအစဉ်တင်ဆက်သူတဦး အဖြစ်ဆောင်ရွက်ရာမှ ပရိသတ်တွေ အားပေးမှုရရှိခဲ့ပြီး နောက်ပိုင်း သရုပ်ဆာင် တဦးအဖြစ် ဇာတ်ကားများကို ဆက်တိုက်ရိုက်ကူးနေသူဖြစ်ပါတယ်။

ကျော်ထက်အောင်ပါဝင်ထားတဲ့ “စရိုက်” ဇာတ်ကားကြီးကိုတော့ မေလ၃၀ရက်နေ့မှာ မြန်မာတနိုင်ငံလုံးပြသတော့မှာ ဖြစ်ပါတယ်။

You may also like these stories:

ဒီနေ့အထိ မနက်စာဝယ်ကျွေးတာက အစ အမေပါပဲ လို့ဆိုလာတဲ့ ကျော်ထက်အောင်

အမျိုးသမီးတွေ တနှစ်ကို အလုပ်ထွက်ချင်စိတ် ၁၇ ခါလောက်ဖြစ်လေ့ရှိ

“ဟစ်တိုင်” ဇာတ်ကားမှာ တချို့က သရုပ်ဆောင်အသစ်မှန်း မသိကြဘူးလို့ စဝ်ယွန်းဝတီဦး ပြော

“ဧည့်သည်” ဇာတ်ကားမှာ ဧည့်သည် သရုပ်ဆောင်အဖြစ် ပါဝင်ထားတဲ့ ဖြိုးငွေစိုး

The post “စရိုက်” ရုပ်ရှင် ရိုက်ကူးစဉ်က အမှတ်တရတွေ ပြောပြတဲ့ ကျော်ထက်အောင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


သာလွန်မင်းလက်ထက် အမြင့်မင်းသားအရေးတော်ပုံ


စနေမင်း နှင့် တနင်္ဂနွေမင်း


မွတ်ကုလားကို အဖေ တော်လိုက်ကြပါ ကွယ်ရို့


ဆားပုလင်းနှင်းမောင်၏ နိဂုံး


TTA Oreo Gapp Installer


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်