Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ ဒေါ်လာ ၁၀၅ သန်းနဲ့ တာထွက်ကောင်းခဲ့တဲ့ “Aladdin”ရုပ်ရှင်

$
0
0

Disney ရဲ့ ကာတွန်းရုပ်ရှင်ကနေ လူသားသရုပ်ဆောင်တွေ ပါဝင်တဲ့ ရုပ်ရှင်အဖြစ် ပြောင်းလဲ ရိုက်ကူးထားတဲ့ “Aladdin” ရုပ်ရှင်ဟာ ဝေဖန်သူတွေ သိပ်အကြိုက် မတွေ့ခဲ့ကြပေမယ့် ရုပ်ရှင်ချစ်သူတွေကတော့ တော်တော်လေး ကြိုက်နှစ်သက်ခဲ့ကြတာကို တွေ့ရပါတယ်။ ၅ နှစ်အတွင်း Memorial Day ကာလမှာ ဝင်ငွေအများဆုံး ရရှိခဲ့တဲ့ ရုပ်ရှင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Variety မီဒီယာရဲ့ အဆိုအရ “Aladdin” ဟာ ၄ ရက်ရှိခဲ့တဲ့ Memorial Day သီတင်းပတ်ကုန်ပိုင်းမှာ ဒေါ်လာ ၁၀၅ သန်း ဝင်ငွေ ရရှိခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၁ ခုနှစ်တုန်းက ဝင်ငွေ ဒေါ်လာ ၁၀၃ ဒဿမ ၄ သန်း ရရှိခဲ့တဲ့ “The Hangover Part II” ရုပ်ရှင်ကို ကျော်တက်ပြီးတော့ Memorial Day အဖွင့်ပွဲစဉ်မှာ ဆဋ္ဌမမြောက် ဝင်ငွေအများဆုံး ရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။

“Aladdin” ရုပ်ရှင်ဟာ ကမ္ဘာတဝန်းမှာလည်း တော်တော်လေး ဝင်ငွေကောင်းခဲ့တာကိုတွေ့ရပါတယ်။ နိုင်ငံတကာ လက်မှတ်ရောင်းအားကတော့ ဒေါ်လာ ၁၂၁ သန်း ရရှိခဲ့တာကြောင့် စုစုပေါင်း ဝင်ငွေ ဒေါ်လာ ၂၃၆ သန်း ရရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒါဟာ မြောက်အမေရိကဒေသမှာ ဒေါ်လာ ၇၅ သန်းကနေ ၈၅ သန်းလောက်သာ ရမယ်လို့ ခန့်မှန်းထားခဲ့တာကြောင့် မှန်းထားတာထက် ကျော်လွန်ခဲ့တာကိုလည်း တွေ့ရပါတယ်။

Disney ဖြန့်ချိရေးအကြီးအကဲက “Aladdin ဟာ ကျနော်တို့ မျှော်လင့်ထားတဲ့ နည်းလမ်းအတိုင်း အတိအကျ လုပ်ဆောင်ပြနိုင်ခဲ့ပါတယ်။ နွေရာသီရောက်လာတာနဲ့ အတူ လာမယ့် သီတင်းပတ်တွေမှာ ခိုင်မာတဲ့ တင်ဆက်မှုကို ကျနော်တို့ မြင်တွေ့ရဦးမှာပါ” လို့ ဆိုပါတယ်။

ခန့်မှန်းထားတာထက် ဝင်ငွေကောင်းခဲ့တဲ့ အဲဒီ ရုပ်ရှင်မှာတော့ မင်းသား Will Smith က ကွယ်လွန်သူ မင်းသားကြီး Robin Williams အသံသရုပ်ဆောင်ခဲ့တဲ့ မီးခွက်စောင့် ဘီလူးနေရာမှာ သရုပ်ဆောင်ထား ပါတယ်။ “Jon Wick: Chapter 3 — Parabellum” ရုပ်ရှင်ကတော့ ဒုတိယနေရာမှာ ရှိနေပြီး ဝင်ငွေ ဒေါ်လာ ၃၀ ဒသမ ၅ သန်းရရှိခဲ့ပါတယ်။ “Avengers: Endgame” ရုပ်ရှင်က တတိယနေရာ၊ “Pokemon: Detective Pikachu” က စတုတ္ထနေရာနဲ့ “Brightburn” ရုပ်ရှင်ကတော့ ပဉ္စမနေရာမှာ ရှိနေတာကို တွေ့ရပါတယ်။

Ref: etcanada

The post မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ ဒေါ်လာ ၁၀၅ သန်းနဲ့ တာထွက်ကောင်းခဲ့တဲ့ “Aladdin” ရုပ်ရှင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...