Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“အချစ်ရေးမှာ ဖောက်ပြန်တာမျိုးကို ခွင့်လွှတ်လို့ မရဘူး”လို့ ပြောတဲ့ ဝိုင်းလေး

$
0
0

ကိုယ်တိုင်သီချင်းများကို ရေးသား သီဆိုလေ့ရှိတဲ့ အဆိုတော် ဝိုင်းလေးဟာ လူငယ်များရဲ့ Relationship နဲ့ ပတ်သက်ပြီး သူကြုံခဲ့ရတဲ့ အတွေ့အကြုံကို အခုလို ဝေမျှခဲ့ပါတယ်။

“အဓိကက ချစ်ခြင်းမေတ္တာဆိုတာ ကိုယ်ချစ်တဲ့သူကို ပျော်ရွှင်စေဖို့ပဲပေါ့နော်။ အဲဒီ Relationship မှာ မပျော်ရွှင်တော့ရင် တယောက်ယောက်က မှားနေလို့ပဲဆိုပြီး ခံစားရတယ်။ အဲဒီတော့ ပြန်ပြီးတော့ စဉ်းစားသင့်တယ်။ အဲဒီလိုပဲမြင်မိတယ်။ စည်းတွေဆိုတာထက် တယောက်နဲ့တယောက် ချစ်ခြင်းမေတ္တာက အရေးကြီးဆုံးလို့ ထင်တယ်”လို့ အဆိုတော် ဝိုင်းလေးက ပြောပါတယ်။

လူတဦးနဲ့ တဦးကြားမှာ အပြန်အလှန်စောင့်ထိန်းရမယ့် စည်းဆိုတာထက် အပြန်အလှန် အပေးအယူ မျှဖို့က အရေးကြီးတယ်လို့ ဝိုင်းလေးက ပြောပါတယ်။

“စည်းဆိုတာထက် တယောက်နဲ့ တယောက် အပြန်အလှန် အပေးအယူမျှနေဖို့ပဲ အရေးကြီးတယ်။ ကိုယ်ကပဲ ချစ်နေလို့ မရဘူး။ ကိုယ့်အချစ်က ပူလောင်နေတယ်ဆိုရင် လွှတ်ချလိုက်တာ ပိုကောင်းတယ်” လို့ ဝိုင်းလေးက ပြောပါတယ်။

ဝိုင်းလေး ကိုယ်တိုင်လည်း တခြားတယောက်ရဲ့ဖောက်ပြန်ခြင်းခံခဲ့ရတဲ့အတွက် ဖောက်ပြန်မှုကို ခွင့်လွှတ်လို့မရဘဲ တခြားအကြောင်းအရာများကိုတော့ နားလည်မှု ယူရင်ရတယ်လို့ ဆိုပါတယ်။

“ဝိုင်းလေး သတ်မှတ်ထားတဲ့ စည်းကတော့ ကိုယ်ကျင့်တရားပေါ့။ ကိုယ်ကျင့်တရား ကောင်းမွန်တဲ့သူက ကိုယ့်စည်း ကိုယ်စောင့်မယ်ပေါ့။ ဖောက်ပြန်တာဆိုရင်တော့ ဘယ်လိုမှ ခွင့်လွှတ်လို့ မရဘူးလေ။ ကိုယ်တိုင်လည်း ကြုံခဲ့ဖူးတယ်ဆိုတော့ ခွင့်လွှတ်လို့ မရဘူး။ တခြားအရာတော့ နားလည်မှုယူရင် ရမှာပါ” လို့ ဝိုင်းလေးက ပြောပါတယ်။

ကိုယ်တိုင် ခံစားချက်များ ရှိနေတာကြောင့် ဝိုင်းလေး ဖန်တီးရေးသားတဲ့ သီချင်းများဟာ ပရိသတ်နဲ့ ထပ်တူကျနေပြီး ပရိသတ်အများ ကြိုက်နှစ်သက်ရတဲ့ သီချင်းများ ဖြစ်နေခဲ့ပါတယ်။

ဝိုင်းလေးကတော့ သီချင်းဆိုပြိုင်ပွဲမှတဆင့် အဆိုတော်တယောက် ဖြစ်လာခဲ့ပြီး သီချင်းအခွေများလည်း ထွက်ရှိထားသူတယောက် ဖြစ်ပါတယ်။ တဖက်မှာလည်း Miss Myanmar World ဆု ရရှိထားတဲ့ အလှမယ်တယောက်လည်း ဖြစ်ပါတယ်။

You may also like these stories:

“လောကကြိုးဝိုင်း” ဇာတ်လမ်းတွဲက ကော်ပီကား မဟုတ်ပါဘူးလို့ ပြောတဲ့ ခါရာ

ကိုယ်ပိုင်သံစဉ် တေးသီချင်းများနဲ့ ဖျော်ဖြေသွားမယ့် “ရွှေနှလုံးသားဂီတည” ဖျော်ဖြေပွဲ

တေးရေးဆရာတဦးနဲ့ အကြားက ပြဿနာအကြောင်း ပြောပြတဲ့ ခွန်းဆင့်နေခြည်

“ဖြိုးငွေစိုးက သရုပ်ဆောင် အမူအရာ ပိုကောင်းလာတယ်”လို့ သားညီပြော

The post “အချစ်ရေးမှာ ဖောက်ပြန်တာမျိုးကို ခွင့်လွှတ်လို့ မရဘူး”လို့ ပြောတဲ့ ဝိုင်းလေး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ