Quantcast
Viewing all articles
Browse latest Browse all 7343

“ပရဟိတ အလုပ်တွေ လုပ်လို့ အနုပညာမှာ မထိခိုက်ဘူး”လို့ ခိုင်နှင်းဝေ ပြော 

ပရဟိတလုပ်ငန်းတွေကို ကြိုးစားလုပ်ကိုင်နေတဲ့ ခိုင်နှင်းဝေက ပရဟိတတွေလုပ်လို့ အနုပညာမှာ လုပ်ချင်တာတွေ မလုပ်လိုက်ရတာမျိုးမရှိဘဲ ပရဟိတကြောင့် အနုပညာ မနစ်နာသလို အနုပညာကြောင့်လည်း ပရဟိတမှာ မထိခိုက်ဘူးလို့ ဆိုပါတယ်။

“ကျမ အခုကတော့ ကလေးတွေနဲ့ အလုပ်ရှုပ်နေတာပေါ့။ ပရဟိတတွေရယ်၊ ကျောင်းဖွင့်တော့မှာ ဆိုတော့ ဆင်းရဲတဲ့ ကလေး အယောက်၂၀၀ အတွက် ကျောင်းသုံးပစ္စည်းတွေ လှူဖို့ စီစဉ်နေပါတယ်။ အနုပညာအနေနဲ့ ရုပ်ရှင်ကားကြီးရိုက်ဖို့လည်း ကမ်းလှမ်းထားတာ ရှိပါတယ်။ ကျမ ပရဟိတတွေလုပ်လို့ အနုပညာမှာ လုပ်ချင်တာတွေ မလုပ်လိုက်ရတာမျိုးတွေ မရှိဘူး။ ကံတရားက ပေးနေသလားမသိဘူး”

“ပရဟိတလုပ်နေချိန်ဆို အနုပညာအလုပ်တွေ အားနေတယ်။ အနုပညာလုပ် ချိန်ဆို ပရဟိတ လုပ်ပေးဖို့ အသင်းသားတွေ ရှိတယ်။ ပရဟိတကြောင့် အနုပညာ မနစ်နာသလို အနုပညာကြောင့်လည်း ပရဟိတမှာ မထိခိုက်ပါဘူး။ ကျမက မျက်နှာကြော တင်းတော့ မာနကြီးတယ်လို့ထင်ကြတယ်။ ကျမကလေ တဦးတည်းသော သမီး၊ မောင်နှမ မရှိဘူး။ အဲ့အတွက် အဖော်မင်တယ်” လို့ ခိုင်နှင်းဝေက ပြောပါတယ်။

ဆက်လက်ပြီး “သူငယ်ချင်းတွေ အပေါင်းအသင်းတွေဆိုလည်း အောက်ကျ နောက်ကျ ပေါင်းတယ်။ နောက် အယုံလွယ်တယ်။ ကိုယ်က ဘာကူညီပေးရမလဲပဲ စဉ်းစားတယ်။ တခါတလေ ကျရင် လူတွေက သဘောကောင်းတဲ့ ခင်မင်မှုမျိုးကို တန်ဖိုး မထားတတ်ကြဘူး။ ခပ်ချေချေနေမှ တန်ဖိုးထားကြတာလား မပြောတတ်ဘူး။ တခါတလေ ကိုယ့်ခံစားချက်တွေကို Facebook ပေါ်တင်လိုက်တာ ပါ။ အခုနောက်ပိုင်းတော့ ကျမ စိတ်တွေကို အမေနဲ့ သမီးနဲ့ ပရဟိတတွေထဲမှာပဲ စိတ် နှစ်ထားပါတယ်”လို့ ခိုင်နှင်းဝေက

Image may be NSFW.
Clik here to view.

ခိုင်နှင်းဝေဟာ Single Mother များနဲ့ သက်ငယ် မုဒိမ်းကျင့်ခံရသူများက မွေးလာတဲ့ ကလေးငယ်များကိုသာ လက်ခံမွေးစားမှာဖြစ်ပြီး ကလေးတွေအတွက် ဂေဟာလေး ဆောက်လုပ်ဖို့ ရှိတယ်လို့ ဆိုပါတယ်။

“ကျမမှာ အခု သားသမီး ၁၅ ယောက် ရှိပါတယ်။ ကျမလည်း တယောက်တည်း ရုန်းကန် နေရတာပေါ့။ ကျမ ပထမတော့ အနုပညာအလုပ်ပဲ လုပ်နေတာ။ သက်ငယ်မုဒိမ်း ပြုကျင့်ခံရတဲ့ ကလေးတွေကို ကူညီပေးရင်းကနေ ကိုယ်ဝန်သည်ကလေးတွေကို စောင့်ရှောက်ပေးတာ။ ကလေးတွေ မွေးသွားတော့  အရင်က ကျမမှာ ထားစရာ မရှိတော့ မိဘမဲ့ကျောင်းတွေလိုက် ပို့တိုင်း စိတ်မကောင်းဖြစ်ရတယ်။ ကျမ မွေးမယ်ဆိုပြီး စဉ်းစားရာကနေ တယောက်မွေး၊ နှစ်ယောက်မွေးနဲ့ မွေးဖြစ်သွားတာ။ ကျမ အခုသူတို့လေးတွေ မွေးထားတာ ခွန်အား ဖြစ်စေတယ်”

“မိဘမဲ့ ကလေးတွေ ထက်စာရင် Single Mother များနဲ့ သက်ငယ် မုဒိမ်းကျင့်ခံရသူ ကလေးငယ်တွေရဲ့ ကလေးများကိုသာ လက်ခံ မွေးပေးမှာပါ။ ကျမ အခုတော့ မြေဝယ်ပြီး ဂေဟာဆောက်ဖို့ လုပ်နေတယ်။ ဂေဟာဆောက်ပြီးရင်တော့ အများကြီး လက်ခံနိုင်ပြီပေါ့။ ဂေဟာ ဆောက်တာကလည်း ကျမ နာမည်ကြီးချင်လို့လည်း မဟုတ်ဘူး။ ဒီပရဟိတကို အရမ်းမြတ်နိုး အရမ်းဝါသနာပါလို့။ ကျမ သေသွားရင်တောင် နောင်လာ နောက်သားတွေ ကျောင်းကြီး ဆက်လက် ထိန်းသိမ်းသွားရင် ကျောင်းတခု ဖြစ်သွားမှာဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ”လို့ ခိုင်နှင်းဝေက ပြောပါတယ်။

ပရဟိတအလုပ်တွေ၊ ကုသိုလ်ရေးတွေမှာ လက်မနှေးတဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ ဆင်းရဲသားပြည်သူတွေကိုလည်း တဖက်တလမ်းက ကူညီစောင့်ရှောက်တတ်သလို ဘုရား၊ တရားကိုလည်း မမေ့မလျှော့ ဆောင်ရွက်တတ်သူ တဦးပါ။ ဘာသာရေး၊ သာသနာရေးတွေလည်း အဆက်မပြတ် ဆောင်ရွက်လေ့ ရှိပါတယ်။

You may also like these stories:

“Single Mother တွေအတွက် ခိုနားရာ”

ကိုယ်ဖြစ်လာတဲ့ အကြောင်းအရာကို အပြစ်တင် ညည်းနေမယ့်အစား တခုခု ထလုပ်ပါ

Single Mother အဖြစ် ရပ်တည်နေကြတဲ့ ကမ္ဘာကျော် အနုပညာရှင်များ

“ကလေးကိုစွန့်ပစ်ပြီး သတ်လိုက်တဲ့ မိန်းမတွေထက်တော့ ကိုယ်က သာလိမ့်မယ် ထင်ပါတယ်”

The post “ပရဟိတ အလုပ်တွေ လုပ်လို့ အနုပညာမှာ မထိခိုက်ဘူး”လို့ ခိုင်နှင်းဝေ ပြော  appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...