Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးဆုရ “Parasite”ရုပ်ရှင် ကြိုတင်လက်မှတ် ရောင်းအားကောင်းနေ

$
0
0

ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးဆုရ “Parasite” ရုပ်ရှင်ဟာ နာမည်ကြီး ရုပ်ရှင်တွေကို ကျော်တက်ပြီး ကြိုတင်လက်မှတ် ရောင်းအားကောင်းနေခဲ့တဲ့အပြင် တောင်ကိုရီးယားမှာရှိတဲ့ ပရိသတ်တွေကတော့ တော်တော်လေး စောင့်မျှော်နေကြတာကို မြင်တွေ့ရပါတယ်။

ရုပ်ရှင်ပြသဖို့ ၃ ရက်ပဲ လိုတော့တဲ့အချိန်မှာ ကိုရီးယားရုပ်ရှင် ကောင်စီကနေ ရရှိထားတဲ့ အချက်အလက်တွေအရ အဲ့ဒီရုပ်ရှင်ဟာ မေလ ၂၇ ရက်နေ့ မနက်အထိ ကြိုတင်လက်မှတ် ၉ သောင်းကျော် ရောင်းချခဲ့ရပြီးဖြစ်တယ်လု့ိ ဆိုပါတယ်။

အဲဒီ ပမာဏဟာ ဒေသစံတော်ချိန် မနက် ၉ နာရီခွဲအထိ ရောင်းချထားရတဲ့လက်မှတ်အားလုံးရဲ့ ၄၂ ဒသမ ၃ ရာခိုင်နှုန်းရှိပြီး Walt Disney ရဲ့ “Aladdin” ရုပ်ရှင်ကတော့ ၁၉ ဒဿမ ၆ ရာခိုင်နှုန်းသာ ရှိပါတယ်။ ကိုရီးယားမှုခင်းအက်ရှင်ရုပ်ရှင် “The Gangster, the Cop, the Devil” ကိုတော့ ကြည့်ရှုပြီးတဲ့ပရိသတ် ၂ ဒဿမ ၇ သန်းရှိနေပြီး လက်မှတ်ရောင်းအား ၈ ဒဿမ ၄ ရာခိုင်နှုန်းနဲ့ တတိယနေရာမှာ ရှိနေပါတယ်။

“Parasite” ရုပ်ရှင်ဟာ မေလ ၂၅ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ Palme d’Or လို့ခေါ်တဲ့ “အကောင်းဆုံးဆု” ကို ရရှိခဲ့ပြီးတော့ ကိုရီးယားရုပ်ရှင်သမိုင်းမှာ အခုလိုမျိုး အမြင့်ဆုံးဆုကို ပထမဆုံးအကြိမ် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ဆုလက်ခံရယူချိန်မှာ ဒါရိုက်တာ Bong Joon-ho က “ကျနော် ပြင်သစ်စကားနဲ့ ပြောဖို့ မပြင်ဆင်ခဲ့ပါဘူး။ ဒါပေမယ့် ပြင်သစ်ရုပ်ရှင်တွေတော်တော်များများကို ကျနော် အားကျပါတယ်။ ‘Parasite’ ဟာ ကျနော့်အတွင် ထူးခြားတဲ့ စွန့်စားခန်းတခု ဖြစ်ပါတယ်။ ကျနော် အသက် ၁၂ နှစ်အရွယ်မှာပဲ ရုပ်ရှင် ဒါရိုက်တာတယောက်ဖြစ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဆုကို ကျနော် ကိုင်မြှောက်နိုင်မယ့် ဒီနေ့ကို ဘယ်တုန်းကမှ မထင်ခဲ့မိပါဘူး” လို့ ဆိုပါတယ်။

အဲဒီ ရုပ်ရှင်ဟာ ရှုပ်ထွေးပေပွနေတဲ့ မြေအောက်ခန်းမှာ နေထိုင်ရတဲ့ ဆင်းရဲသား မိသားစုတခုနဲ့ ငွေကြေး ဓနရှင် မိသားစု တခုတို့ကြားက မတော်တဆမှု တခုအကြောင်းကို ဟာသနှောပြီး တင်ဆက်ထားတာဖြစ်ပါတယ်။ အဲဒီ ရုပ်ရှင်ကို ကိုရီးယားမှာတော့ လာမယ့် မေလ ၃၀ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

Ref:Yonhap

You may also like these stories:

ရုံဝင်ငွေ မျက်နှာပန်း မလှဖြစ်ခဲ့တဲ့ “Dumbo” ရုပ်ရှင်

လူကြည့်နှုန်း အများဆုံးစံချိန်နဲ့ အဆုံးသတ်သွားပြီဖြစ်တဲ့ “Game of Thrones” စီးရီး

ပရိသတ်တွေကို အားရကျေနပ်စေခဲ့တဲ့ Aladdin ရုပ်ရှင်

မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ စံချိန်တင် ဝင်ငွေရရှိခဲ့တဲ့ “Detective Pikachu” ရုပ်ရှင်

The post ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးဆုရ “Parasite” ရုပ်ရှင် ကြိုတင်လက်မှတ် ရောင်းအားကောင်းနေ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...