Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“သားကို ချစ်တဲ့ ပရိသတ်တွေက ကျနော့်ကိုပါ ချစ်လာကြပြီ”လို့ လူကြမ်းသရုပ်ဆောင် ကိုကိုဦး ပြော

$
0
0

လူကြမ်း သရုပ်ဆောင်အဖြစ် မြန်မာဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားများမှာ ပါဝင် သရုပ်ဆောင်ခဲ့သူ၊ ပရိသတ်တွေ အားပေးခဲ့ကြတဲ့ သရုပ်ဆောင် ကိုကိုဦးက သားလေး သီဟအောင်ကို ပရိသတ်တွေ ချစ်ပေးတာ ကြည့်ပြီး ပီတိဖြစ်ရတယ်လို့ ဆိုပါတယ်။

“ကျနော်ကတော့ အနုပညာ မလုပ်ဖြစ်ဘူး။ အဖေ တယောက်အနေနဲ့ သားကိုကြည့်ပြီး ပီတိဖြစ်နေတာပေါ့။ အခု လောလောဆယ်တော့ သူ အနုပညာလေးတွေ လုပ်နေပါတယ်၊ သူ့အရည်အချင်းက တော်တော် တော်တယ်။ အဖေထက် သာတယ်။ ပရိသတ်ကလည်း အဖေထက် ပိုများတယ်။ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ သားအရှိန်နဲ့ သားလေးကို ချစ်တဲ့ ပရိသတ်တွေကလည်း ကျနော့်ကိုပါ ချစ်လာကြတယ်”

“သားကို မိန်းကလေး ကိစ္စတွေနဲ့ ပတ်သက်ပြီး စိတ်ပူတာ မရှိဘူး။ အလုပ်နဲ့ Personal ကို ခွဲခြားထားဖို့တော့ ပြောထားတယ်။ သူက မိန်းကလေး အရှုံးပေးရတယ်။ အိမ်ထဲက အိမ်ပြင် မထွက်ဘူး။ မိဘတွေ ဘယ်သွားသွား ခေါ်သွားရတယ်။ ကျနော်ကတော့ ထိန်းကျောင်းတာ နည်းနည်းပါးပါးပဲ။ သူ့အမေက ပိုပြီးထိန်းကျောင်းတယ်။ အမေချစ် သားလေးပါ။ သားလေးကို ပရိသတ်တွေက ချစ်ပေးကြလို့ ကျေးဇူးတင်ပါတယ်။ သားလေး ပြောမှား၊ ဆိုမှား ရှိရင်လည်း ခွင့်လွှတ်ပေးဖို့လည်း ပြောချင်ပါတယ်”လို့ ကိုကိုဦးက ပြောပါတယ်။

အကယ်ဒမီပေးပွဲပြီးလို့ အနုပညာတွေ ဆက်တိုက် လုပ်ကိုင်နေပြီဖြစ်တဲ့ ကိုကိုဦးရဲ့သား သီဟအောင်က အောင်မြင်တဲ့သူ တယောက်အဖြစ် ဆက်လက် လုပ်ကိုင်သွားချင်တယ်လို့ ဆိုပါတယ်။

“ကျနော်ကတော့ Program လေးတွေ ရိုက်ဖြစ်တယ်။ ကြော်ငြာလေးတွေ ရိုက်ဖြစ်တယ်။ ကျနော် အနုပညာတွေကို လုပ်ခွင့်ရတဲ့အတွက် ပျော်တယ်။ ကျနော်ကတော့ အောင်မြင်တဲ့သူ တယောက်အဖြစ် ဆက်လက် လုပ်ကိုင်သွားချင်တယ်။ ကျနော့်ကို အားပေးကြတယ်။ ချစ်ပြီး ဝန်းရံကြမယ် မထင်ဘူး။ ကျနော် အကယ်ဒမီ ဗန်းကိုင်ကနေ ပရိသတ်တွေ သိကြတယ်။ အဲ့ပွဲကနေ ပရိသတ် အချစ်တွေရတာ ပျော်တာပဲ သိတယ်။ ကျနော် အနုပညာတွေကိုလည်း ကြိုးစားနေပါတယ်။ အားပေးကြပါ”လို့ ကိုကိုဦးရဲ့သား သီဟအောင်က ပြောပါတယ်။

ကိုကိုဦးဟာ ဗီဒီယို၊ ရုပ်ရှင်ဇာတ်ကားတွေမှာ လူကြမ်းသရုပ်ဆောင်အဖြစ် ပရိသတ်အားပေးမှုတွေ ရရှိခဲ့သူဖြစ်ပြီး သားဖြစ်သူ သီဟအောင်ကတော့ ဖခင်လိုပဲ အနုပညာပိုးပါပြီး အနုပညာလှုပ်ရှားမှုတွေကို လုပ်ကိုင်နေပါတယ်။

You may also like these stories:

“အမေ့ကို မွေးကျေးဇူးအတွက် ကျေးဇူးတင်ပါတယ်၊ ကျေးဇူးဆပ်ခွင့်ရမယ်ဆို ကျေးဇူးဆပ်မှာပါ” ဆိုတဲ့ အဆိုတော် ပိုပို

“အနုပညာသက်တမ်း ၉ နှစ်အတွင်း တော်တော်သည်းခံခဲ့ရတယ်”လို့ ဆုထက်ကုဋေ ပြော

“ဟစ်တိုင်” ဇာတ်ကားကို ကိုယ်တိုင် မျက်ရည်ကျပြီး ရိုက်ကူးခဲ့တယ်လို့ ဒါရိုက်တာ ဟိန်းစိုး ပြော

ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးဆုရ “Parasite” ရုပ်ရှင် ကြိုတင်လက်မှတ် ရောင်းအားကောင်းနေ

The post “သားကို ချစ်တဲ့ ပရိသတ်တွေက ကျနော့်ကိုပါ ချစ်လာကြပြီ”လို့ လူကြမ်းသရုပ်ဆောင် ကိုကိုဦး ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...