Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“မှော်ဝင်သမန်းကျား” ရုပ်ရှင်ကို Channel လိုင်းတွေကနေ ပြသဖို့ စီစဉ်နေတဲ့ ခွန်းဆင့်နေခြည်

$
0
0

“မှော်ဝင်သမန်းကျား” ဇာတ်ကားဟာ ရုံတင်ချိန်မှာ စာမေးပွဲအချိန်ဖြစ်နေတဲ့ ကျောင်းသား၊ကျောင်းသူများ မကြည့်လိုက်ရတဲ့အတွက် ဒီလိုပရိသတ်တွေ ကြည့်နိုင်ဖို့ TV Channel တွေကနေ ပြသဖို့စီစဉ်နေတယ်လို့ ထုတ်လုပ်သူ ခွန်းဆင့်နေခြည်က ဆိုပါတယ်။

“အကယ်ဒမီ တန်းဝင်သွားပေမယ့် တချို့ မကြည့်လိုက်ရတဲ့သူတွေရှိတော့ သူတို့တွေက ကြည့်ချင်ကြတယ်။ ဘာကြောင့် အကယ်ဒမီရလဲ သူတို့သိချင်ကြတယ်။ ရုံပြန်တင်ဖို့ကလည်း မဖြစ်နိုင်တော့ဘူး။ ကိုယ့်နောက်မှာ လက်ရှိ တန်းစီနေတဲ့ ဇာတ်ကားတွေကလည်း အများကြီး ရှိသေးတယ်။ အဲ့အတွက် ကျမတို့က Channel တွေမှာတော့ ပြဖို့ရှိတယ်။ Channel နှစ်ခု သုံးခုကလည်း ဝယ်ဖို့ ကမ်းလှမ်းထားတာ ရှိတယ်။ ညှိနေတာပေါ့။ ဘယ်က လွှင့်ဖြစ်မလဲတော့ မသိသေးဘူး။ မကြာခင်တော့ Channel တွေကနေ ပြတော့မှာပါ”လို့ ခွန်းဆင့်နေခြည်က ပြောပါတယ်။

ဆက်လက်လုပ်ကိုင်မယ့် အနုပညာလုပ်ငန်းများနဲ့ ပတ်သက်လို့လည်း ခွန်းဆင့်နေခြည်က အခုလို ဆိုပါတယ်။

“ကျမ New York မှာ ရိုက်ရေး လုပ်ဖို့ရှိတယ်။ ကျမက ဇာတ်လမ်းကျောရိုးကို သိပ်မပြောပြချင်သေးဘူးပေါ့။ “မှော်ဝင်သမန်းကျား” ကားနဲ့ ဆန့်ကျင်ဘက် ဖန်တီးဖို့အတွက် စီစဉ်ထားတယ်။ အခုရိုက်မယ့် ကားက ခွဲထွက်မယ့် ဇာတ်မျိုးလည်း ဖြစ်တယ်။ ကျမ “မှော်ဝင်သမန်းကျား” ဇာတ်ကားကို ရုံတင်တုန်းကလည်း ဒီလိုကားတွေနဲ့ သွားတိုက်ဆိုင်နေတော့ အနည်းငယ်ဝင်ငွေ စံချိန်မချိုးသွားဘူးပေါ့။ ဇာတ်လမ်းကောင်းပေမယ့် စံချိန်မချိုးသွားတော့ တချို့ကမသိတဲ့ သူတွေလည်းရှိမယ်” လို့ ခွန်းဆင့်နေခြည်က ဆိုပါတယ်။

ရုပ်ရှင်လောက အများကြီးတိုးတက်လာဖို့အတွက် ကြိုးစားယူရမယ်လို့လည်း ခွန်းဆင့်နေခြည်က ဆိုပါတယ်။

“လက်ရှိရုံတင်နေတဲ့ ဇာတ်ကားတွေက လွန်ခဲ့သော နှစ်တွေက ရိုက်ခဲ့တဲ့ ကားတွေလည်းပါသလို ရိုက်တာမကြာသေးတဲ့ အချိန်မှာပဲ ရုံရှင်ကြိုက်လို့ ဆွဲတင်တဲ့ကားလေးတွေလည်း ပါတာပေါ့။ တချို့ကားတွေက ရိုက်တာ ကြာပေမယ့် တမျိုးတဘာသာ ခံစားချက်ပေါ့။ သိပ်မကြာခင်က ရိုက်ပြီး ရုံရှင်ကြိုက်လို့ တင်တဲ့ ကားနဲ့ ကွာလတီတွေ ဟနေတာပေါ့”

“ဒီဘက်ပိုင်းမှာရိုက်တဲ့ ဇာတ်ကားတွေကတော့ ပြောင်းလဲလာတယ်။ တိုးတက်လာတယ်။ အစစအရာရာ ဇာတ်လမ်း၊ ဇာတ်အိမ်တွေရော အသံ၊ အရုပ် ကွာလတီတွေရော ဒါတွေအားလုံးက အများကြီး တိုးတက်လာဖို့အတွက် ကြိုးစားယူရတာပေါ့”လို့ ခွန်းဆင့်နေခြည်က ပြောပါတယ်။

ခွန်းဆင့်နေခြည်ဟာ သရုပ်ဆောင် ကျော်ဟိန်းရဲ့ သွန်သင်မှုများနဲ့အတူ အနုပညာလောကထဲကို ထဲထဲဝင်ဝင် ခြေချခွင့်ရခဲ့သူတဦးလည်း ဖြစ်ပါတယ်။ ခွန်းဆင့်နေခြည်က သရုပ်ဆောင်ဘက်မှာသာမက သီချင်းအပိုင်းမှာလည်း ဝါသနာပါပြီး “စာလာလာမဖတ်နဲ့” ဆိုတဲ့ တကိုယ်တော် တေးစီးရီးခွေလည်း ထွက်ရှိထားပါတယ်။

You may also like these stories:

တေးရေးဆရာတဦးနဲ့ အကြားက ပြဿနာအကြောင်း ပြောပြတဲ့ ခွန်းဆင့်နေခြည်

သိပ္ပံရုပ်ရှင် ဇာတ်ကားသစ်မှာ ပါဝင်ဖို့ လက်ခံလိုက်တဲ့ ဆောင်ဂျွန်ကီနဲ့ ကင်တေးရီ

ဒါရိုက်တာ Zhang Yimou ရဲ့ကျေးဇူးကြောင့် ကမ္ဘာကျော်ရုပ်ရှင်မှာ ပါဝင်ခွင့်ရတာလို့ ကျန်ဇီယီ ပြော

“ဇာတ်ရုပ်တွေက သရုပ်ဆောင်လို့ မကုန်နိုင်ဘူး”လို့ နေတိုး ပြော

The post “မှော်ဝင်သမန်းကျား” ရုပ်ရှင်ကို Channel လိုင်းတွေကနေ ပြသဖို့ စီစဉ်နေတဲ့ ခွန်းဆင့်နေခြည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...