“Givealittle Campaign” လို့ အမည်ရတဲ့ Campaign တခုကို မေလ ၁၅ ရက်နေ့က စတင်ပြီး ပြုလုပ်နေပြီလု့ိ သိရပါတယ်။ ဒီ Campaign ဟာ သေဆုံးသွားပြီဖြစ်တဲ့ ပါဝါရိန်းဂျားသရုပ်ဆောင် Pua Magasiva ရဲ့ ကျန်ရစ်သူ မိသားစုအတွက် ဖြစ်ပါတယ်။
Ninja Storm က Red Ranger ဖြစ်တဲ့ Pua Magasiva ဟာ မေလ ၁၁ ရက်နေ့က သေဆုံးသွားတာဖြစ်ပါတယ်။ သူသေဆုံးပြီးတဲ့နောက် မိသားစုဟာ ဒုက္ခရောက်နေတဲ့အတွက် ပရိသတ်တွေက ဒီလို ရန်ပုံငွေရှာဖို့ စီစဉ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ရတဲ့ ရန်ပုံငွေတွေနဲ့ အသုဘစရိတ်၊ မိသားစု အသုံးစရိတ်နဲ့ ကျန်ရစ်ခဲ့တဲ့ သမီးဖြစ်သူအတွက် ပညာရေးဆိုင်ရာ ထောက်ပံံ့စရိတ်တွေအဖြစ် လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

ရန်ပုံငွေ ရှာနေတဲ့ အင်တာနက် စာမျက်နှာမှာတော့ “Pua ဟာ သူသွားလေရာ နေရာတိုင်းမှာ ကူညီတတ်တဲ့ လူတဦးပါ။ အမြဲတမ်း အကောင်းမြင်တတ်တဲ့ စိတ်နဲ့ လူတွေကို ကူညီလေ့ ရှိပါတယ်။ ဒီလိုလူရဲ့ မိသားစုဝင်တွေ အခက်အခဲ ဖြစ်နေချိန်မှာ ကူညီပေးချင်တဲ့အတွက် ရန်ပုံငွေ ရှာရတာဖြစ်ပါတယ်”လို့ ရေးထားပါတယ်။
အခုအချိန်မှာဆိုရင်တော့ ရန်ပုံငွေ ဝင်ရောက် လှူဒါန်းသူတွေကြောင့် အမေရိကန်ဒေါ်လာ ၁ သောင်းကျော် လက်ခံရရှိပြီး ဖြစ်တယ်လို့ သိရပါတယ်။ လှူဒါန်းသူတွေဟာ သူတို့ရဲ့ ငယ်ဘဝမှာ ပျော်ရွှင်မှုတွေ ပေးခဲ့တဲ့ ပါဝါရိန်းဂျားကြီးကို ချစ်တယ်ဆိုတာ ပြသဖို့ လှူဒါန်းကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
Ref; nzherald
You may also like these stories:
GOT ဇာတ်သိမ်းပိုင်းအတွက် ဟစ်တလာ မိန့်ခွန်းတွေကို ကြည့်ပြီး ပြင်ဆင်ခဲ့ရတဲ့ Emilia Clarke
ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးဆုရ “Parasite” ရုပ်ရှင် ကြိုတင်လက်မှတ် ရောင်းအားကောင်းနေ
Disney ကုမ္ပဏီကနေ ဆက်လက် ထွက်ရှိလာမယ့် Live-action ရုပ်ရှင်များ
တခေတ်တခါက နာမည်ကျော်ဟောလိဝုဒ် မင်းသမီးကြီး Doris Day ကွယ်လွန်ပြီ
The post သေဆုံးပြီးဖြစ်တဲ့ ပါဝါရိန်းဂျား သရုပ်ဆောင်ရဲ့ ကျန်ရစ်သူမိသားစုများ အတွက် ရန်ပုံငွေရှာနေ appeared first on ဧရာဝတီ.