Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ ကြိုးစားခဲ့မှုအတွက် အဆိုတော် ဂိုဟာရာ တောင်းပန်

$
0
0

အခု သီတင်းပတ်ထဲမှာပဲ ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ ကြိုးစားခဲ့တဲ့ တောင်ကိုရီးယား အဆိုတော် ဂိုဟာရာက စိုးရိမ်မှုတွေ ဖြစ်စေခဲ့တဲ့အတွက် မေလ ၂၈ ရက်နေ့မှာပဲ အများပြည်သူကို တောင်းပန်ခဲ့ပါတယ်။

ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့ နာမည်ကျော် K-pop အဆိုတော်အဖွဲ့ KARA ရဲ့ အဖွဲ့ဝင်ဟောင်း အသက် ၂၈ နှစ်အရွယ် ဂိုဟာ မေလ ၂၆ ရက်ညတုန်းက ဆိုးလ်မြို့၊ ဂန်နမ်ခရိုင်မှာရှိတဲ့သူ့ရဲ့ နေအိမ်မှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ ကြိုးစားခဲ့တာလို့ ဆိုပါတယ်။ သူ့ရဲ့ မန်နေဂျာက မီးခိုးတွေပြည့်နေတဲ့ အခန်းထဲမှာ သတိလစ်နေတဲ့ သူ့ကို တွေ့ရှိခဲ့တာဖြစ်ပြီး ဆေးရုံကို ချက်ချင်းပို့ဆောင်လိုက်ရတာ ဖြစ်ပါတယ်။

အဆိုတော် ဂိုက “စိုးရိမ်မှုတွေနဲ့ ရှုပ်ထွေးမှုတွေ ဖြစ်စေခဲ့တဲ့အတွက် ကျမ တောင်းပန်ပါတယ်” လို့ Sankei Sports အပါအဝင် ဂျပန်ဖျော်ဖြေရေး သတင်းဌာနတွေကို ပြောဆိုခဲ့ပါတယ်။

သူက “ကျန်းမာရေးကတော့ ကျမ သက်သာနေပါပြီ။ တချိန်တည်းမှာ ဖြစ်ခဲ့တဲ့ ကိစ္စရပ်တွေကြောင့် ကျမပူပန်သောက ရောက်ခဲ့ရပါတယ်။ အခုက စလို့ ကျမ စိတ်ကို တင်းထားပြီး ကျန်းမာအောင် နေထိုင်မှာပါ” လို့ ဆိုပါတယ်။ အခုလိုမျိုး ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ မကြိုးပမ်းခင်မှာ အဆိုတော် ဂိုဟာ ပြီးခဲ့တဲ့နှစ်မှာ အမှုအခင်းအရှုပ်အထွေး ဂယက်တွေကို ကြုံခဲ့ရပြီးတဲ့နောက် ပရိသတ်ရှေ့မှောက်ကနေ ပျောက်ကွယ်သွားခဲ့ရပါသေးတယ်။

သူဟာ ချစ်သူဟောင်းကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တယ်လို့ဆိုပြီး ရဲတပ်ဖွဲ့ရဲ့ စုံစမ်းမေးမြန်းမှုကို ခံခဲ့ရတဲ့အပြင် ရဲတပ်ဖွဲ့ကလည်း စွဲချက်တင်နိုင်ဖို့ အမှုစစ်အဖွဲ့ထံ အမှုကို လွှဲပြောင်းပေးခဲ့ပါတယ်။ အဆိုတော် ဂိုရဲ့ ညစ်ညမ်းဗီဒီယိုကို ဖောက်ချမယ်လို့ ခြိမ်းခြောက်ပြီး ငွေညှစ်ခဲ့တဲ့စွဲချက်နဲ့ သူ့ရဲ့ ချစ်သူကိုလည်း အမှုစစ်အဖွဲ့ထံ လွှဲပြောင်းပေးထားပါတယ်။

လာမယ့် မေလ ၃၀ ရက်နေ့မှာတော့ သူ့ရဲ့အမှုကို တရားရုံးမှာ ကြားနာမှာဖြစ်ပြီး တရားခွင်ကို လာရောက်ဖို့ စီစဉ်ထားပေမယ့် သူ့ရဲ့ ကျန်းမာရေး အခြေအနေကြောင့် တရားရုံးကို လာဖို့အစီအစဉ် ရွှေ့ဆိုင်းဖို့ မျှော်လင့်ရပါတယ်။

Ref: Yonhap

You may also like these stories:

ဂျပန်နိုင်ငံမှာ သွားမလည်သင့်တဲ့ ထိတ်လန့်တုန်လှုပ်ဖွယ် နေရာ ၅ ခု

အမှုကို ကျေအေးဖို့ ဆန္ဒ မရှိတဲ့အတွက် နေပြည်တော်ထိ တက်မယ့် စူးရှထက်

“လျှပ်ပေါ်လော်လီ သိပ်မနေတဲ့သူဆိုတော့ ဟာသတွေ လုပ်ခိုင်းမှာတော့ စိုးရိမ်တယ်”

လူ အသေအပျောက် များလာပြီ ဖြစ်တဲ့ ဧဝရတ် တောင်တက်ခရီးစဉ်

The post ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ ကြိုးစားခဲ့မှုအတွက် အဆိုတော် ဂိုဟာရာ တောင်းပန် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...