Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ဧည့်သည်”ရုပ်ရှင်မှာ Rapper ကောင်မလေးအဖြစ် မြင်တွေ့ရမယ့် သဉ္ဇာမြင့်မိုရ်

$
0
0

ပရိသတ်များကြားမှာ စိတ်ဝင်စားမှု မြင့်တက်နေပြီး ထူးခြားတဲ့ သရုပ်ဆောင်အသစ် အတွဲအစပ်များနဲ့ ရိုက်ကူးထားတဲ့ “ဧည့်သည်” ရုပ်ရှင်ကားထဲမှာ သရုပ်ဆောင် သဉ္ဇာမြင့်မိုရ်ကတော့ ရွှေထူးရဲ့ သူငယ်ချင်း Rap အဆိုတော် ကောင်မလေးနေရာက သရုပ်ဆောင်ထားတယ်လို့ ပြောပါတယ်။

“ပုံမှန်ဆိုရင် ကာရိုက်တာ ရိုးရိုးအေးအေးက များတယ်။ ဒီမှာကျတော့ Rapper အဖွဲ့က အဆိုတော် ဆိုတော့ Rapper တယောက်ဖြစ်သလို၊ အဆိုတော် တယောက်လည်း ဖြစ်တော့ အဝတ်အစားပိုင်းလေးတွေ သေချာပြင်ဆင်ပြီးတော့ လုပ်ရတယ်။ စကားပြောတဲ့အခါမှာလည်း Rapper ကောင်မလေးဆိုတော့ ပုံမှန်ပြောနေကျ မဟုတ်တာလေး ပြောင်းလဲထားရတယ်” လို့ သရုပ်ဆောင် သဉ္ဇာမြင့်မိုရ်က ပြောပါတယ်။

ဒီကားထဲမှာတော့ သရုပ်ဆောင် ရွှေထူးရဲ့ သူငယ်ချင်း တယောက် ဖြစ်သလို ရွှေမှုံရတီရဲ့သူငယ်ချင်းလည်းဖြစ်တာကြောင့် သူတို့ နှစ်ဦးနဲ့ အမှတ်တရများလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

“အမှတ်တရကတော့ သဉ္ဇာတို့ KTV မှာ သီချင်းဆိုတဲ့အခန်း ရိုက်တဲ့အချိန်မှာ ရွှေထူးနဲ့ ရွှေမှုံက သီချင်းပြိုင်ဆိုကြမယ် ဆိုတဲ့အချိန်မှာ ကိုယ်တွေက မြှောက်ပေးတာ။ သီချင်းဆိုရင်းနဲ့ ဇာတ်လမ်းလေးတွေ ဖြစ်သွားတယ်။ ဗီဒီယို ကလစ်လေးတွေလည်း အွန်လိုင်းမှာ တက်လာတယ်။ အဲဒါလေးတွေက အမှတ်တရ ဖြစ်သွားတယ်ထင်တယ်” လို့ သဉ္ဇာမြင့်မိုရ်က ပြောပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီတို့ နှစ်ဦးကတော့ အဆိုပါ “ဧည့်သည်” ရုပ်ရှင်ဇာတ်ကား ရိုက်ကူးပြီး ချစ်ကြိုက်သွားခဲ့တာကြောင့် ဇာတ်ကား ရိုက်ကူးနေစဉ်မှာ အတူ တွဲရိုက်ရတာဖြစ်တဲ့အတွက် သတိထားမိလား ဆိုတာကိုလည်း အခုလို ပြောပြခဲ့ပါတယ်။

“အဲဒီတုန်းက အချင်းချင်းတွေကြားထဲမှာလည်း ကြိုက်သွားလိမ့်မယ်လို့ မထင်မိဘူး။ အိမ်ထောင်ကျပြီးတဲ့အချိန်မှာလည်း တကယ့်ကို ချစ်ကြတယ်။ အရမ်းချစ်စရာကောင်းတဲ့ အားကျစရာကောင်းတဲ့ စုံတွဲလေးလို့ မြင်ပါတယ်” လို့ သဉ္ဇာမြင့်မိုရ်ကပြောပါတယ်။

“ဧည့်သည်”ရုပ်ရှင်ဇာတ်ကားကတော့ သရုပ်ဆောင် ရွှေထူး၊ ရွှေမှုံရတီ၊ နေခြည်ဦးတို့ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်းကို ရိုက်ကူးထားတာဖြစ်ပြီး ရွှေထူးနဲ့ ရွှေမှုံရတီတို့ ပထမဆုံးတွဲဖက် သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတကားလည်း ဖြစ်ပါတယ်။

You May Also Like These Stories:

“အနုပညာသက်တမ်း ၉ နှစ်အတွင်း တော်တော်သည်းခံခဲ့ရတယ်”လို့ ဆုထက်ကုဋေ ပြော

မြေးဖြစ်သူ ဝင်းခန့်မိုးကို အိုက်တင်အပိုင်းတွေ မသင်ပေးဖြစ်ဘူးလို့ ချိုပြုံး ပြော 

“အချစ်ရေးမှာ ဖောက်ပြန်တာမျိုးကို ခွင့်လွှတ်လို့ မရဘူး”လို့ ပြောတဲ့ ဝိုင်းလေး 

“စရိုက်” ရုပ်ရှင် ရိုက်ကူးစဉ်က အမှတ်တရတွေ ပြောပြတဲ့ ကျော်ထက်အောင် 

The post “ဧည့်သည်” ရုပ်ရှင်မှာ Rapper ကောင်မလေးအဖြစ် မြင်တွေ့ရမယ့် သဉ္ဇာမြင့်မိုရ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...