လူငယ်ပရိသတ်များကြားမှာ ရေပန်းစားလျက်ရှိသော အဖွဲ့တဖွဲ့ဖြစ်တဲ့ Team 143 အဖွဲ့ထဲမှ Double J နဲ့ မြတ်အမရာမောင်တို့ နှစ်ဦးကတော့ မကြာခင်မှာရုံတင်ပြသတော့မယ့် “ဧည့်သည်”ရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင် သရုပ်ဆောင်ထားပါတယ်။
“ကျနော်တို့က ကိုရွှေထူးရဲ့သူငယ်ချင်းနေရာက သရုပ်ဆောင်ထားပါတယ်။ အဲဒီကားကို ရိုက်တုန်းက ဘုန်းကြီးဝတ်ပြီး ပြန်ထွက်လာတဲ့အချိန် ရိုက်လိုက်တာ။ ကတုံးနဲ့ မျက်မှန်နဲ့။ မျက်မှန်ကိုမှ ကျိုးလို့ဆိုပြီး ကော်နဲ့ ကပ်ထားတာ။ ဒါပေမယ့် ဘယ်သူမှ မသိပါဘူး။ ကျနော် တဖက်ပဲ လှည့်ရိုက်တယ်။ တဖက်က ကျိုးနေတာ။ အဲဒါကတော့ အမှတ်တရပါပဲ” လို့ အဆိုတော် Double J က ပြောပါတယ်။
Double J ကတော့ ယခင်က ဗီဒီယိုအတိုလေးတွေမှာ သရုပ်ဆောင်ခဲ့ဖူးပြီး မြတ်အမရာမောင်ကတော့ ပထမဆုံး သရုပ်ဆောင်တဲ့ အတွေ့အကြုံဖြစ်တယ်လို့ သိရပါတယ်။
“သရုပ်ဆောင်တာလည်း အရမ်းကြီး မကျွမ်းကျင်ပါဘူး။ ကျနော်က သရုပ်ဆောင်တာတော့ ဝါသနာ မပါပေမယ့် ကျနော် သရုပ်ဆောင်တာ ကောင်းသွားတယ်။ မငို၊ မရယ် ရုပ်နဲ့ ဒါရိုက်တာခိုင်းလို့ သရုပ်ဆောင်ထားပါတယ်။ အကယ်ဒမီပါ မှန်းထားပါတယ်”လို့ မြတ်အမရာမောင်က ပြောပါတယ်။
လူငယ် အဆိုတော်များဖြစ်တဲ့အတွက် သေချာ သရုပ်မဆောင် နိုင်သေးဘဲ အပြင်မှာစကား ပြောတဲ့အတိုင်းပြောမိတဲ့အတွက် ဒါရိုက်တာက သင်ကြားပေးရတာတွေ ရှိတယ်လို့ ဆိုပါတယ်။
“ကျနော်တို့က သရုပ်ဆောင်ကြီး မဟုတ်တဲ့အတွက် သေချာ သရုပ်မဆောင်နိုင်ဘူး။ ကျနော်ဆို စကားပြောရင် လက်ဟန်တွေ အရမ်းပါတယ်။ Rapper ပေါ့။ ဒါရိုက်တာက ပြောတယ်။ အရမ်းလှုပ်လို့မရဘူး။ အပြင်မှာပြောတဲ့အတိုင်းတွေ ပြောချလိုက်တာ” လို့ Double J ကပြောပါတယ်။
Team 143 ကတော့ RB 2 ၊ Double J ၊ NJ ၊ မြတ်အမရာမောင် ဆိုတဲ့ လူငယ် ၄ ဦးနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့တဖွဲ့ဖြစ်ပြီး သူတို့ရဲ့အဖွဲ့လိုက် ထွက်ရှိထားတဲ့အခွေနဲ့ တဦးချင်းစီ သီဆိုထားတဲ့ သီချင်းများကတော့ လူငယ်များကြားထဲမှာ ရေပန်းစားလျက် ရှိပါတယ်။ အထူးသဖြင့် “Suger Daddy” နဲ့ “မတ်မတ်” သီချင်းတွေက သူတို့အဖွဲ့ရဲ့ ရေပန်းစားအောင်မြင်ခဲ့တဲ့ သီချင်းတွေပဲ ဖြစ်ပါတယ်။
မေလထဲမှာတော့ အဖွဲ့ဝင်တဦးဖြစ်တဲ့ Double J ရဲ့တကိုယ်တော်အခွေ ထွက်ရှိထားပြီး အဲဒီနောက်မှာတော့ တယောက်တလှည့်စီ တကိုယ်တော်အခွေများ ထွက်ရှိသွားမယ်လို့ သိရပါတယ်။
You may also like these stories:
ပရိသတ်တွေကို အားရကျေနပ်စေခဲ့တဲ့ Aladdin ရုပ်ရှင်
“Star Awards မှာ ပရိသတ်နဲ့ ကျနော်တို့ကြား ပွင့်ပွင့်လင်းလင်း အသိပေးသင့်တယ်”လို့ နေတိုး ပြော
“သေဖို့အတွက် အလုပ်လုပ်နေတာ”လို့ အဆိုတော် ထူးအယ်လင်း ပြော
“အချစ်ရေးမှာ ဖောက်ပြန်တာမျိုးကို ခွင့်လွှတ်လို့ မရဘူး”လို့ ပြောတဲ့ ဝိုင်းလေး
The post သရုပ်ဆောင်အလုပ်ကို စတင်လုပ်နေပြီ ဖြစ်တဲ့ Team 143 မှ Double J နဲ့ မြတ်အမရာမောင် appeared first on ဧရာဝတီ.