Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ရုပ်ရှင်ရိုက်ကွင်းမှာ ကွယ်လွန်ခဲ့ပြီဆိုသော သတင်းကို ထိုင်းမင်းသား တိုနီဂျာ ငြင်းဆို

$
0
0

နိုင်ငံတကာအထိ နာမည်ကျော်ကြားတဲ့ ထိုင်းမင်းသား တိုနီဂျာဟာ ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့တုန်းက ဟောလိဝုဒ် ရုပ်ရှင်ရိုက်ကွင်းတခုမှာ ကွယ်လွန်ခဲ့ပြီဆိုတဲ့ ကောလာဟလ သတင်းတွေကို ပယ်ချလိုက်ပြီး သူသက်ရှိထင်ရှား ရှိသေးတဲ့အကြောင်းနဲ့ ကျန်းမာတဲ့အကြောင်း အတည်ပြုလိုက်ပါတယ်။

ဝမ်းဘတ် (Ong-Bak) မင်းသားလို့ လူသိများတဲ့ မင်းသား တိုနီက ဆိုရှယ်မီဒီယာတွေပေါ်မှာ ပျံ့နှံ့နေတဲ့ သူကွယ်လွန်ပြီဆိုတဲ့ ကောလာဟလ သတင်းတွေကို သတိထားကြဖို့ တယ်လီဖုန်းနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတခုမှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

တိုနီက သူ သက်ရှိထင်ရှား ရှိနေသေးတယ် ဆိုတာကို ပြသဖို့အတွက် “ထိုင်းနိုင်ငံမှ ကျနော့် သူငယ်ချင်းတွေအတွက် သတင်းစကား တခု” လို့ ခေါင်းစဉ်ပေးထားတဲ့ ဗီဒီယိုကို Facebook မှာ တင်ခဲ့ပါတယ်။ အဲ့ဒီ ဗီဒီယိုထဲမှာ တော့ သူကွယ်လွန်ပြီဆိုတဲ့ သတင်းတွေကို ငြင်းဆိုသွားခဲ့ပြီး သူကျန်းမာသေးတဲ့အကြောင်း၊ နောက်ထပ် ရုပ်ရှင်တွေကိုလည်း ရိုက်ဖို့ ရှိတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

မင်းသား တိုနီဟာ “The Protector” ၊ “Ong-Bak” ရုပ်ရှင်တို့နဲ့ နိုင်ငံတကာအထိ နာမည်ကြီးခဲ့သူလည်း ဖြစ်ပါတယ်။ မင်းသား တိုနီ ကွယ်လွန်ပြီဆိုတဲ့ သတင်းကတော့ ထိုင်းနိုင်ငံမှာရော အခြားနိုင်ငံတွေမှာပါ ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။

မေလ ၂၇ ရက်နေ့မှာ ထိုင်း ဝက်ဘ်ဆိုက်တခုက ဂန္တဝင် အက်ရှင်မင်းသား တိုနီဟာ သေဆုံးသွားခဲ့ပြီဖြစ်ပြီး သူ့ရဲ့ အလောင်းကို ဆူရင်ပြည်နယ်မှာရှိတဲ့ သူ့ရဲ့ မွေးရပ်မြို့ဆီကို ပြန်သယ်လာမှာဖြစ်တယ်လို့ သတင်း ဖော်ပြခဲ့ပါတယ်။ မင်းသားဟာ “Fast and Furious 9” ရုပ်ရှင်နောက်ဆုံးရိုက်ကွင်းမှာ မေလ ၂၅ ရက်နေ့၊ ည ၁၁ နာရီလောက်က ခေါင်းမိုးထပ်တခုကနေ နောက်ခေါင်းမိုးထပ် တခုဆီကို ၁၀ မီတာလောက် ခုန်လွှားဖို့ လုပ်ခဲ့ပြီးတဲ့နောက် ကွယ်လွန်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီ စတန့်ပြကွက်ဖို့ ပြုလုပ်ဖို့ ကြိုးစားနေစဉ်မှာပဲ ပြုတ်ကျပြီးတော့ သေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီ သတင်းဝက်ဘ်ဆိုက်မှာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ အဝါရောင် တိပ်ပတ်ထားတာ အပါအဝင် မတော်တဆမှုဖြစ်ခဲ့တဲ့ နေရာကိုလည်း ပြသခဲ့ပါတယ်။

မင်းသားတိုနီ ကွယ်လွန်ပြီဆိုတဲ့ သတင်းကြောင့် Facebook ပေါ်မှာလည်း ဝမ်းနည်းကြောင်း သတင်းစကားတွေကို တင်ခဲ့ကြတာကိုလည်းတွေ့ရပါတယ်။ ပရိသတ်တချို့ကတော့ အဲ့ဒီ သတင်းကို ယုံကြည်ခဲ့ပေမယ့် မကြာသေးခင် လတွေအတွင်းမှာ အခုလိုမျိုး သရုပ်ဆောင်တွေ ကွယ်လွန်ပြီဆိုတဲ့ သတင်းအမှားတွေ ပျံ့နှံ့ခဲ့ဖူးတာကြောင့် တချို့ကတော့ သတင်းတွေကို ပယ်ချခဲ့ပါတယ်။

မေလ ၂၆ ရက်နေ့မှာတော့ မင်းသားရဲ့ ကိုယ်စားလှယ်တွေက မင်းသား မသေသေးတဲ့အကြောင်း အတည်ပြုခဲ့ပါတယ်။ ပရိသတ်အချို့ကတော့ အဲ့ဒီသတင်းအမှားတွေကို ဒေါသထွက်ခဲ့ကြပြီး အများချစ်တဲ့ မင်းသားရဲ့ ပရိသတ်တွေကို ထိခိုက်၊ နာကျင်၊ ကြေကွဲစေခဲ့တယ်လို့ဆိုပါတယ်။

Ref. Asiaone

You may also like these stories:

မကြာမီထွက်ရှိလာမည့် ရုပ်ရှင်တွင် “ ဂေးစူပါဟီးရိုး” ပါဝင်လာမည်ဟု Russo Brothers အတည်ပြု

ဦးဝီရသူကို အရေးယူနိုင်ဖို့ အစိုးရ ကြိုးစားနေ

မီးပျက်ပြီး CNG မရလို့ YBS ရာခိုင်နှုန်းပြည့် မပြေးဆွဲနိုင်

အင်္ဂလန်နိုင်ငံက မူလတန်းကျောင်းတွေမှာ တရားထိုင်ခြင်းကို ကျောင်းသုံးသင်ရိုးအဖြစ် ပြဌာန်း

The post ရုပ်ရှင်ရိုက်ကွင်းမှာ ကွယ်လွန်ခဲ့ပြီဆိုသော သတင်းကို ထိုင်းမင်းသား တိုနီဂျာ ငြင်းဆို appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...