Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Tom Boy အနေနဲ့ သရုပ်ဆောင်ထားပြီး LGBT တွေကို ထိခိုက်မှာ စိုးရိမ်တဲ့ သဲသဲဆုငြိမ်း

$
0
0

Miss Myanmar International 2018 4th Runner Up ရရှိထားတဲ့ အလှမယ်တဦးဖြစ်သူ သဲသဲဆုငြိမ်းကတော့ မကြာခင် Fortune TV ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသတော့မယ့် “အဆောင်” ရုပ်သံဇာတ်လမ်းတွဲမှာ Tom Boy (ယောကျာ်းလျာ) တယောက်အနေနဲ့ သရုပ်ဆောင်ထားပြီး LGBT (Lesbian, Gay, Bisexual, Transgender) များကို ထိခိုက်မှာကြောက်တယ်လို့ ဧရာဝတီကို ပြောပါတယ်။

“အဆောင် ဇာတ်လမ်းတွဲထဲမှာတော့ Tom boy ကာရိုက်တာ အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ အပြင်နဲ့ အရမ်းကြီးတော့ တထပ်တည်း မကျပေမယ့် ပုံစံတူတယ်လို့ ပြောလို့ ရပါတယ်။ နောက်ပိုင်းမှာ LGBT က စည်းစည်းလုံးလုံး ရှိတယ်။ စိုးရိမ်တာတခုက ညီမရဲ့သရုပ်ဆောင်မှုက LGBT တခုလုံးကို ထိခိုက်မိသွားမှာကို အရမ်းပဲ စိုးရိမ်မိတယ်။ အဲဒါလေးတခုပဲ နည်းနည်း စိုးရိမ်တာတော့ ရှိပါတယ်။ ဘယ်လို ဆင်ခြင်ရလဲ ဆိုရင်တော့ ဒိုင်ယာလော့ထဲက စကားအတိုင်းပဲ ပြောတာပဲ။ နေပုံထိုင်ပုံက မတူဘူးပေါ့”လို့ သဲသဲဆုငြိမ်းက ပြောပါတယ်။

အဆိုပါ ဇာတ်လမ်းတွဲကတော့ သူမရဲ့ ပထမဆုံး သရုပ်ဆောင်ရတဲ့ ဇာတ်လမ်းတခုဖြစ်ပြီး ယခင်က မော်ဒယ်ပိုင်းကိုသာ အဓိလုပ်ဖို့အတွက် စဉ်းစားထားတာဖြစ်တယ်လို့ သိရပါတယ်။

“သရုပ်ဆောင်ဖို့အတွက် Stellar Seven ဘက်က ကမ်းလှမ်းခဲ့တာပါ။ ညီမအစက စဉ်းစားထားတာ Acting ပိုင်းကို မသွားဘူး။ Modelling ပိုင်းကို အဓိကသွားမယ်ဆိုပြီး စဉ်းစားထားတာ။ ဒါပေမယ့် ကမ်းလှမ်းလာတော့ ကိုယ်လည်း ကြိုးစားကြည့်ချင်တယ်။ နဂိုကတည်းက ကူးချင်တဲ့ စိတ်ကူးလည်း ရှိတော့ ရိုက်ဖြစ်ခဲ့တာပါ”လို့ သဲသဲဆုငြိမ်းက ပြောပါတယ်။

ပထမဆုံး သရုပ်ဆောင်တာ ဖြစ်တဲ့အတွက် အခက်အခဲ ကြုံတွေ့ရတာတွေလည်း သဲသဲဆုငြိမ်းက အခုလို ပြောပြခဲ့ပါတယ်။

“အစက သရုပ်ဆောင်တယ်ဆိုတာ ပြောတဲ့ အတိုင်းလေး လုပ်လိုက်ရုံပဲလို့ ထင်ခဲ့တာ။ တကယ်တော့ မဟုတ်ဘူး။ စကားပြောတာကအစ စိတ်ဆိုးရင် ဘယ်လိုပြောရတယ်၊ ပျော်ရင် ဘယ်လို ပြောရတယ်၊ ဝမ်းနည်းရင် ဘယ်လို ပြောရတယ်၊ ဘယ်လို မျက်နှာထား ထားရလဲ၊ ကင်မရာမှာ ကိုယ့်မျက်နှာပေါ်အောင် ဘယ်လိုနေရလဲ အများကြီးပေါ့” လို့ သဲသဲဆုငြိမ်းက ပြောပါတယ်။

“အဆောင်” ဇာတ်လမ်းတွဲထဲမှာတော့ သရုပ်ဆောင် ညိမ်းသော်၊ ဆုထက်ကုဋေတို့နဲ့ အတူ Miss Myanmar Internationl မှ အလှမယ်များက ပါဝင် သရုပ်ဆောင်ထားပြီး ဇွန်လ ၁ ရက်နေ့မှာတော့ Fortune ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။

You may also like these stories:

အာရှရဲ့ ပထမဆုံး တရားဝင် လိင်တူထိမ်းမြားမှုကို ထိုင်ဝမ်နိုင်ငံမှာ ပြုလုပ်

ရှရီးယား ဥပဒေသစ်ကြောင့် ဘရူနိုင်းနိုင်ငံသား LGBT များ ထွက်ပြေးကြ

LGBT တို့ဘဝ အချိန်မတိုင်ခင် ကြွေလွင့်မသွားစေချင်

The post Tom Boy အနေနဲ့ သရုပ်ဆောင်ထားပြီး LGBT တွေကို ထိခိုက်မှာ စိုးရိမ်တဲ့ သဲသဲဆုငြိမ်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


သီးမခံနိုင်တဲ့အဆုံး လင်ယောက်ျားရဲ့ ငယ်ပါကို ညှစ်ပြီးသတ်လိုက်တဲ့ ဇနီး


မိန်းကလေး အပျိုစစ်ပါတယ်လို့ သက်သေပြဘို့ရာ အသုံးပြုနိုင်တဲ့အချက် (၈) ချက်


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ