Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အူအတက်ပေါက်တာကို လျစ်လျူရှုခဲ့မိလို့ သေလုမျောပါး ဖြစ်ခဲ့ရတဲ့ မင်းသား Daniel Wu

$
0
0

နာမည်ကျော် ဟောင်ကောင်မင်းသား Daniel Wu ဟာ အူအတက်ပေါက်တဲ့ ဝေဒနာကို ကုသဖို့ အချိန်ရွှေ့ဆိုင်းခဲ့တာကြောင့် သေလုမျောပါးအထိ ဝေဒနာကို ခံစားရတယ်လို့ ဆိုပါတယ်။

အသက် ၄၄ နှစ်အရွယ်၊ အမေရိကန်နွယ်ဖွား ဟောင်ကောင်မင်းသား Wu ဟာ ခန္ဓာကိုယ်ကနေ လက္ခဏာတွေပြခဲ့တာကို လျစ်လျူရှှုခဲ့မိလို့ သေမတတ်ဖြစ်ခဲ့တဲ့ အကြောင်းကို ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဟောင်ကောင်မီဒီယာ တခုနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

တညမှာ သူဟာ ညစာစားခဲ့ပြီးတဲ့နောက် စတင် အန်ခဲ့တဲ့အချိန်မှာ မင်းသားဟာ အစာအဆိပ်သင့်တယ်လို့ ထင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက်ရက်အထိ သူကနေမကောင်းဖြစ်ခဲ့တာကြောင့် ဆရာဝန်သွားပြခဲ့ပြီး အစာအိမ်ရောဂါ အတွက်ဆိုပြီး ဆေးကုသမှုကို ခံယူခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အခြေအနေဟာ နောက်ထပ် နှစ်ရက်အထိ တိုးတက်မလာခဲ့ပါဘူး။

မင်းသားက “ကျနော် တော်တော်လေး နာကျင်ခဲ့ပါတယ်။ တယောက်ယောက်က ကျနော့်ပေါင်ကြားထဲကို တယောက်ယောက်က ၁၀ မိနစ်ကို တခါလာ ကန်နေ သလို ခံစားရပါတယ်”လို့ ပြောပြခဲ့ပါတယ်။

သူ့ရဲ့ဇနီး Lisa S. ဟာ အဲ့ဒီအချိန် အိမ်မှာ မရှိတာကြောင့် ညီမဖြစ်သူကို အကူအညီတောင်းပြီး ဆေးရုံသို့ လိုက် ပို့ခိုင်းလိုက်ရတယ်လို့ ဆိုပါတယ်။ CT Scan ရိုက်လိုက်တဲ့အချိန်မှာ သူဟာ အူအတက်ပေါက်ရောဂါ ခံစားနေရတာလို့ သိလိုက်ရပါတယ်။ အဲ့ဒီနောက် သူ့ရဲ့ ရောင်ရမ်းနေတဲ့ အူအတက်ဟာ ပေါက်ထွက်သွားခဲ့ပြီး ချက်ချင်းဆိုသလို ခွဲစိတ်ကုသမှု ချက်ချင်း လုပ်ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် သူ့ရဲ့ဆရာဝန်ကတော့ ရောင်ရမ်းနေတာကြောင့် အူအတက်တခုလုံးကို ဖယ်ရှားမပေးခဲ့ဘဲ အဲ့ဒီဖြစ်စဉ်အတွင်းမှာ တခြားအင်္ဂါ အစိတ်အပိုင်းတွေလည်း ထိခိုက်နိုင်ချေရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါကြောင့် မင်းသားဟာ အူတခုလုံးကို ရှင်းလင်းရေးလုပ်ငန်းစဉ်ကို ခံယူခဲ့ရပြီး သီတင်းတပတ်ကြာ အရောင်ကျဖို့ ဆေးသွင်းခဲ့ရတယ်လို့ ဆိုပါတယ်။

မင်းသား Wu က “ဒီလိုမျိုးခွဲစိတ်ကုသမှုလုပ်ခဲ့ရတဲ့ ၁၀ နှစ်အတွင်းမှာ ဒီလိုမျိုး ဆိုးရွားတဲ့ အခြေအနေကို မတွေ့ခဲ့ရဖူးဘူးလို့ ကျနော့်ရဲ့ ဆရာဝန်က ပြောပါတယ်။ ကျနော် နောက်ထပ် တရက်သာ ထပ်စောင့်နေဦးမယ်ဆိုရင် သေသွားနိုင်တယ်လု့ိ သူကပြောပါတယ်” လို့ ဆိုပါတယ်။

သူ့ရဲ့အူအတက်ကို ခွဲစိတ်နေချိန်အတွင်းမှာ လုံးဝ မဖယ်ရှားနိုင်ခဲ့တာကြောင့် ထပ်ပြီး ရောဂါပြန်ထဖို့ အခြေအနေ ရှိတယ်လို့ဆိုပါတယ်။ ဆရာဝန်တွေကလည်း သူ့ရဲ့အခြေအနေကို လက်ရှိမှာ စောင့်ကြည့်နေပါတယ်။ ခင်ပွန်း နာကျင် ခံစားခဲ့ရတဲ့ အဖြစ်အပျက်ကို သိရှိခဲ့ပြီးတဲ့နောက် သူ့ရဲ့ ဇနီးဟာ နောက်ကျတဲ့အထိ နာကျင်မှုကို တောင့်ခံခဲ့တဲ့အတွက်သူ့ကို ဆူခဲ့တယ်လို့ဆိုပါတယ်။

Ref: Asiaone

You may also like these stories:

“ပထမဦးဆုံး စဖြစ်တာကတော့ သေဖို့များတယ် တွေးမိတာပေါ့”လို့ ပြောတဲ့ နေမင်းရဲ့ အတွေ့အကြုံ

ဖျော်ဖြေပွဲတွေ ပြန်လုပ်မယ်လို့ အဆိုတော် Britney Spears အတည်ပြု

တချိန်က သိုင်းဆရာကြီး ဖြစ်ခဲ့ပေမယ့် အခုအချိန်မှာ မြေးတွေကိုတောင် မချီနိုင်တော့တဲ့ Sammo Hung

Jennifer Lopez နဲ့အတူ ဖြစ်ရပ်မှန်ရုပ်ရှင်မှာ ပါဝင်လာမယ့် မင်းသမီး Constance Wu

The post အူအတက်ပေါက်တာကို လျစ်လျူရှုခဲ့မိလို့ သေလုမျောပါး ဖြစ်ခဲ့ရတဲ့ မင်းသား Daniel Wu appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles