EXO အဖွဲ့ဝင် D.O ဟာ နွေရာသီမှာ စစ်မှုထမ်းဆောင်တော့မယ်လို့ မေ ၃၀ ရက် သတင်းတွေမှာ ဖော်ပြလိုက်တာကြောင့် ပရိသတ်တွေအကုန် အံ့သြသင့်ခဲ့ရပါတယ်။ ဒုတိယမြောက် EXO အဖွဲ့ဝင်အဖြစ် D.O ဟာ စစ်မှုထမ်းတာဝန်ကို ဇူလိုင် ၁ ရက်နေ့က စတင် ထမ်းဆောင်တော့မယ်လို့ ဆိုပါတယ်။
၁၉၉၃ ခုနှစ်ဖွား၊ D.O ဟာ အသက် ၂၆ နှစ်ပဲ ရှိသေးတာမို့ စစ်မှုထမ်းဥပဒေအရ တာဝန်ထမ်းဆောင်ဖို့ ၂၀၂၁ ထိ နောက်ဆုံးဝင်ခွင့် ရှိသေးတယ်ဆိုပေမယ့် ဒီနှစ်ထဲပဲဝင်ဖို့ သူကိုယ်တိုင် ဆန္ဒအလျောက် ဝင်ခွင့်တောင်းခဲ့တာလို့ သိရပါတယ်။ ဆုံးဖြတ်ချက် မချခင် SM Entertainment က တာဝန်ရှိသူတွေရယ်၊ EXO အဖွဲ့ဝင်တွေနဲ့ တိုင်ပင်ပြီးမှ ဆုံးဖြတ်ချက်ချခဲ့တာလို့ ဆိုပါတယ်။
EXO အဖွဲ့ရဲ့ ပထမဆုံးအဖွဲ့ဝင် Xiumin စစ်မှုထမ်းတာဝန် ထမ်းဆောင်ပြီး မကြာခင်ပဲ D.O ကလည်း သူရဲ့ စစ်မှုထမ်းတာဝန်ကို အချိန်စောပြီး ထမ်းဆောင်ချင်ခဲ့တယ်လို့ ဆိုပါတယ်။ Xiumin လိုပဲ အချိန်ပြည့် စစ်မှုထမ်း တာဝန်တွေကို ထမ်းဆောင်မယ့် Active Duty Solider အဖြစ် အမှုထမ်းသွားမှာပါ။
D.O စစ်မှုထမ်းမယ့် ကိစ္စနဲ့ပတ်သက်ပြီး SM Entertinment က “D.O က စစ်မှုထမ်းဆောင်ဖို့ လျှောက်လိုက်တဲ့အခါ ဇူလိုင် ၁ ရက်နေ့လို့ အမိန့် ပြန်ကျလာပါတယ်။ ဒါကြောင့် သူဆုံးဖြတ်ထားသလိုပဲ ၁ ရက်နေ့ကစပြီး လေ့ကျင့်ရေးကာလ ပြီးရင် Active Duty Solider အဖြစ် တာဝန်စတင် ထမ်းဆောင်ရမှာပါ”
Image may be NSFW.
Clik here to view.
“မေ ၇ ရက်က Xiumin စစ်မှုထမ်းဖို့ ဝင်သွားတည်းက D.O ကလည်း သူ့စစ်မှုထမ်းကာလကို မြန်မြန်ပဲ ဝင်ခွင့်ရချင်တယ်လို့ အေဂျင်စီက တာဝန်ရှိသူတွေနဲ့ EXO အဖွဲ့ဝင်တွေကို တိုင်ပင်ပြီး ပြောလာပါတယ်။ စစ်မှုထမ်းမယ့်အချိန်နဲ့ နေရာကိုလည်း မထုတ်ပြန်ဘဲ တိတ်တဆိတ်ပဲ ဝင်ချင်တယ်လို့ ပြောထားလို့ ကျနော်တို့ သူ့ဆန္ဒကို လိုက်လျောပြီး အတိအကျ မထုတ်ပြန်ပေးတော့ပါဘူး” လို့ ဆိုပါတယ်။
စစ်မှုထမ်းတာဝန် ထမ်းဆောင်တော့မယ်လို့ ရုတ်တရက် ထွက်လာတဲ့ သတင်းတွေကြောင့် D.O ကလည်း “ရုတ်တရက် သတင်းကြားလိုက်လို့ အံ့သြသင့်သွားရတဲ့အတွက် စိတ်မကောင်းပါဘူး။ တကယ်ဆို ကျနော်ကိုယ်တိုင် အရင်ပြောပြသင့်တာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး စဉ်းစားခဲ့တာလည်း ကြာပါပြီ”
“ကျနော် ကတိပေးနိုင်တာ တခုက ကျန်းကျန်းမာမာနဲ့ ပြန်လာခဲ့ပါမယ်။ အမြဲအားပေးနေတဲ့ EXO-L ပရိသတ်ကြီးကိုလည်း ကျေးဇူးတင်ပါတယ်” လို့ ပရိသတ်တွေကို ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။
Ref: Soompi
The post ဇူလိုင်လမှာ စစ်မှုထမ်းဆောင်တော့မယ့် EXO အဖွဲ့ဝင် D.O appeared first on ဧရာဝတီ.