Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မိုးမိုး (အင်းလျား) ရဲ့”ငြိမ်းကိုရှက်ပါ”ဝတ္ထုကို ရုပ်ရှင်ရိုက်ဖို့ ပြင်ဆင်နေတဲ့ ဒါရိုက်တာ ဏကြီး

$
0
0

“မီ” ရုပ်ရှင်ဇာတ်ကားဖြင့် ပရိသတ်များရဲ့အားပေးမှုများစွာ ရရှိခဲ့တဲ့ ဒါရိုက်တာ ဏကြီးဟာ ယခုနှစ်အတွင်းမှာတော့ စာရေးဆရာမကြီး မိုးမိုး(အင်းလျား) ရဲ့ ဝတ္ထုတပုဒ်ဖြစ်တဲ့ “ငြိမ်းကိုရှက်ပါ” ဝတ္ထုကို ရုပ်ရှင် အဖြစ် ပုံဖော် ရိုက်ကူးဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။

“ကျနော် ဇာတ်ညွှန်း ရေးနေတယ်။ မရိုက်ရသေးဘူး။ ကိုယ်ပိုင် Original ဇာတ်လမ်းတပုဒ်ကို ရေးနေတယ်။ နောက်တခုက ဆရာမကြီး မိုးမိုး(အင်းလျား) ရဲ့ဝတ္ထု ‘ငြိမ်းကိုရှက်ပါ’ အတွက် ဇာတ်ညွှန်း ပြန်ခွဲနေတယ်။ ပထမကားက စက်တင်ဘာမှာ ရိုက်မယ်။ ဒုတိယကားက ဇန်နဝါရီမှာ စမယ်” လို့ ဒါရိုက်တာ ဏကြီးက ပြောပါတယ်။

အဆိုပါ “ငြိမ်းကိုရှက်ပါ” ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည် အသက်သွင်းရာမှာလည်း သရုပ်ဆောင် ပိုင်ဖြိုးသုကို ငြိမ်းအဖြစ် မြင်တွေ့ရမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါရိုက်တာ ဏကြီးကတော့ ဆရာမကြီး မိုးမိုး(အင်းလျား) ရဲ့ “ငြိမ်းကိုရှက်ပါ” ၊ ဆရာနိုင်ဝင်းဆွေရဲ့ “နွေတည” ၊ ဆရာမကြီး ကြည်အေးရဲ့ “မေတ္တာမီးအိမ်” ဝတ္ထုများကို ရုပ်ရှင်အဖြစ် ပြန်လည် အသက်သွင်းမှာဖြစ်ပြီး သူကိုယ်တိုင်လည်း ကိုယ်ပိုင် ဇာတ်ညွှန်း ရေးသားနေတယ်လို့ ဆိုပါတယ်။

ဏကြီးကတော့ ကိုယ်တိုင် ရုပ်ရှင်ရိုက်ကူးရန် ပြင်ဆင်မှုများ ပြုလုပ်နေတဲ့အပြင် ရုပ်ရှင်ဝါသနာပါတဲ့ လူငယ်များအတွက် ပြုလုပ်တဲ့ ရုပ်ရှင်ပွဲတော်မှာလည်း ဒိုင်တဦးအဖြစ် ပါဝင်လျက် ရှိပါတယ်။

“ကျနော်က ရုပ်ရှင်ပွဲတော်တွေကို Welcome လုပ်တယ်။ ဒီပွဲတွေကနေ ဘယ်သူတွေ ထွက်လာလဲဆိုရင် Filmmaker တွေ ထွက်လာတယ်။ ထူးပိုင်ဇော်ဦးတို့ဆိုရင် ဝဿန်ကနေ ဆုရပြီး ရုပ်ရှင် ဇာတ်ကားတွေ ရိုက်လာတယ်။ ဒီပွဲတွေကနေ လူသားအရင်းအမြစ် ထွက်လာတယ်။ ကျနော်တို့ လောကအတွက် တကယ်လိုတဲ့ လူသားအရင်းအမြစ် ဒီကနေ ထွက်လာတယ်။ အဲဒီအတွက်ကြောင့် ကူညီဖြစ်တယ်။ ဘယ်သူပဲလုပ်လုပ် ကူညီချင်တယ်”လို့ ဒါရိုက်တာ ဏကြီးက ပြောပါတယ်။

ဒါရိုက်တာ ဏကြီးကတော့ သူတတ်ထားတဲ့ ရုပ်ရှင်နဲ့ ပတ်သက်တဲ့ အတွေ့အကြုံများ၊ ဗဟုသုတများကို လူငယ်များအတွက် လက်ဆင့်ကမ်း မျှဝေလျက်ရှိပြီး နောက်တက်လာမယ့် လူငယ်မျိုးဆက်များက ရုပ်ရှင်လောကကို ပြောင်းလဲနိုင်မယ်လို့ ယုံကြည်တယ်လို့ ဆိုပါတယ်။

You May Also Like These Stories:

“စာရေးဆရာတွေ ပေးချင်တဲ့ ရသ မပျောက်အာင် ရုပ်ရှင်မှာ ပြန်ရိုက်တယ်”လို့ ဒါရိုက်တာ ဏကြီး ပြော

“Now & Ever” ကို မြန်မာကားဖြစ်အောင် ရိုက်မယ့် ဒါရိုက်တာ ခရစ္စတီးနားခီ

The post မိုးမိုး (အင်းလျား) ရဲ့”ငြိမ်းကိုရှက်ပါ” ဝတ္ထုကို ရုပ်ရှင်ရိုက်ဖို့ ပြင်ဆင်နေတဲ့ ဒါရိုက်တာ ဏကြီး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...