Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ခင်ခင်ထူး ဝတ္ထုထဲက “မပုန်းရည်” ကာရိုက်တာအတွက် ခိုင်သင်းကြည် ဘာတွေ ပြင်ဆင်ထားလဲ

$
0
0

မကြာခင်မှာ ရိုက်ကူးတော့မယ့် စာရေးဆရာမ ခင်ခင်ထူးရဲ့ “ဆူးပန်းခွေ သွယ်ဘယက်နှင့် ပေရွက်လိပ် နားတောင်းဆင်” ဝတ္ထုကို ဇာတ်လမ်းတွဲအဖြစ် ပြန်လည် ပုံဖော်ရာမှာ အဓိက ဇာတ်ကောင်ဖြစ်တဲ့ မပုန်းရည်နေရာမှာ သရုပ်ဆောင်မယ့် အကယ်ဒမီ ခိုင်သင်းကြည်ကတော့ သူ့အနေနဲ့ ဘာတွေပြင်ဆင်နေလဲဆိုတာကို အခုလိုပဲ ပြောပြခဲ့ပါတယ်။

“ပြင်ဆင်တာကတော့ အဝတ်အစားပိုင်းလေးတွေ ပြင်ဆင်ရတယ်။ ဆံပင်ဆိုရင်လည်း အမည်း ဆိုးလိုက်တယ်။ အရင်ခေတ်ဆိုတော့ ဆံပင်အမည်း ဆိုးလိုက်တယ်။ ကျောင်းဆရာမလည်း ဆရာမဆိုတော့လေ။ လက်သည်းတွေလည်း ဖျက်ရမယ်။ မိတ်ကပ် အများကြီး မလိမ်းရဘူး။ သနပ်ခါး ရေကျဲလေးနဲ့။ အဝတ်အစားကတော့ ရင်ဖုံးလေးနဲ့ ခါးတိုလေးနဲ့ဝတ်ရမှာပေါ့။ ရိုးရိုးရှင်းရှင်းလေးပါပဲ”လို့ ခိုင်သင်းကြည်က ပြောပါတယ်။

မပုန်းရည် ကာရိုက်တာကတော့  ရုပ်အလှထက် စိတ်အလှကို ရိုက်မှာဖြစ်တဲ့အတွက် စိတ်ကို အကြည်လင်ဆုံးထားပြီး သရုပ်ဆောင်ဖို့အတွက် လိုအပ်တယ်လို့ ဆိုပါတယ်။

“ကာရိုက်တာအတွက် ဘာမှပြင်ဆင်စရာ မလိုဘူး။ ကာရိုက်တာက ရုပ်အလှထက် စိတ်အလှလေးကို ရိုက်မှာဆိုတော့ မခိုင်ရဲ့စိတ်ကလေးကို ကြည်ကြည်လင်လင်လေး ထားလိုက်ရင် ပြီးသွားတာပါပဲ။ ကားထဲမှာလည်း အိုဗာတွေ မပါဘူး။ သက်သက်သာသာပါပဲ။ ကိုယ့်စိတ်ကို အတတ်နိုင်ဆုံး ရှင်းရှင်းလေးထားပြီး မပုန်းရည်ရဲ့ စိတ်ကို ထည့်ထားလိုက်ရင် အရမ်းကိုလွယ်ပြီး ပီပြင်မယ်လို့ ထင်ပါတယ်” လို့ ခိုင်သင်းကြည်က ပြောပါတယ်။

ဒီဇာတ်လမ်းတွဲကတော့ “ခ”သုံးလုံး ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ တတိယမြောက် ခြေလှမ်းဖြစ်ပြီး ထုတ်လုပ်သူတဦးအနေနဲ့ ရိုက်ကူးဖြစ်ခဲ့ပုံကိုလည်း အခုလို ပြောပြခဲ့ပါတယ်။

“အတတ်နိုင်ဆုံး ကြိုးစားရမှာပါ။ ဒီကားလေးက ရိုက်ဖို့ဖြစ်လာတယ်ဆိုတာက ပထမဆုံး ကိုခန့်ပေါ့။ ကိုခန့်က ဒီဇာတ်လေးကိုဖတ်ပြီး အရမ်းကြိုက်တယ်။ သူက အရမ်း စာဖတ်တယ်။ စာကောင်းပေကောင်းတွေ အရမ်းဖတ်တယ်။ ဆရာမရဲ့ဝတ္ထုကို ရိုက်မယ်လို့ပြောလိုက်ကတည်းက ဆရာမမှာ ဝတ္ထုကောင်းတွေ အများကြီးရှိတယ်။ အရမ်းလည်းကောင်းတယ် ဆိုတော့ ဝမ်းသာသွားတယ်။ မဖတ်ခင်ကတည်းကပေါ့”

“ဖတ်ကြည့်တဲ့။ အရမ်းကောင်းတယ်လို့ ပြောတဲ့အခါမှာ တော်တော်လေးကို ကြိုက်သွားတယ်။ ခသုံးလုံး ရုပ်ရှင် ထုတ်လုပ်ရေးအနေနဲ့ ဒီလိုမျိုး အကျိုးပြုကားလေးတွေ ရိုက်ချင်တာနဲ့ ရိုက်ဖြစ်သွားတာပါ” လို့ ခိုင်သင်းကြည်က ပြောပါတယ်။

“ဆူးပန်းခွေ သွယ်ဘယက်နှင့် ပေရွက်လိပ် နားတောင်းဆင်” ကို ဇာတ်လမ်းတွဲအဖြစ် ပုံဖော်ပေးမယ့် ဒါရိုက်တာကတော့ ဒါရိုက်တာဇော်မြင့်ဦးဖြစ်ပြီး သရုပ်ဆောင်များအဖြစ် ခန့်စည်သူ၊ အောင်ရေချမ်း၊ ထွန်းအိန္ဒြာဗို၊ ခိုင်သင်းကြည်၊ ဖြိုးခန့်သော်၊ ဂရိတ်ချမ်း၊ ထက်မြတ်၊ ကောင်းစစ်သွေး၊ ရွှေစင်ဝင့်ရှိန်၊ ဘုန်းဆက်သွင်နဲ့ အခြားသော သရုပ်ဆောင်များ ပါဝင်မှာ ဖြစ်ပါတယ်။

အဆိုပါ ဇာတ်လမ်းတွဲကိုတော့ ဇွန်လအတွင်းမှ စတင်ကာ ပုပ္ပား ၊ကျောက်ပန်းတောင်း နယ်တဝိုက်မှာ ၃ လကြာ သွားရောက် ရိုက်ကူးမှာဖြစ်ပြီး MRTV-4 ရုပ်သံလိုင်းကနေ ပြသသွားမှာဖြစ်ပါတယ်။

You may also like these stories:

သရုပ်ဆောင်အလုပ်ကို စတင်လုပ်နေပြီ ဖြစ်တဲ့ Team 143 မှ Double J နဲ့ မြတ်အမရာမောင်

Tom Boy အနေနဲ့ သရုပ်ဆောင်ထားပြီး LGBT တွေကို ထိခိုက်မှာ စိုးရိမ်တဲ့ သဲသဲဆုငြိမ်း

“အနုပညာသက်တမ်း ၉ နှစ်အတွင်း တော်တော်သည်းခံခဲ့ရတယ်”လို့ ဆုထက်ကုဋေ ပြော

သားလေးရဲ့ ဘာသာစကား မကွဲပြားတဲ့ ပြဿနာအကြောင်း ပြောပြတဲ့ ဒါရိုက်တာ ခရစ္စတီးနားခီ

The post ခင်ခင်ထူး ဝတ္ထုထဲက “မပုန်းရည်” ကာရိုက်တာအတွက် ခိုင်သင်းကြည် ဘာတွေ ပြင်ဆင်ထားလဲ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


ဘုရင့်နောင်မှ အုန်းပေါင်၊မိုးကောင်း၊မိုးနဲ ပြည်များကို သိမ်းပြီးနောက်...


TTA Oreo Gapp Installer


(ဒုတိယရင်ခွင်နဲ့ရှင်သန်ခြင်း)ဝထ္ထုတို(စ..ဆုံး)


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တာနောယက္ခ


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေးများ ဖတ်ပေးပါရန်)


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


၂၀၁၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အတွေ့အကြုံမှသည် အနာဂတ် နယ်စပ်ပညာရေး...


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


“တိုင်းပြည်အင်အားရှိမှ တပ်မတော်အင်အားရှိမည်”


အလုပ်ဟောင်း နေရာဟောင်း ပြန်ရချင်သူများအတွက် ယတြာ


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”