Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

နိုင်ငံတကာကို သွားပြိုင်မယ့် အလှမယ်တွေအတွက် ဆောင်ရန်၊ ရှောင်ရန်တွေ ပြောပြတဲ့ စဝ်ယွန်းဝတီဦး

$
0
0

နိုင်ငံတကာ အလှမယ်ပြိုင်ပွဲများကို မြန်မာနိုင်ငံမှ အလှမယ်များ သွားရောက် ယှဉ်ပြိုင်တဲ့အခါ ပြင်ဆင်သွားသင့်တဲ့ အကြောင်းအရာများနဲ့ ပတ်သက်ပြီး Miss International 2017 ပြိုင်ပွဲကြီးအား ဂျပန်နိုင်ငံမှာ သွားရောက် ယှဉ်ပြိုင်ခဲ့တဲ့ Miss Myanmar International 2017 အလှမယ် စဝ်ယွန်းဝတီဦးက အခုလိုပဲ ပြောပြခဲ့ပါတယ်။

“International ပွဲတွေမှာတော့ အလှမယ် တယောက် လေ့လာရမှာတွေကို လေ့လာသွားတယ်။ ကမ္ဘာကြီး ကောင်းကျိုးပြုဖို့နဲ့ ပတ်သက်တာတွေ၊ မိန်းမတယောက်အတွက် လိုအပ်ချက်နဲ့ ပတ်သက်တာတွေ လေ့လာတယ်။ အဲဒီထဲကမှ ကိုယ်ပြောမယ့်ဟာလေးတွေကို List လေးလုပ်ပြီးတော့ စတိတ်ပေါ်မှာ ကောင်းကောင်းမွန်မွန် ပြောနိုင်ရင် ပိုအဆင်ပြေတာပေါ့။ ဒီတိုင်းကြီး ဘာမှ မပြင်ဆင်ဘဲ သွားပြီး ပြောချင်တာတွေပြောတာတော့ အဆင်မပြေဘူး ထင်ပါတယ်”လို့ အလှမယ် စဝ်ယွန်းဝတီဦးက ပြောပါတယ်။

အလှမယ်များအနေနဲ့ ပြိုင်ပွဲပေါ် မူတည်ပြီး ကမ္ဘာသုံး ဘာသာစကားဖြစ်တဲ့ အင်္ဂလိပ်စကားကို ပြောတတ်ရန် လိုအပ်ပြီး၊ မပြောတတ်ပါကလည်း မိခင်ဘာသာစကားနဲ့သာ ပြောဆိုနိုင်သော်လည်း အင်္ဂလိပ်လိုကတော့ အားလုံးပြောတတ်ဖို့ လိုတယ်လို့ စဝ်ယွန်းဝတီဦးက ပြောပါတယ်။

“ပြိုင်ပွဲပေါ် မူတည်တာပေါ့။ အင်္ဂလိပ်လို ပြောတတ်ရမယ်၊ ပြောနိုင်ရမယ်ဆိုတဲ့ ပွဲတွေ ရှိတယ်။ တချို့ကျတော့ စကားပြန်တွေနဲ့ ပြောရတဲ့ပွဲတွေ ရှိတယ်။ International ပွဲတွေကတော့ သေချာတယ်။ အင်္ဂလိပ်ပြောတတ်ရတယ်။ တချို့တခြားနိုင်ငံက Miss တွေ အင်္ဂလိပ်စကား လုံးဝ မပြောတတ်တဲ့သူတွေ ပါတယ်။ တရုတ်တို့၊ ဘာတို့ပေါ့။ သူတို့ကျတော့ တရုတ်လို ပြောလို့ရတယ်။ ဂျပန်လို ပြောတတ်ရင်လည်း အဆင်ပြေတယ်။ အင်္ဂလိပ်လိုကတော့ အားလုံး ပြောတတ်ရမယ်ပေါ့နော်”လို့ စဝ်ယွန်းဝတီဦးက ပြောပါတယ်။

အင်္ဂလိပ်စကား တတ်မြောက်ရန် လိုအပ်တယ်ဆိုပေမယ့် အင်္ဂလိပ်စာ တခုတည်းတင်မကဘဲ တခြားသော အရည်အချင်းများလည်း ရှိဖို့ လိုအပ်တဲ့အတွက် ကြိုတင်ပြင်ဆင်ရမှာဖြစ်တယ်လို့ သူက ဆိုပါတယ်။

“လုံးဝ Level အမြင့်ကြီး မဟုတ်ရင်တောင် Level တခုလောက်တော့ ကိုယ်လေ့လာထားတာကို အများ နားလည်အောင်၊ အရမ်း ကျွမ်းကျင်ကြီး မဟုတ်ရင်တောင် သူများ နားလည်အောင် ကောင်းကောင်းမွန်မွန်လေး ပြောတတ်ရင် ရပါတယ်။ အင်္ဂလိပ်စာ တခုတည်းကပဲ အဓိက မဟုတ်ဘူး။ ကိုယ့်ရဲ့ Personality၊ Camp အတွင်းမှာ တခြားသူတွေနဲ့ ဘယ်လောက် ပူးပေါင်းဆောင်ရွက်နိုင်လဲ၊ ကိုယ့်ရဲ့ ဖက်ရှင်တွေ၊ ကိုယ့်ရဲ့ Performance တွေ အဲဒါတွေကလည်း အများကြီး အမှတ်သယ်သွားနိုင်တယ်”လို့ စဝ်ယွန်းဝတီဦးက ပြောပါတယ်။

အလှမယ် စဝ်ယွန်းဝတီဦးကတော့ Miss Myanmar International 2017 ပြိုင်ပွဲကြီးမှာ သရဖူ ရရှိခဲ့ပြီး မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ ဂျပန်နိုင်ငံမှာ သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ်တယောက် ဖြစ်သလို ယခုအခါမှာလည်း သရုပ်ဆောင် တယောက်အဖြစ် ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးနေပါတယ်။

The post နိုင်ငံတကာကို သွားပြိုင်မယ့် အလှမယ်တွေအတွက် ဆောင်ရန်၊ ရှောင်ရန်တွေ ပြောပြတဲ့ စဝ်ယွန်းဝတီဦး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...