မေလ ၃၁ ရက်နေ့ညက ရန်ကုန်မြို့၊ နိုဗိုတယ်ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ ၇ ကြိမ်မြောက် Miss Universe Myanamar 2019 အလှမယ်ပြိုင်ပွဲမှာ Miss Universe Myanmar 2019 အလှမယ် သရဖူကို ဆွတ်ခူးရရှိခဲ့တဲ့ အလှမယ် ဆွေဇင်ထက်ကတော့ သူ့မရဲ့ ဖြစ်ချင်တဲ့ အိပ်မက် တကယ်ဖြစ်လာခဲ့ပြီလို့ ဆိုပါတယ်။
“ညီမရဲ့ အိပ်မက်တွေ တကယ်ဖြစ်လာခဲ့ပါပြီ ပထမဦးဆုံး ညီမကို Miss Universe Myanmar အဖြစ် ယုံကြည်စွာ တာဝန်ပေးအပ်ခဲ့တဲ့ National Director အစ်မ စိုးယုဝေကို ကျေးဇူးအထူး တင်ပါတယ်ရှင့်။ ညီမကို ငယ်ငယ်ကတည်းကနေ အခုချိန်ထိ စောင့်ရှောက် ဖြည့်ဆည်းပေးတဲ့ အဖေ၊ အမေနဲ့ မမကိုလည်း အရမ်းချစ်တယ်”လို့ Miss Universe Myanmar 2019 အလှမယ် ဆွေဇင်ထက်က ကျေးဇူးတင်စကား ဆိုထားပါတယ်။
အလှမယ် ဆွေဇင်ထက်ဟာ Miss Universe Myanmar 2019 ပြိုင်ပွဲကြီးကို ဘားအံကိုယ်စားပြု အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး Miss Universe Myanmar 2019 Grand Final ပွဲမှာ သရဖူကို ရရှိခဲ့တာ ဖြစ်ပါတယ်။
“စူပါမန်းလို့ အခုချိန်ထိ မျက်နှာ မငယ်အောင် အားပေးခဲ့ကြတဲ့ ပရိတ်သတ်တွေ အားလုံးကို အရမ်းချစ်တယ်။ ရှေ့လျောက် စူပါမန်းကို အားပေးချစ်ကြတဲ့သူတွေ စိတ်မပျက်အောင် အကောင်းဆုံး ကြိုးစားပါမယ်လို့ ကတိပေးပါတယ်ရှင့်” လို့ ဆွေဇင်ထက်က ဆိုပါတယ်။
အလှမယ် ဆွေဇင်ထက်ကတော့ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် တယောက်အနေနဲ့ နိုင်ငံတကာမှ အလှမယ်များနဲ့အတူ ပြည်ပနိုင်ငံမှာ သွားရောက် ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။
Miss Universe Myanmar ပြိုင်ပွဲကြီးကိုတော့ ၂၁၀၃ ခုနှစ်မှ စတင်ကာ ကျင်းပခဲ့တာဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ အလှမယ် မိုးစက်ဝိုင်၊ ၂၀၁၄ခုနှစ်မှာ သျှားထွဋ်အိန္ဒြာ၊ ၂၀၁၅ခုနှစ်မှာ မေဘရဏီသော်၊ ၂၀၁၆ ခုနှစ်မှာ ထက်ထက်ထွန်း၊ ၂၀၁၇ခုနှစ်မှာ နှင်းသွေးယုအောင်နဲ့ ယခုနှစ်မှာတော့ ဆွေဇင်ထက်တို့က အသီးသီး ရရှိခဲ့ကြတာ ဖြစ်ပါတယ်။
The post Miss Universe Myanmar ဖြစ်ချင်တဲ့ အိပ်မက် တကယ်ဖြစ်ခဲ့လို့ ပျော်နေတဲ့ အလှမယ် ဆွေဇင်ထက် appeared first on ဧရာဝတီ.