Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မေတိုးခိုင်ကို ဇာတ်ကားနဲ့ လိုက်ဖက်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးလို့ မြင်တဲ့ နေတိုး

$
0
0

သရုပ်ဆောင် နေတိုး၊ အိန္ဒြာကျော်ဇင်နဲ့ တူမဖြစ်သူ မေတိုးခိုင်တို့ ပါဝင်ထားတဲ့ “ရူးအောင်ချစ်မယ့်သူ” ရုပ်ရှင်မှာတော့ မေတိုးခိုင်က သရုပ်ဆောင်အသစ် တယောက်အနေနဲ့ ပါဝင်ထားပြီး မေတိုးခိုင်အပေါ် နေတိုးက ဇာတ်ကားနဲ့ လိုက်ဖက်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတယောက်လို့ မြင်ကြောင်း ပြောပါတယ်။

သရုပ်ဆောင် မေတိုးခိုင်၊ အိန္ဒြာကျော်ဇင်နဲ့ နေတိုး

“ရူးအောင်ချစ်မယ့်သူ ရုပ်ရှင်မှာက ကျနော်ရယ်၊ မအူဝဲရယ်၊ မေတိုးခိုင်ရယ် ပါတယ်။ ကျနော်က ပန်းချီဆရာ တယောက်ပေါ့။ ကြိုးစားထားပါတယ်။ အဲဒီကားထဲမှာ မအူဝဲလည်း ပါတယ်ဆိုတော့ အကုန်လုံး ကျနော်တို့ သရုပ်ဆောင် အသစ်တယောက်အပေါ်မှာ အများကြီး အာရုံစိုက်ပြီး ကြိုးစားထားပါတယ်။ သူ (မေတိုးခိုင်) လည်း တကယ်ကို ဇာတ်ကားနဲ့ လိုက်ဖက်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတယောက်လို့ ကျနော် မြင်ပါတယ်”လို့ နေတိုးက ပြောပါတယ်။

အဆိုပါ “ ရူးအောင်ချစ်မယ့်သူ” ရုပ်ရှင်ဇာတ်ကားမှာတော့ နေတိုးက ပန်းချီဆရာ တယောက်အနေနဲ့ သရုပ်ဆောင်ထားပြီး ဇာတ်ဝင်ခန်းတခုအတွက် မေတိုးခိုင်ရဲ့ ပုံတူ ပန်းချီကိုလည်း ကိုယ်တိုင် ရေးဆွဲခဲ့ပါတယ်။

မေတိုးခိုင်ရဲ့ ပုံတူ ပန်းချီကို ကိုယ်တိုင်ရေးဆွဲခဲ့တဲ့ နေတိုး

“ကျနော်က ဒီအလုပ်ကို မလုပ်ခင်ကတည်းက အနုပညာကို ချစ်တယ်။ အနုပညာဆိုတာက အများကြီးပဲဆိုတော့ အဲဒီအများကြီးထဲကမှ ပန်းချီပညာကို မြတ်နိုးတယ်။ စာရေးတာတွေလည်း တခါတလေ ရေးတယ်။ လေ့လာထားတာပေါ့။ ဝါသနာပါတဲ့ အရာထဲက တခုဆိုတော့ ရေးဖြစ်သွားတာပါ။ ပန်းချီက ၃ ကားလား မသိဘူး၊ ရေးလိုက်တယ်။ ရေဆေးပေါ့”လို့ နေတိုးက မေတိုးခိုင်ရဲ့ ပုံတူပန်းချီ ရေးဖြစ်ပုံနဲ့ ပတ်သက်ပြီး ပြောပါတယ်။

နေတိုးကတော့ စွယ်စုံရ အနုပညာရှင်တယောက်လို့ ပြောနိုင်အောင် အနုပညာ လိုအပ်ချက်အရ သရုပ်ဆောင်အလုပ်အပြင် သီချင်းဆိုခြင်း၊ စာရေးခြင်း၊ ပန်းချီဆွဲခြင်း၊ Special Makeup လိမ်းခြယ်ခြင်း၊ အသံတုပြုလုပ်ခြင်း စတာတွေကို ပြုလုပ်နိုင်တာ တွေ့ရပါတယ်။

“အားလုံးလည်း သိမှာပါ။ ကျနော် သီချင်းတွေ ဆိုဖို့ လိုအပ်ရင်လည်း ဆိုတယ်။ ပန်းချီဆွဲဖို့ လိုအပ်ရင်လည်း ဆွဲတယ်။ Special Makeup လိမ်းဖို့ လိုရင်လည်း လိမ်းတယ်။ ဒါလေးကတော့ ကျနော့်အနေနဲ့ မထူးဆန်းဘူး”လို့ နေတိုးက ပြောပါတယ်။

“ရူးအောင်ချစ်မယ့်သူ” ရုပ်ရှင်ကိုတော့ ရုံတင်ပြသမယ့်အချိန် မသိသေးသော်လည်း ဒီကားဟာ ရိုမန့်တစ် ဇာတ်ကားကောင်းတကား ဖြစ်တဲ့အတွက် ပရိသတ်များအနေနဲ့ အားပေးစေချင်တယ်လို့ ဆိုပါတယ်။

“ဒီကားက ဘယ်တော့တင်မလဲ ဆိုတာတော့ ကျနော် မသိသေးဘူး။ ဒီကားလေး ရုံတင်ရင်လည်း အားပေးကြပါလို့။ ဒီကားလေးကလည်း ရိုမန့်စ်ကားလေးဆိုတော့ ကျနော့်အနေနဲ့လည်း ရိုမန့်စ်က ရှားသွားပြီ။ ရိုမန့်စ် ကားကောင်းလေး တကားလည်း ဖြစ်တဲ့အတွက် အားပေးဖို့ပြောချင်ပါတယ်” လို့ နေတိုးက ပြောပါတယ်။

You may also like these stories:

စိတ်ဝင်စားမှုရှိတဲ့ “ရုပ်ရှင်ဇာတ်ဝင်တေးသီချင်း”တွေဆို ကိုယ်တိုင်သီဆိုဖြစ်တယ်လို့ နေတိုးပြော

မွေးရပ်မြေ မာန်အောင်မှာ ရုပ်ရှင်ရုံဆောက်ဖို့ ကြိုးစားနေတဲ့ သရုပ်ဆောင် နေတိုး

သဘင်ပညာအတွက် ရှိသင့်တဲ့ဇာတ်ကား ဖြစ်တာကြောင့် “ပြုံးရွှင်ရေ ပျော်ရဲ့လား”ကို ရိုက်ခဲ့တဲ့ နေတိုး

The post မေတိုးခိုင်ကို ဇာတ်ကားနဲ့ လိုက်ဖက်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးလို့ မြင်တဲ့ နေတိုး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...