Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မြောက်အမေရိကဈေးကွက်မှာ “Godzilla: King Of The Monsters”ရုပ်ရှင် အောင်ပွဲခံ

$
0
0

“Godzilla: King of the Monsters” ရုပ်ရှင်ဟာ အဖွင့်သီတင်းပတ်မှာပဲ ရုံဝင်ငွေစာရင်းကို ဦးဆောင်နိုင်ခဲ့ ပေမယ့် ရိုက်ကူး ကုန်ကျစရိတ် ဒေါ်လာ သန်း ၂၀၀ ရှိတဲ့ အဲဒီရုပ်ရှင်ဟာ မြောက်အမေရိက ရုံဝင်ငွေ စာရင်းမှာတော့ ဒေါ်လာ ၄၉ သန်းပဲ ရရှိခဲ့တာကို တွေ့ရပါတယ်။

Variety မီဒီယာရဲ့အဆိုအရ Warner Bros. ရဲ့ အမှုဆောင်အရာရှိတွေဟာ စတူဒီယိုရဲ့ “MonsterVerse” ရုပ်ရှင်စီးရီး တတိယမြောက် နောက်ဆက်တွဲ ရုပ်ရှင်ဟာ အရင်ရုပ်ရှင်တွေလိုမျိုးပဲ တခြား ပင်လယ်ရပ်ခြားဒေသတွေမှာ ငွေပြန်ဝင်မယ်လို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

ရုပ်ရှင်အတွက် စိန်ခေါ်မှုနဲ့ ရည်မှန်းချက်ကတော့ ပရိသတ် အရေအတွက်ကို ဒီထက် တိုးချဲ့ဖို့ ဖြစ်တဲ့အကြောင်း၊ ရုပ်ရှင်ဟာ ပရိသတ် အခြေစိုက်တာထက် ကျော်လွန်တဲ့ နေရာတခုဆီ တိုးချဲ့နိုင်တဲ့အပေါ် မူတည်နေတယ်လို့ Warner Bros. ပြည်တွင်းဖြန့်ချိရေး အကြီးအကဲ Jeff Goldstein က ဆိုပါတယ်။

ဒါ့အပြင် အခုသီတင်းပတ်ဟာ ကလေးတွေ ကျောင်းစပိတ်တဲ့ အချိန်ဖြစ်တဲ့အပြင် လူတွေလည်း ပျော်ပွဲစား ထွက်ကြတဲ့ အချိန်အတွင်းမှာ ဖြစ်တာကြောင့် ၇ ရက်အတွင်းမှာ ပရိသတ်တွေ ရလာမယ်လို့ မျှော်လင့်တဲ့အကြောင်းလည်း ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် ရုပ်ရှင်ဝင်ငွေ စာရင်းမှာ ချန်ပီယံဖြစ်ခဲ့တဲ့ “Aladdin” ကတော့ ဝင်ငွေကောင်းနေဆဲ ဖြစ်ပေမယ့် အခုသီတင်းပတ်မှာ ဒေါ်လာ ၄၂ ဒဿမ ၃ သန်းရရှိပြီး ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

မြောက်အမေရိကဈေးကွက်မှာ သီတင်းနှစ်ပတ်ပေါင်းဝင်ငွေဟာ ဒေါ်လာ ၁၈၅ သန်းရှိပါတယ်။ အဆိုတော် Elton John ရဲ့ အတ္ထုပ္ပတ္တိရုပ်ရှင် “Rocketman” ကတော့ ဒေါ်လာ ၂၅ သန်းနဲ့အဖွင့်သီတင်းပတ်မှာပဲ တတိယနေရာမှာ ရှိနေပါတယ်။

ဒါဟာ ဒေါ်လာသန်း ၉၀၀ ရရှိခဲ့တဲ့ Queen အဖွဲ့ရဲ့ အတ္ထုပ္ပတ္တိရုပ်ရှင် “Bohemian Rhapsody” နဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ တော်တော်လေး အလှမ်းကွာနေတာကို မြင်တွေ့ရပါတယ်။ ရုပ်ရှင်ရဲ့ တော်ရုံသင့်ရုံ ကုန်ကျစရိတ်နဲ့ R အဆင့် သတ်မှတ်ချက်ကြောင့် ဝင်ငွေ နည်းတာ ဖြစ်နိုင်တယ်လို့ Variety မီဒီယာက သုံးသပ်ပါတယ်။

“Ma” ရုပ်ရှင်ကတော့ ဒေါ်လာ ၁၈ ဒဿမ ၂ သန်းနဲ့ စတုတ္ထနေရာမှာ ရှိနေပြီး “John Wick: Chapter 3 — Parabellum” ရုပ်ရှင်ကတော့ ဒေါ်လာ ၁၁ သန်း ပဉ္စမနေရာမှာ ရပ်တည်နေတာကို တွေ့ရပါတယ်။

Ref: etcanada

You may also like these stories:

လူကြည့်နှုန်း အများဆုံးစံချိန်နဲ့ အဆုံးသတ်သွားပြီဖြစ်တဲ့ “Game of Thrones” စီးရီး

“Avengers: Endgame” အတွက် သရုပ်ဆောင်ကြေး ဒေါ်လာ ၇၅ သန်းထက် ပိုရမယ့် Robert Downey Jr.

The post မြောက်အမေရိကဈေးကွက်မှာ “Godzilla: King Of The Monsters” ရုပ်ရှင် အောင်ပွဲခံ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...