Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မင်းသားကြီး အာနိုးရဲ့ သမီးနဲ့ လက်ထပ်လိုက်ပြီ ဖြစ်တဲ့ မင်းသား Chris Pratt

$
0
0

မင်းသား Chris Pratt နဲ့ မင်းသားကြီး အားနိုးရဲ့ သမီး Katherine Schwarzenegger တို့ဟာ လက်ထပ်လိုက်ကြပြီ ဖြစ်ပါတယ်။ အသက် ၃၉ နှစ်အရွယ် Pratt နဲ့ အသက် ၂၉ နှစ်အရွယ် Katherine တို့ဟာ ဇွန်လ ၈ ရက်နေ့မှာ သူတို့ လက်ထပ်လိုက်တဲ့အကြောင်း Instagram မှာ ကြေညာခဲ့ပါတယ်။

သူတို့က “မနေ့တုန်းက ကျမတို့ရဲ့ အကောင်းဆုံးနေ့ ဖြစ်ခဲ့ပါတယ်။ ကျနော်တို့၊ ကျမတို့ဟာ ဘုရားသခင်၊ မိသားစုဝင်တွေနဲ့ ကျမတို့ ချစ်ရတဲ့သူတွေရဲ့ ရှေ့မှောက်မှာ ဇနီးမောင်နှံ ဖြစ်လာခဲ့ကြပါပြီ။ ရင်းနှီးချစ်ခင် စိတ်လှုပ်ရှားခဲ့ကြရပါတယ်” လို့ ရေးသားခဲ့ပါတယ်။

သူတို့နှစ်ယောက်ဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ Montecito အရပ်မှာ လက်ထပ်ခဲ့ကြတာဖြစ်တယ်လို့ မင်းသား Pratt နဲ့ နီးစပ်သူတဦးက ဆိုပါတယ်။ Giorgio Armani ကုမ္ပဏီက သတို့သမီးရဲ့ ဂါဝန်နဲ့ သတို့သားရဲ့ ဝတ်စုံကို ဒီဇိုင်းချုပ် လုပ်ပေးထားတယ်လို့ သူတို့နှစ်ဦးက ဆိုပါတယ်။

Pratt နဲ့ Katherine တို့ဟာ လပေါင်းများစွာကြာ တိတ်တဆိတ် တွဲခဲ့ကြပြီးတဲ့နောက် ပြီးခဲ့တဲ့ ဇန်နဝါရီလမှာပဲ စေ့စပ်လိုက်တဲ့အကြောင်း ကြေညာခဲ့ပါတယ်။

“Guardians of the Galaxy” မင်းသား Pratt က “ချစ်တဲ့ Katherine ရေ။ မင်းက “Yes” လို့ ပြောလိုက်တဲ့ အချိန်မှာ အရမ်းပျော်ရပါတယ်။ မင်းကို လက်ထပ်ဖို့အတွက် စိတ်လှုပ်ရှားရပါတယ်။ မင်းကို ယုံကြည်ပြီး နေထိုင်ရမှာကို ဂုဏ်ယူမိပါတယ်။ ကဲ စပြီလေ” လို့ ရေးသားခဲ့ပါတယ်။

Katherine ဟာ ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း အာနိုးရှာဝါဇနဂ္ဂါနဲ့ သမ္မတဟောင်း John F. Kennedy ရဲ့ တူမ ဂျာနယ်လစ် Maria Shriver တို့ရဲ့ သမီး ဖြစ်ပါတယ်။ မင်းသား Pratt ကတော့ “Parks and Recreation” နဲ့ “Jurassic World” ရုပ်ရှင်တို့နဲ့ နာမည်ကျော်ကြားသူ တယောက်လည်း ဖြစ်ပါတယ်။

မင်းသား Pratt မှာ ဇနီးဟောင်း မင်းသမီး Anna Faris နဲ့ ရရှိထားတဲ့ Jack ဆိုတဲ့ သားတယောက်ရှိပါတယ်။ သူတို့နှစ်ယောက်ဟာ အိမ်ထောင်သက်တမ်း ၈ နှစ်အကြာ ၂၀၁၇ ခုနှစ်မှာ လမ်းခွဲခဲ့ကြတာဖြစ်ပါတယ်။ Katherine ကို စေ့စပ်လိုက်ပြီဖြစ်တဲ့အကြောင်း Instagram မှာ မင်းသား Pratt ကြေညာခဲ့စဉ်တုန်းက မင်းသမီး Faris က “ရှင်တို့နှစ်ယောက်လုံးအတွက် ကျမ အရမ်းပျော်ပါတယ်” လို့ တုံ့ပြန်ရေးသားခဲ့ပါတယ်။

Ref:CNN

You may also like these stories:

မင်းသား Chris Pratt နဲ့အတူ ဟောလိဝုဒ်ရုပ်ရှင်မှာ ပါဝင်မယ့် မင်းသမီး Priyanka Chopra

နယူးဒေလီမြို့မှာ မင်္ဂလာဧည့်ခံပွဲ ပြုလုပ်ခဲ့တဲ့ Nick Jonas နဲ့ Priyanka Chopra

ကမ္ဘာကျော်တွေကို တစုတစည်းတည်း မြင်ရမယ့် “Avengers: Endgame” ရိုက်ကွင်းဗီဒီယို

The post မင်းသားကြီး အာနိုးရဲ့ သမီးနဲ့ လက်ထပ်လိုက်ပြီ ဖြစ်တဲ့ မင်းသား Chris Pratt appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...