Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

MMA ကြိုးဝိုင်းအတွင်းမှာ ယှဉ်ပြိုင်ထိုးနှက်ဖို့ Tom Cruise ကို Justin Bieber စိန်ခေါ်

$
0
0

အဆိုတော် Justin Bieber ကတော့ မဖြစ်နိုင်တဲ့ မစ်ရှင်တခုကို အကောင်အထည် ဖော်တော့မယ်ပုံမှာ ရှိပါတယ်။ အသက် ၂၅ နှစ်အရွယ် Bieber ဟာ ဆဋ္ဌဂံပုံကွင်းထဲမှာ ယှဉ်ပြိုင်ထိုးနှက်ဖို့ မင်းသား Tom Cruise ကို ဇွန်လ ၉ ရက်နေ့မှာ စိန်ခေါ်လိုက်ပါတယ်။

Bieber က “ဆဋ္ဌဂံပုံကွင်းထဲမှာ ယှဉ်ပြိုင်တိုက်ခိုက်ကြဖို့ Tom Cruise ကို ကျနော် စိန်ခေါ်ချင်ပါတယ်။ Tom ရေ ကြောက်လို့ ဒီပွဲကို လက်မခံဘူးဆိုရင်တော့ တသက်လုံး ခေါင်းမဖော်နိုင်အောင် အပြောခံရမှာနော်” လို့ Twitter မှာ ရေးသားခဲ့ပါတယ်။ အရပ် ၅ ပေ ၉ လက်မ ရှိတဲ့ အဆိုတော် Bieber က UFC ကုမ္ပဏီဥက္ကဋ္ဌ Dana White ကိုလည်း ဒီပွဲ စီစဉ်ပေးမှာလားဆိုပြီးတော့လည်း မေးမြန်းထားပါသေးတယ်။

အခုလိုမျိုး မင်းသား Tom နဲ့ ယှဉ်ပြိုင်ထိုးနှက်ဖို့ ဘာကြောင့် စိန်ခေါ်ရတယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အခုလိုမျိုး အသက် ၅၆ နှစ်အရွယ် “Mission Impossible” မင်းသားကို ထိုးသတ်ဖို့ စိန်ခေါ်တဲ့နေရာမှာ Bieber ဟာ အနိုင်ပဲရမလား၊ ဒဏ်ရာပဲ ရမလားဆိုတာကို Twitter မှာကတော့ ပရိသတ်တွေက ခန့်မှန်းပြောဆို နေကြပါတယ်။

ပရိသတ်တယောက်ကတော့ “Tom Cruise ဆိုတာ အနိုင်မရနိုင်တဲ့ စက်စွမ်းအားနဲ့ အလျင်နှုန်း ရှိရုံသာမက သူဟာ သေဖို့ လုံးဝ မကြောက်တဲ့ ရူးလောက်တဲ့ လူတယောက်ပါ။ ကံကောင်းပါစေ။ Justin” လို့ ဖော်ပြထားပါတယ်။

နောက်တယောက်ကတော့ “Tom Cruise က ကိုယ်ပိုင်စတန့်တွေကို တီထွင်တယ်။ အသက်ကို ရင်းတယ်။ အဲ့ဒီတော့ ဒီကောင်လေးက ဘာလုပ်မှာလဲ” ဆိုပြီး ပြောဆိုထားပါတယ်။

UFC ချန်ပီယံ Conor McGregor ကိုတော့ အဲ့ဒီပွဲမှာ ကျင်းပသူ အဖြစ်ဆောင်ရွက်ပေးဖို့ ကမ်းလှမ်းထားပါတယ်။ McGregor က “တကယ်လို့ Tom Cruise က ဒီစိန်ခေါ်မှုကို လက်ခံမယ် ဆိုရင်တော့ McGregor Sports and Entertainment က ဒီပွဲကို လက်ခံကျင်းပပေးမှာပါ။ Cruise မှာ တိုက်ခိုက်ဖို့ အဆင်ပြေတယ်ဆိုရင် ရုပ်ရှင်ထဲကလို တိုက်ခိုက်မှာလား။ စောင့်ကြည့်ပေးကြပါ” လို့ Twitter မှာ ရေးသားခဲ့ပါတယ်။

ဒါပေမဲ့ မင်းသား Tom ဘက်ကရော UFC ဥက္ကဋ္ဌ White ကရော တခုခု တုံ့ပြန်တာ မရှိသေးပါဘူး။

Ref: pagesix

You may also like these stories:

Ed Sheeran နဲ့ Justin Bieber တို့ရဲ့ “I Don’t Care” အမည်ရှိ သီချင်းအသစ် ထွက်ရှိလာ

တချိန်က စိတ်ဓာတ်ကျပြီး မူးယစ်ဆေး စွဲခဲ့တဲ့အကြောင်း Justin Bieber ပြောပြ

“Mission: Impossible” ရုပ်ရှင်အသစ် ၂ကားမှာ မင်းသား Tom Cruise ကို ထပ်မံမြင်တွေ့ရဦးမည်

Jack Reacher အဖြစ် သရုပ်ဆောင်ဖို့ အရပ်ပုလွန်းနေတဲ့ မင်းသား Tom Cruise

The post MMA ကြိုးဝိုင်းအတွင်းမှာ ယှဉ်ပြိုင်ထိုးနှက်ဖို့ Tom Cruise ကို Justin Bieber စိန်ခေါ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...