Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ “Secret Life Of Pets 2”ရုပ်ရှင် ထိပ်ဆုံးသို့ ရောက်ရှိ

$
0
0

မြောက်အမေရိကရုပ်ရှင် ရုံဝင်ငွေစာရင်းမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ရုပ်ရှင်တော့ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်လမ်းရဲ့ နောက်ဆက်တွဲဖြစ်တဲ့ “The Secret Life of Pets 2” ရုပ်ရှင်ပဲ ဖြစ်ပါတယ်။

Kevin Hart နဲ့ Patton Oswalt တို့ ဦးဆောင်ပါဝင်ထားတဲ့ အဲ့ဒီ ရုပ်ရှင်ကို ဒေါ်လာ သန်း ၅၀ လောက် ရမယ်လို့ ကနဦး ခန့်မှန်းထားခဲ့ပေမယ့် ဒေါ်လာ ၄၇ ဒဿမ ၁ သန်းပဲ ရရှိခဲ့တာကို တွေ့ရပါတယ်။ ကမ္ဘာတဝန်းမှာတော့ အဲ့ဒီရုပ်ရှင်ဟာ ဝင်ငွေ ဒေါ်လာ ၉၇ သန်း ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာ စိတ်ပျက်စရာ ကောင်းခဲ့တာက Marvel Comics ဇာတ်လမ်းတွဲ နောက်ဆုံး ရုပ်ရှင်ဖြစ်တဲ့ “Dark Phoenix” ဟာ ပထမဆုံး သီတင်းပတ်မှာတင် ဒေါ်လာ ၃၃ သန်းပဲ ရရှိခဲ့တာ ဖြစ်ပါတယ်။

Coming Soon မီဒီယာရဲ့အဆိုအရ အဲ့ဒီရုပ်ရှင်ဟာ “X-Men” ရုပ်ရှင်တွေထဲမှာ ရုံတင်ပြီး ပထမအပတ်အတွင်း ရုံဝင်ငွေစာရင်း နံပါတ် ၁ နေရာကို မရောက်ခဲ့တဲ့ ပထမဆုံး ရုပ်ရှင်လည်း ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ကမ္ဘာတဝန်းမှာတော့ ဒေါ်လာ ၁၀၇ သန်း ရရှိပြီး စုစုပေါင်း ဝင်ငွေဒေါ်လာ သန်း ၁၄၀ နဲ့ ကမ္ဘာတဝန်းမှာ နံပါတ် ၁ ဖြစ်ခဲ့ပါတယ်။

“Aladdin” ရုပ်ရှင်ကတော့ ပြီးခဲ့တဲ့ သီတင်းပတ်ရဲ့ တတိယနေရာမှာ ရှိနေပြီးတော့ ဒေါ်လာ ၂၄ ဒဿမ ၅ သန်း ရရှိခဲ့ပါတယ်။ အခုအထိဆိုရင် ကမ္ဘာတဝန်းကနေ စုစုပေါင်း ဝင်ငွေ ဒေါ်လာ ၆၀၄ ဒဿမ ၉ သန်း ရရှိထားပြီး ဖြစ်ပါတယ်။

စတုတ္ထနေရာမှ ာရှိနေတာက “Godzilla: King of the Monsters” ရုပ်ရှင်ဖြစ်ပြီး မြောက်အမေရိကပြည်တွင်းမှာ ဒေါ်လာ ၁၅ ဒဿမ ၄ သန်းနဲ့ နိုင်ငံတကာမှာ ဒေါ်လာ ၄၇ ဒဿမ ၁ သန်း ရှရိခဲ့ပါတယ်။ စုစုပေါင်းဝင်ငွေကတော့ ဒေါ်လာ ၂၉၂ သန်း ရှိပြီ ဖြစ်ပါတယ်။

“Rocketman” ရုပ်ရှင်ကတော့ ဒုတိယမြောက် ရုံတင်သီတင်းပတ်မှာပဲ ဒေါ်လာ ၁၄ သန်းနဲ့ ပဉ္စမနေရာကို ကျဆင်းသွားခဲ့ပါတယ်။ စုစုပေါင်းဝင်ငွေကတော့ ဒေါ်လာ ၁၀၁ ဒဿမ ၈ သန်း ရရှိထားပြီး ဖြစ်ပါတယ်။

Ref: aceshowbiz

You May Also Like These Stories:

ပြသတဲ့ ပထမဆုံးရက်မှာတင် ကြည့်ရှုနှုန်း အမြင့်ဆုံး စံချိန်တင်ခဲ့တဲ့ “Arthdal Chronicles”

မြောက်အမေရိကဈေးကွက်မှာ “Godzilla: King Of The Monsters” ရုပ်ရှင် အောင်ပွဲခံ

The post မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ “Secret Life Of Pets 2” ရုပ်ရှင် ထိပ်ဆုံးသို့ ရောက်ရှိ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...