Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“အစ်ကို နှစ်ယောက်ကို ကြည့်ပြီး အချစ်ရေး မစဉ်းစားသေးဘူး”လို့ ပြောတဲ့ သဇင်ထူးမြင့် 

$
0
0

သရုပ်ဆောင်ခင်လှိုင်ရဲ့ သမီးလေး သဇင်ထူးမြင့်က ပညာရေးနဲ့ အနုပညာအလုပ်တွေကို မျှတအောင် လုပ်ကိုင်နေပြီး လက်ရှိမှာတော့ အချစ်ရေးကို သေချာမစဉ်းစားချင်သေးဘူးလို့ ဆိုပါတယ်။

“ညီမ ဘွဲ့ကတော့ ဒီပလိုမာဘွဲ့ ရတာပါ။ အဝေးသင်ကတော့ တတိယနှစ်ပေါ့။ ပညာရေးနဲ့ အနုပညာကို အချိန် ညှိပြီး လုပ်ဖြစ်ပါတယ်။ ဇာတ်ကားရိုက်ဖို့ကတော့ ညှိနေတုန်းပါ။ ညီမကို အရင်ကတည်းက ဖေဖေ (ခင်လှိုင်) ရဲ့ သမီးတယောက် အနေနဲ့ ချစ်ပေးကြတဲ့သူတွေ ရှိတယ်။ အနုပညာလုပ်ငန်းတွေကိုလည်း အခု တောက်လျှောက်ကတော့ လုပ်ကိုင်နေပါတယ်။ ဖေဖေတို့ရဲ့ သမီး ဖြစ်ရတာလည်း အရမ်းဝမ်းသာပါတယ်”

“ညီမတို့ မိသားစု ပုံစံလေးကတော့ ပေါ့ပေါ့ပါးပါးပါပဲ။ သိပ်ပြီးတော့ စိတ်ညစ်စရာဆိုတာလည်း မရှိဘူး။ တကယ်ကို နွေးထွေးပါတယ်။ ပျော်ရွှင်တဲ့ မိသားစုဘဝလေးရလို့လည်း အရမ်းကျေနပ်ပါတယ်”လို့ သဇင်ထူးမြင့်က ပြောပါတယ်။

“ညီမရဲ့ အချစ်ရေးကတော့ ဒီတိုင်းပါပဲ။ သေချာ မစဉ်းစားချင်သေးပါဘူး။ ညီမမှာက အစ်ကို နှစ်ယောက်လည်း ရှိတယ်။ အဖေရယ်၊ အစ်ကို နှစ်ယောက်ရယ်ဆိုတော့ ယောကျ်ားလေးတွေရဲ့ စိတ်ကို နည်းနည်း သိနေတယ်ဆိုတော့ သေချာရွေးဖြစ်နေတာပေ့ါ။ သူတို့တွေကြားထဲမှာ နေလာတော့ သူတို့ကိုကြည့်ပြီး စိတ်ကုန်သွားတာတွေ ရှိတယ်။ မထားချင်ဘူး။ စိတ်ညစ်ရမှာတွေးပြီး မထားသေးတာ” လို့ သဇင်ထူးမြင့်က ဆိုပါတယ်။

သရုပ်ဆောင် ခင်လှိုင်ရဲ့သားဖြစ်သူ နေရဲကတော့ ညီမလေး သဇင်ထူးမြင့်ကို အနုပညာနဲ့ ပတ်သက်ပြီး သင်ပေးဖြစ်တာမျိုးတော့ မရှိဘူးလို့ ပြောပါတယ်။

“ညီမလေးကို သရုပ်ဆောင်နဲ့ ပတ်သက်ပြီး မသင်ပေးဖြစ်ဘူး။ ညီမလေးနဲ့က တွေ့ရခဲတယ်။ ကျနော်က အလုပ်နဲ့ ခရီးသွားတာ များတယ်။ အတူတူ ရိုက်ခွင့်ရရင်တော့ မောင်နှမတွေ တိုင်ပင်ပြီး လုပ်သွားမှာပါ။ ညီမလေးနဲ့ လိုက်မှာက Cute ဘက် သွားတာမျိုးပေါ့။ ကျောင်းသူပုံစံလေးတွေကတော့ ပိုလိုက်တယ်။ အပြင်မှာတော့ အရမ်းအေးတယ်။ ကျနော်နဲ့ တွေ့ရင်တော့ အမြဲ ရန်ဖြစ်နေတာ”

“မောင်နှမအနေနဲ့တော့ ဆုံးမပေးပါတယ်။ အနုပညာလောကထဲ အရင်ရောက်နေလို့ဆိုပြီး ဒါ လုပ်ရမယ်၊ ဟိုဟာ မလုပ်ရဘူး ဆိုတာမျိုး မရှိဘူး။ ကျနော်လည်း ကြိုးစားနေရတုန်းမို့ တိုင်တိုင်ပင်ပင်ပဲ လုပ်ဖြစ်တယ်။ အနုပညာသမား တယောက်အနေနဲ့ အလုပ်မှာ တန်ဖိုးထားရမယ် ဆိုတာလေးတော့ ပြောဖြစ်တယ်။ ကျနော့် အဖေကိုရော၊ ညီမလေးကိုရော ချစ်ပေးလို့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်”လို့ နေရဲက ပြောပါတယ်။

သရုပ်ဆောင် ခင်လှိုင်ရဲ့ သမီးငယ်ဖြစ်တဲ့ သဇင်ထူးမြင့်ကိုတော့ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီ ထူးချွန်ဆုပေးပွဲမှာ ရွှေကြိုမယ် တယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိလာခဲ့ တာပါ။ အခုဆိုရင်တော့ သူမဟာ တီဗီကြော်ငြာတွေ လက်ခံ ရိုက်ကူးနေပြီ ဖြစ်ပါတယ်။

You may also like these stories:

သမီးဖြစ်သူကို အနုပညာလောကရဲ့ လောကဓံတွေ မခံနိုင်မှာ စိုးရိမ်တဲ့ ခင်လှိုင်

“ဇဝန” ဖောင်ဒေးရှင်းကနေ လစဉ် လှူဒါန်းမှုတွေ ပြုလုပ်ပေးနေတဲ့ သရုပ်ဆောင် ခင်လှိုင်

ပရိသတ်ရဲ့ယုံကြည်မှုရဖို့က အဓိကကျတယ်လို့ သရုပ်ဆောင်ခင်လှိုင် ပြော

The post “အစ်ကို နှစ်ယောက်ကို ကြည့်ပြီး အချစ်ရေး မစဉ်းစားသေးဘူး”လို့ ပြောတဲ့ သဇင်ထူးမြင့်  appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...