Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ရုပ်ရှင်နှစ် ၁၀၀ ပြည့်အတွက် “မေတ္တာသင်္ဂဟ” အဖွဲ့မှ အလှူများလုပ်သွားမယ်လို့ ခန့်စည်သူ ပြော

$
0
0

ရုပ်ရှင်လောကသားများနဲ့ ဖွဲ့စည်းထားတဲ့ “မေတ္တာသင်္ဂဟ” အဖွဲ့ကတော့ မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ပရိသတ်များကို ကျေးဇူးဆပ်တဲ့အနေနဲ့ လိုအပ်တဲ့ နေရာများကို လှူဒါန်းမှုများ ပြုလုပ်သွားဖို့ရှိတယ်လို့ ခန့်စည်သူက ပြောပါတယ်။

“ကျနော်တို့ မေတ္တာသင်္ဂဟအဖွဲ့ အနေနဲ့ကတော့ “ဆူးပန်းခွေ”သွားရိုက်ရင်းနဲ့ ရုပ်ရှင် နှစ် ၁၀၀ ပြည့်အတွက် ၅ နေရာမှာ ရေလှောင်ကန်လေးတွေ လှူပြီးပါပြီ။ တောင်သာမှာ ၂ ကန် ၊ မြင်းခြံမှာ အဖြူရောင်လက်များ ပရဟိတ ကျောင်းဆရာတော်ရဲ့ ကျောင်းမှာ ၁ ကန် ၊ မကွေးမှာ ၁ ကန် ၊ ကျောက်ပန်းတောင်းက သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဘိုးဘွားရိပ်သာမှာ ၁ ကန်ပေါ့။ ၅ ကန် လှူပြီးပါပြီ”

“ရှေ့ဆက်လည်း နှစ် ၁၀၀ ပြည့် အကြိုအတွက် ရေရှားတဲ့ နေရာတွေမှာ ရေတွင်း၊ ရေကန်တွေ လှူဖို့ စီစဉ်ထားပါတယ်” လို့ မေတ္တာသင်္ဂဟ အဖွဲ့ကို စတင်ခဲ့တဲ့ သရုပ်ဆောင် ခန့်စည်သူက ပြောပါတယ်။

မေတ္တာသင်္ဂဟအဖွဲ့အနေနဲ့ လှူဒါန်းမှုများ ပြုလုပ်နေတာ ယခုအချိန်မှာတော့ အကြိမ် ၆၀ခန့်ရှိပြီဖြစ်ပြီး မကြာခင်မှာ ကျရောက်မယ့် ရုပ်ရှင်နှစ် ၁၀၀ပြည့်အတွက်လည်း ပရိသတ်များကို ကျေးဇူးဆပ်တဲ့အနေနဲ့ လှူဒါန်းမှုများ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

“ကျနော်တို့ မေတ္တာသင်္ဂဟအဖွဲ့ထဲမှာကိုက ရုပ်ရှင်အဖွဲ့သားတွေ များတယ်။ များတော့ ရုပ်ရှင် နှစ် ၁၀၀ ပြည့် အကြိုလည်းဖြစ်တယ်။ ကျနော်တို့ ရုပ်ရှင်ကိုလည်း နှစ် ၁၀၀ တိတိ အားပေးခဲ့တဲ့ ပရိသတ်တွေကို ကျနော်တို့ ကျေးဇူးဆပ်တဲ့အနေနဲ့ မေတ္တာသင်္ဂဟအဖွဲ့ကလည်း တောက်လျှောက် ရေလှူမယ်ဆိုရင်လည်း ကိုယ့်ရဲ့ ပရိသတ်တွေရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးတာ ကျေးဇူးဆပ်တဲ့ ပုံစံမျိုးပေါ့။ လိုအပ်တဲ့နေရာတွေကို လှူခဲ့တာဆိုရင် အကြိမ် ၆၀ ရှိပါပြီ” လို့ ခန့်စည်သူက ပြောပါတယ်။

လှူဒါန်းမှုပြုလုပ်တဲ့ အကြိမ်တိုင်းကို ပရိသတ်အတွက် ရည်ရွယ်ပြီး လှူဖြစ်ခဲ့ပြီး မြန်မာရုပ်ရှင်ကို နှစ် ၁၀၀ တိတိအားပေးခဲ့တဲ့ ပရိသတ်များရဲ့ အခက်အခဲကို နိုင်သလောက် ဝင်ထမ်းပေးတဲ့သဘောနဲ့ လှူဖြစ်တယ်လု့ိ ဆိုပါတယ်။

“ထောင်တွေလည်း လှူခဲ့ဖူးတယ်။ ကလေးဆေးရုံတွေ၊ ကင်ဆာဌာန၊ HIV ကုသတဲ့နေရာတွေ တော်တော်စုံအောင် အကြိမ် ၆၀ လှူခဲ့ပြီးပါပြီ။ လှူတဲ့အကြိမ်တိုင်း အကြိမ်တိုင်းကလည်း ကိုယ့်ပရိသတ်တွေအတွက် ရည်ရွယ်ပြီး လှူတာပါ။ သဘာဝဘေးအန္တရာယ် ခံစားရတဲ့နေရာတွေ ဆိုရင်လည်း ကြားရင်ကြားသလို အမြန်ဆုံးသွားလှူပါတယ်။ ဒါကလည်း နှစ် ၁၀၀ တိတိ အားပေးခဲ့တဲ့ ပရိသတ်ကို တကယ့် အခက်အခဲ ဒုက္ခရောက်နေတာကို နိုင်သလောက် ဝင်ထမ်းပေးတဲ့ သဘောပါပဲ” လို့ ခန့်စည်သူကပြောပါတယ်။

မေတ္တာသင်္ဂဟအဖွဲ့ကတော့ အနုပညာရှင်များစွာနဲ့ ဖွဲ့စည်းထားပြီး သဘာဝ ဘေးအန္တရာယ် ကျရောက်တဲ့ နေရာများ၊ လိုအပ်တဲ့ နေရာများကို လှူဒါန်းမှုများ ပြုလုပ်လျက်ရှိပြီး အနုပညာလောကထဲမှ လောကသားများကိုလည်း ကူညီမှုများ ဆောင်ရွက်ပေးလျက် ရှိပါတယ်။

You may also like these stories:

“မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်နဲ့ ပတ်သက်ပြီး ပြည်သူ့အကျိုးပြု လုပ်ငန်းတွေ လုပ်ဖို့ရှိတယ်”

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသား ၄၀၀ ကျော်ကို လှူဒါန်းခဲ့တဲ့ ခန့်စည်သူတို့ အဖွဲ့

ဆရာမ ခင်ခင်ထူးရဲ့ ဝတ္ထုကို ပရိသတ် ကြည့်ရကျိုးနပ်အောင် ရိုက်ကူးသွားမယ်လို့ ခန့်စည်သူ ပြော

“ခသုံးလုံး” ရုပ်ရှင်ထုတ်လုပ်ရေးအကြောင်း ပြောပြလာတဲ့ အကယ်ဒမီ ခန့်စည်သူ

The post ရုပ်ရှင်နှစ် ၁၀၀ ပြည့်အတွက် “မေတ္တာသင်္ဂဟ” အဖွဲ့မှ အလှူများလုပ်သွားမယ်လို့ ခန့်စည်သူ ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...