Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

သမီးလေးကို နိုင်ငံခြားမှာ ကျောင်းထားဖို့ ရည်ရွယ်ထားတဲ့ လူရွှင်တော် မေတ္တာ

$
0
0

ဒီနှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ လူရွှင်တော် မေတ္တာရဲ့ သမီးဖြစ်သူ သက်လျာလွင်က နှစ်ချင်းပေါက် အောင်မြင်ခဲ့တာကြောင့် သမီးကို ပြည်ပမှာ ကျောင်းထားဖို့ ရည်ရွယ်ထားတယ်လို့ မေတ္တာက ပြောပါတယ်။

“သမီးကတော့ ၁၀ တန်း အောင်ပြီး အမှတ်တွေ ဘယ်လောက်ရတယ်တော့ ကျနော် မသိဘူး။ လိုချင်တဲ့ လိုင်းကတော့ သူ လိုချင်တာတမျိုး ဖြစ်နေတယ်။ သူ့အနေနဲ့ အမှတ်စာရင်းကို ကြည့်ပြီး သူ တက်ချင်တဲ့ကျောင်းကို ရွေးချယ်သွားမယ်။ သူက အနုပညာနဲ့ ပတ်သတ်ရင် တယောပဲ ထိုးတယ်။ သူလိုချင်တဲ့ အတတ်ပညာတွေကို သင်ယူချင်တယ် အဖေ ပံ့ပိုးပေးပါတဲ့။ ကျနော် ပံ့ပိုးပေးမယ် ပြောထားတယ်”

“သမီးက အခု အင်္ဂလိပ်စာတွေ တက်နေတယ်။ ကွန်ပျူတာ တက်နေတယ်။ ကျနော်နိုင်တဲ့ ငွေလေးနဲ့ Laptop ဝယ်ပေးလိုက်တယ်။ ကျနော်ထက်တော့ ပိုတော်တယ်။ ကျနော့်တုန်းကတော့ BBA ပေါ့။ တခါ ဖြေလိုက်၊ B လိုက်၊ နောက်တခါဖြေလည်း B၊ နောက်တခေါက်မှ A ရတာ။ သမီးကတော့ တနှစ်ထဲ အောင်တော့ ကျနော့်ထက် တော်တာပေါ့။ သားကတော့ ဟန်ဇာမိုးဝင်း ဇာတ်မှာ ဖျော်ဖြေနေပြီ”လို့ မေတ္တာက ပြောပါတယ်။

“သားရော၊ သမီးရောကို သူတို့ ဝါသနာပါတာ လုပ်ခိုင်းတယ်။ လူဆိုတာ ကိုယ် ဝါသနာပါတာကို လုပ်မှ အောင်မြင်မှာ။ သမီးကိုလည်း နိုင်ငံခြားမှာ ပညာသင်ခိုင်းဖို့ ရည်ရွယ်ထားပါတယ်။ သူက အခုမှ ၁၆ နှစ် ဆိုတော့ သူနေနိုင်ပါ့မလား။ ဟိုမှာ အမျိုးတွေ ရှိတယ်။ သားကို အနုပညာလောကထဲ ပို့ပေးတုန်းက ပညာအစုံသင်ပေးလိုက်သလို သမီးကိုလည်း အဲ့လို ပညာအစုံ တတ်အောင် သင်ပေးပြီးမှ လွှတ်မယ်။ သူ့ဦးလေး ရှိတဲ့ သြစတြေးလျကို ပို့မယ်”လို့ မေတ္တာက ပြောပါတယ်။

လူရွှင်တော် မေတ္တာတို့ မိသားစု (ဓာတ်ပုံ – Myittar’s Facebook)

ကျန်းမာရေး အခြေအနေကြောင့် အနုပညာ အလုပ်များကို ခေတ္တနားခဲ့ရတဲ့ မေတ္တာက ယခုအခါ ကျန်းမာရေး ပြန်ကောင်းလာတာကြောင့် အနုပညာလှုပ်ရှားမှု အနေနဲ့ ဇာတ်လမ်းတွဲ ရိုက်နေပြီလို့ သိရပါတယ်။ “ကျနော် ကျန်းမာရေး အခုတော့ ကောင်းနေပါတယ်။ ကျန်းမာရေး ပြန်ကောင်းတော့ နှင်းဆီဆိုတဲ့ ဇာတ်လမ်းတွဲ ရိုက်နေပါတယ်”လို့ မေတ္တာက ပြောပါတယ်။

သားတယောက်၊ သမီးတယောက်ရဲ့ ဖခင်ဖြစ်သူ လူရွှင်တော် မေတ္တာကတော့ သားသမီးအပေါ်ထားတဲ့ သူ့ရဲ့ မေတ္တာကိုလည်း အခုလိုပဲ ပြောပြပါတယ်။

“ကျနော် သမီးကို လည်းချစ်တယ်။ သားလေးကိုလည်း ချစ်တယ်။ ကျနော့် မိန်းမကို ပိုချစ်တယ်။ သူ့သွေးသား၊ ကိုယ့်သွေးသား ပေါင်းစပ်ပြီးမှ ရလာတဲ့ သားသမီးလေးတွေမို့ ချစ်တယ်။ သားကိုတော့ ၂၆ နှစ်မှ မိန်းမ ယူပါလို့ ပြောထားတယ်။ အဲ့မပြည့်ခင် ယူရင် အသိအမှတ် မပြုဘူး။ ၂၆ နှစ်ပြည့်မှ ယူရင် ကျနော် သူတောင်းစား လုပ်ရင် လုပ်ရပါစေ။ ကိုယ့်သားကို ကောင်းကောင်းမွန်မွန် မင်္ဂလာဆောင်ပေးမယ် ပြောထားတယ်”

“သမီးကိုလည်း ကြိုက်တဲ့သူတွေ့ရင် အဖေ့ကို ခေါ်လာပြ၊ သားသမီး ဖြစ်ချင်တာကို လုပ်ပေးပါ။ သူတို့ တိုးတက်ရာ တိုးတက်ကြောင်းဖြစ်မယ့် လမ်းကို ဖြောင့်ဖြောင့်တန်းတန်း ဖြစ်အောင် ကူညီပေးရမှာ မိဘတွေရဲ့ တာဝန်ပါပဲ”လို့ မေတ္တာက ပြောပါတယ်။

လူရွှင်တော်၊ ဟာသ သရုပ်ဆောင် မေတ္တာဟာ လက်ရှိမှာ အငြိမ့်၊ ပြဇာတ်တွေမှာ ကပြ ဖျော်ဖြေမှုများနဲ့ အတူ ပြဇာတ်အတွက် ဇာတ်ညွှန်းတွေလည်း ရေးဖွဲ့နေသူ တယောက်ပါ။ အနုပညာနဲ့ ပတ်သက်ပြီး လက်ရှိမှာ ဇာတ်ကား ရိုက်ကူးရေးတွေ နည်းလာတာ တွေ့ရပြီး ပရိသတ်များကတော့ ယနေ့ထိတိုင် သူ့ကို ချစ်ခင် အားပေးလျက် ရှိနေဆဲပါပဲ။

The post သမီးလေးကို နိုင်ငံခြားမှာ ကျောင်းထားဖို့ ရည်ရွယ်ထားတဲ့ လူရွှင်တော် မေတ္တာ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...