Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

iKON အဖွဲ့မှ B.I နုတ်ထွက်ခြင်း မပြုရန် အသနားခံ တောင်းဆိုသူ ၅ သိန်းခွဲအထိ ရှိလာ

$
0
0

လွန်ခဲ့တဲ့ ၃ နှစ်ခန့်က စိတ်ဖိစီးမှုတွေ ရှိခဲ့ပြီး မူးယစ်ဆေးသုံးဖို့ စိတ်ဆန္ဒ ရှိခဲ့ပေမယ့် အဲဒီ နာကျင်မှုတွေကို သက်သာစေဖို့ ဆေးသုံးဖို့အရေး အရမ်းကြောက်ရွံ့ခဲ့ရတယ်လို့ iKON အဖွဲ့ခေါင်းဆောင် B.I က ဇွန်လ ၁၂ ရက်နေ့မှာ တင်ခဲ့တဲ့ Instagram ပို့စ်မှာ ဖော်ပြထားပါတယ်။

ဇွန်လ ၁၂ ရက်နေ့မှာပဲ Dispatch မီဒီယာကနေ သူဟာ ၂၀၁၆ ခုနှစ်မှာ Kakao Talk ကနေ တဆင့် မူးယစ်ဆေးဝယ်ဖို့ ကြိုးပမ်းခဲ့တဲ့အကြောင်းကို ဖောက်ချခဲ့တာကြောင့် ဖြစ်ပေါ်လာတဲ့ ဂယက်တွေကနေ ရှောင်ရှားဖို့ အဖွဲ့ကနေ နုတ်ထွက်မယ်လို့ ကြေညာခဲ့ပါတယ်။

သူ့ရဲ့အေဂျင်စီ YG အင်တာတိန်းမန့်ကလည်း အေဂျင်စီနဲ့ အနုပညာရှင်တို့အကြား ချုပ်ဆိုထားတဲ့ စာချုပ်ကို ရပ်ဆိုင်းလိုက်ပြီဖြစ်တဲ့အကြောင်း ထပ်ဆင့် ကြေညာခဲ့ပါတယ်။

iKON အဖွဲ့ရဲ့ စီမံခန့်ခွဲရေးအေဂျင်စီ YG ကတော့ ကနဦးမှာတုန်းက B.I ဘက်ကနေ ကာကွယ်ပေးခဲ့ပြီး အဖွဲ့ဝင်တွေအားလုံးဟာ ဘယ်တုန်းကမှ မူးယစ်ဆေး ဆေးစစ်မှုကို ကျခဲ့တာမျိုး မရှိခဲ့တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ B.I ရဲ့ ကြေညာချက် ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် စာချုပ်ကို ဖျက်သိမ်းလိုက်တဲ့အကြောင်း ကြေညာလိုက်တာ ဖြစ်ပါတယ်။

ဒါပေမဲ့ သူ့ရဲ့ ပရိသတ်တွေကတော့ Seungri ကနေ Choi Jong-hoon အထိ အဆိုတော်တွေ တသီတတန်းကြီး ပါနေတဲ့ K-pop ဂယက်တွေထဲမှာ B.I ဟာ အနုပညာလုပ်ငန်းကနေ မထွက်သင့်ဘူးလို့ ခံစားချက်တွေ ထုတ်ဖော်ခဲ့ကြပါတယ်။

Change.org ဝက်ဘ်ဆိုက်မှာ အသနားခံတောင်းဆိုမှုမှာတော့ iKON အဖွဲ့မှာ B.I ဆက်ရှိနေရေးအတွက် လက်မှတ်ရေးထိုးတောင်းဆိုသူ ၅ သိန်းခွဲကျော်အထိ ရှိလာပြီလို့ဆိုပါတယ်။ သူ့ကို ထောက်ခံသူတွေကတော့ B.I ဟာသူ့ရဲ့ စိုးရိမ်ပူပန်မှုတွေကနေ ကင်းလွတ်ဖို့ မူးယစ်ဆေးသုံးဖို့ ကြိုးပမ်းခဲ့တဲ့အကြောင်း ယူဆကြတာ ဖြစ်ပါတယ်။

တခြားတဖက်မှာတော့ YG အနေနဲ့ သူတို့ရဲ့ အနုပညာရှင်ဘက်ကနေ မရပ်တည်ဘဲ အနုပညာရှင်ကို ကာကွယ်ဖို့ထက် ပြိုင်ဆိုင်မှုပြင်းထန်တဲ့ K-pop လုပ်ငန်းမှာရှိနေတဲ့ ကုမ္ပဏီရဲ့ ပုံရိပ်ကို ကာကွယ်ဖို့က ပိုအရေးကြီးတဲ့ ပုံစံတွေကို ပြသခဲ့တာကြောင့် ဒေါသတကြီးနဲ့ တုံ့ပြန်ကြတာတွေလည်း ရှိခဲ့ပါတယ်။

ပရိသတ်အချို့ကတော့ B.I ဟာ YG မရှိရင်တောင် ကောင်းကောင်းအလုပ်လုပ်နိုင်တဲ့ အစွမ်းအစ ပိုင်ဆိုင်ထားသူဖြစ်ပြီး နောက်ထပ် ကုမ္ပဏီတခုကနေ အနုပညာလုပ်ငန်းတွေ လုပ်ကိုင်သင့်တယ်လို့ ထင်မြင်ကြပါတယ်။

ဒါ့အပြင် နောက်ထပ် အသနားခံ တောင်းဆိုမှုမှာဆိုရင် တောင်ကိုရီးယားရဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အာဏာပိုင်တွေဆီ ဦးတည်တိုင်ကြားတာ ဖြစ်ပါတယ်။ အဲဒါကတော့ မူးယစ်ဆေးဝါး စုံစမ်းစစ်ဆေးမှုတွေမှာ YG ရဲ့ ကြားဝင် နှောင့်ယှက်မှုတွေ၊ သက်သေတွေကို ဖုံးကွယ်ပေးထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ တိုင်ကြားတာလည်း ဖြစ်ပါတယ်။

Dispatch မီဒီယာရဲ့အဆိုအရ မူးယစ်ကုန်သည်ကို ဖမ်းမိတဲ့အချိန်မှာ B.I ရဲ့နာမည်ကို အာဏာပိုင်တွေထံ ပေးခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ YG က အဲဒီ အမှုထဲမှာ ဝင်ပါလာတာကြောင့် သတင်းအချက်အလက်ကို မူးယစ်ကုန်သည်က ပြန်လည် ရုပ်သိမ်းလိုက်တာ ဖြစ်ပါတယ်။

Ref: Straitstimes

You may also like these stories:

တောင်ကိုရီးယား မူလတန်းကျောင်းတွေမှာ သီဆိုဖို့ တားမြစ်ခံထားရတဲ့ Kpop သီချင်း

မူးယစ်ဆေးနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တွေကြောင့် iKON အဖွဲ့ဝင် B.I အေဂျင်စီမှ နုတ်ထွက်

အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများ လုပ်ဆောင်ခဲ့ကြောင်း Jung Joon Young ဝန်ခံ

ဂီတလောကကနေ အနားယူတော့မယ့် BigBang အဖွဲ့ဝင် ဆွန်းလီ

The post iKON အဖွဲ့မှ B.I နုတ်ထွက်ခြင်း မပြုရန် အသနားခံ တောင်းဆိုသူ ၅ သိန်းခွဲအထိ ရှိလာ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...