Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

၂၀၁၆ အော်စကာဆုပေးပွဲကို သပိတ်မှောက်ဖို့ သရုပ်ဆောင် စတားလုံး စဉ်းစား

$
0
0

အော်စကာ,စတားလုံး,creed

နာမည်ကျော် သရုပ်ဆောင် စတားလုံးက ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ၈၈ ကြိမ်မြောက် အော်စကာ ဆုပေးပွဲဟာ ခွဲခြားမှုများရှိနေတာကြောင့် မတက်ရောက်ဖို့ စဉ်းစားခဲ့ကြောင်း ပြောကြား လိုက်ပါတယ်။

အသက် ၆၉ နှစ်အရွယ် စတားလုံးဟာ ဒရမ်မာ လက်ဝှေ့ဇာတ်ကား Creed မှာ Rocky Balboa အဖြစ် သရုပ်ဆောင်ခဲ့ပြီး အကောင်းဆုံးသရုပ်ဆောင်ဆုအတွက် ထောက်ခံမှုရရှိထားသူဖြစ်သည်။
လော့စ်အိန်ဂျယ်လိစ်တွင် ပြုလုပ်သော အော်စကာဆု ဇကာတင်အမည်စာရင်းအတွက် နေ့လည်စာ စားပွဲတွင် စတားလုံးက Creed ရုပ်ရှင်ဇာတ်ကားကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Ryan Coogler နဲ့ အော်စကာဆုပေးပွဲ တက်ရောက်ခြင်းအကြောင်းကို ဆွေးနွေးခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

စတားလုံးက “ ခင်ဗျားကျနော့်ကို ဆုပေးပွဲတက်စေချင်ရင် ကျနော်တက်မယ်။ မတက်စေချင်ဘူးဆိုရင်လည်း မတက်ဘူးလို့ ကျနော်က Coogler ကိုပြောခဲ့တယ်” လို့ ဆိုပါတယ်။

အဲ့ဒီလိုပြောတဲ့အခါမှာ coogler က “ ကျနော်တို့ ရုပ်ရှင်ကားအတွက် ကိုယ်စားပြုပြီး တက်ပေးပါ။” လို့ ပြန်ပြောတယ်ဟု စတားလုံးက ရှင်းပြပါတယ်။

Creed ကားတွင် ပါဝင်သူရုပ်ဆောင်ခဲ့တဲ့ လူမည်း ၂ ဦးဖြစ်သော Coogler နှင့် Michael B Jordan တို့ကတော့ အော်စကာဆု ဇကာတင်စာရင်းတွင် မပါဝင်ခဲ့ပါ။

ဒါ့အပြင် နာမည်ကျော် လူမည်းသရုပ်ဆောင်များဖြစ်သော Will Smith နှင့် Spike Lee တို့ကလည်း အော်စကာဆုပေးပွဲကို တက်ရောက်မှာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဆိုပါ ပြသနာရပ်တွေဟာ အော်စကာဆုပေးပွဲရဲ့ စကာတင်စာရင်းစတင်ထုတ်ပြန်စဉ်ကတည်းက အဲ့ဒီ စကာတင်စာရင်းထဲမှာ ပါဝင်နေကြသူအများစုဟာ လူဖြူ အနုပညာရှင်များဖြစ်ပြီး လူမည်းအနုပညာရှင်များ မပါဝင်ခြင်းတို့ကြောင့် ယခုနှစ်ကျင်းပပြုလုပ်မယ့် အော်စကာဆုပေးပွဲဟာ ဝေဖန်မှုများနဲ့ ရင်ဆိုင်နေရခြင်းပါ။

Ref: BBC

The post ၂၀၁၆ အော်စကာဆုပေးပွဲကို သပိတ်မှောက်ဖို့ သရုပ်ဆောင် စတားလုံး စဉ်းစား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...