Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

စာရေးဆရာမကြီး မစန္ဒာရဲ့ ဝတ္ထု “ဂျီဟောသူ” ဇာတ်လမ်းတွဲ မကြာခင် ပြသမည်

$
0
0

စာရေးဆရာမကြီး မစန္ဒာရဲ့ “ဂျီဟောသူ” ဝတ္ထုကို ပြန်လည် ပုံဖော်ရိုက်ကူးထားတဲ့ “ဂျီဟောသူ” ဇာတ်လမ်းတွဲကို မကြာခင် MRTV-4 ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသတော့မယ်လို့ သိရပါတယ်။

ဒီဇာတ်လမ်းတွဲမှာတော့ ၁၉၈၀ ခုနှစ်က ကျောင်းသား၊ ကျောင်းသူများရဲ့ ပုံစံများကို မြင်တွေ့ရမှာဖြစ်ပြီး ပါဝင်သရုပ်ဆောင်ကြတဲ့ သရုပ်ဆောင်များကလည်း အဝတ်အစား ဖက်ရှင် ဆံပင်ပုံစံများကအစ ပြောင်းလဲထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။

အခုခေတ်နဲ့ ကွဲပြားတဲ့ အပြင်အဆင်များ၊ ဖက်ရှင်ဒီဇိုင်းများကို မြင်တွေ့ရမှာဖြစ်ပြီး ဝတ္ထုကောင်းတပုဒ်ဖြစ်ခဲ့တာကြောင့်လည်း ဇာတ်လမ်းတွဲအနေနဲ့ ပြန်လည် ပုံဖော်တာကို စောင့်ကြည့်ရမယ့် ဇာတ်လမ်းတွဲလည်း ဖြစ်ပါတယ်။

“ဂျီဟောသူ” ဇာတ်လမ်းတွဲမှာတော့ MRTV-4 မှ ပရိသတ် ကြိုက်နှစ်သက်ပြီးသား သရုပ်ဆောင်များအပြင် အစီအစဉ် တင်ဆက်သူများကလည်း ပါဝင်သရုပ်ဆောင်ထားတာကို တွေ့ရမှာပါ။

ပါဝင်သရုပ်ဆောင်ကြမယ့် သရုပ်ဆောင်များကိုလည်း သရုပ်ဆောင်ရမယ့် ကာရိုက်တာအရ Training များပေးကာ အကြိုလေ့ကျင့် ပြင်ဆင်မှုများစွာလည်း ပြုလုပ်ခဲ့တယ်လို့ “ဂျီဟောသူ” ဇာတ်လမ်းတွဲထဲမှာ ပါဝင်သရုပ်ဆောင်သူတဦးက ဆိုပါတယ်။

“ဂျီဟောသူ” ဇာတ်လမ်းတွဲမှာတော့ ဟိန်းထက်၊ ရှင်မွေလ၊ မိုက်မိုက်၊ ဝေယံလင်း၊ ဘုန်းဆက်သွင်၊ သူရမောင်ချို၊ လပြည့်၊ မင်းဇေ၊ စိုးထွန်းဝင်း၊ မှူးသီဟသူ၊ အံ့ဝင့်ထွဋ်၊ ထွန်းနောင်ဆင့်၊ သုတအောင်၊ ဇော်ထက်၊ ခွန်ဆိုင်း၊ မေမီကိုကို၊ ဂရိတ်ချမ်း၊ ဖြိုးသံသာချို၊ ဆုမွန်၊ ရွှေစင်ဝင့်ရှိန်၊ ဈူးဈူးဈာန်၊ ဟန်နလာ၊ ဝိုင်းရွှေရည်၊ လဝန်းထက်၊ ဖြိုးမေစံ၊ နေရည်ဝင်းလဲ့၊ သီတာမိုမို၊ ခင်မို့မို့အောင်နဲ့ အခြား သရုပ်ဆောင်များစွာ ပါဝင်တယ်လို့ သိရပါတယ်။

ဆရာမကြီး မစန္ဒာရဲ့ ဝတ္ထုကိုတော့ အေးကြည်သာဟန်၊ အေးစန္ဒာဝင်း၊ ဆုဆုစံပယ်ဖူး တို့က ဇာတ်ညွှန်း ရေးသားထားပြီး ဒါရိုက်တာ ထွန်းထက်အာကာဗိုလ် ပုံဖော် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဆိုပါ ဇာတ်လမ်းတွဲကိုတော့ MRTV-4 မှာ တနင်္လာကနေ သောကြာနေ့အထိ ည ၇ နာရီမှာ ပြသသွားမယ်လို့ ကြေညာထားပါတယ်။

You may also like these stories:

သင်ဇာဝင့်ကျော်နဲ့အတူ Gym ကစားနေတဲ့ အဆိုတော် မီးနို

“ကျောင်းဖွင့်ရင် ကြိုပို့လုပ်ရမယ့် လူကြီးတွေအတွက်လည်း စိတ်ပူတယ်”

The post စာရေးဆရာမကြီး မစန္ဒာရဲ့ ဝတ္ထု “ဂျီဟောသူ” ဇာတ်လမ်းတွဲ မကြာခင် ပြသမည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...