Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အိန္ဒိယက ဆင်သေဆုံးမှုအပေါ် အနုပညာရှင်များ ပြစ်တင်ရှုတ်ချ

$
0
0

အိန္ဒိယနိုင်ငံ၊ ကီရာလာပြည်နယ်၊ မာလာပူရမ်မြို့မှာ ကိုယ်ဝန်ဆောင် ဆင်တကောင်ဟာ ဒေသခံတွေ ကျွေးလိုက်တဲ့ ဗြောက်အိုးတွေ ပါရှိတဲ့ နာနတ်သီးကို စားခဲ့ပြီးတဲ့နောက် မေလ ၂၇ ရက်နေ့မှာ သေဆုံးခဲ့ပါတယ်။ အဲ့ဒီကိစ္စဟာ အခုတော့ Twitter လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တော်တော်လေး လူပြောများနေခဲ့ပါတယ်။

ဘောလိဝုဒ် အနုပညာရှင်တော်တော်များများကတော့ အဲ့ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ပြစ်တင် ရှုတ်ချမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ တိရိစ္ဆာန်များအပေါ် ရက်စက်မှုကို တားမြစ်မယ့် တင်းကျပ်တဲ့ ဥပဒေတွေကိုလည်း တောင်းဆိုခဲ့ကြပါတယ်။

အခုလိုမျိုး လူမှုကွန်ရက် မီဒီယာကနေ ပြစ်တင် ရှုတ်ချသူတွေထဲမှာ ပြည်သူချစ် ဘောလိဝုဒ် အနုပညာရှင်တွေ ဖြစ်ကြတဲ့ Akshay Kumar ၊ Anushka Sharma နဲ့ Alia Bhatt တို့လို ပုဂ္ဂိုလ်တွေ ပါဝင်လာတာကို တွေ့ရပါတယ်။

မင်းသား Akshay Kumar က “တိရိစ္ဆာန်တွေဟာ ရိုင်းစိုင်းမှု နည်းပါးပြီး လူသားတွေဟာ လူသားဆန်မှုနည်းပါးတာ ဖြစ်နိုင်ပါတယ်။ ဒီဆင်ကိစ္စက ဘယ်လိုဖြစ်ရတာလဲ။ နှလုံးသား ထိခိုက် ကြေကွဲရတယ်။ လူသားမဆန်ဘူး။ လက်မခံနိုင်ဘူး။ ကျူးလွန်သူတွေကို တင်းကျပ်တဲ့အရေးယူမှုတွေ ချမှတ်သင့်တယ်” လို့ ရေးသားထားပါတယ်။

အရင်ကာလတွေတုန်းက တိရိစ္ဆာန်တွေအပေါ် ရက်စက်မှုနဲ့ ပတ်သက်လို့ တက်တက်ကြွကြွ ပြောဆိုခဲ့ဖူးတဲ့ မင်းသမီး Anushka Sharma က “ဒါကြောင့် တိရိစ္တာန်တွေအပေါ် ရက်စက်မှုကို တားမြစ်ဖို့ ပြင်းထန်တဲ့ ဥပဒေတွေ ကျမတို့လိုနေပြီဆိုတဲ့အကြောင်းရင်းပါ” လို့ Instragram Story မှာ ရေးသားခဲ့ပါတယ်။

မင်းသမီး Shraddha Kapoor က “ဘယ်လိုတွေလဲ။ ဒီလိုမျိုး ဘယ်လိုဖြစ်ရတာလဲ။ လူတွေမှာ အသည်းနှလုံး မရှိကြတော့ဘူးလား။ ကျမ နှလုံးသားတွေ ကွဲကြေခဲ့ရတယ်။ ကျူးလွန်သူတွေကို ပြင်းထန်တဲ့ နည်းလမ်းနဲ့ ပြစ်ဒဏ်ပေးဖို့လိုတယ်” လို့ ရေးသားခဲ့ပါတယ်။

မင်းသား Randeep Hooda ကတော့ ပြစ်မှုကျူးလွန်သူတွေကို တင်းကျပ်တဲ့ အရေးယူချမှုတွေ လုပ်ဆောင်ပေးဖို့ ပတ်ဝန်းကျင်ရေးရာဝန်ကြီး Prakash Javadekar နဲ့ ကီရာလားပြည်နယ်ဝန်ကြီးချုပ် Pinarayi Vijayan တို့ကို Tag တွဲပြီး တောင်းဆိုခဲ့ပါတယ်။

သူက “ရင်းနှီးလွယ်တဲ့ ကိုယ်ဝန်ဆောင် ဆင်မလေးကို ဗြောက်အိုးတွေ အပြည့်ပါတဲ့ နာနတ်သီးကို ကျွေးလိုက်တာဟာ တကယ့်ကို လူမဆန်ဆုံးလုပ်ရပ်ပါပဲ။ လက်မခံနိုင်ပါဘူး။ ကျူးလွန်သူတွေကို တင်းကျပ်တဲ့အရေးယူမှု ချမှတ်သင့်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

မင်းသမီး Alia Bhatt ကတော့ “ကြမ်းတမ်းလိုက်တာ။ ဆိုးရွားလိုက်တာ။ ကျမတို့ဟာ သူတို့နဲ့အတူ ယှဉ်တွဲနေထိုင်ပြီး သူတို့ရဲ့ အသံတွေ ဖြစ်ဖို့ လိုအပ်နေပါပြီ။ ဒါက တော်တော်လေးကို ရယ်ရတဲ့ဟာသလို ဖြစ်နေသလား။ တော်တော်လေးကို စိတ်ထိခိုက်ရတယ်” လို့ ဆိုထားပါတယ်။

အဲ့ဒီကိုယ်ဝန်ဆောင် ဆင်မကြီးဟာ အစာရှာဖို့အတွက် မာလာပူရမ်မြို့နားက ပတ်ဝန်းကျင်ဒေသကို ရောက်ရှိလာခဲ့တာပါ။ ဆင်မကြီးကို မောင်းထုတ်ဖို့အတွက် ဒေသခံတွေဟာ ဗြောက်အိုးတွေ ထည့်ထားတဲ့ နာနတ်သီးကို ကျွေးလိုက်တာ ဖြစ်ပါတယ်။

အဲ့ဒီနောက် ဗြောက်အိုးတွေဟာ ဆင်မကြီးရဲ့ ပါးစပ်ထဲမှာ ပေါက်ကွဲထွက်သွားခဲ့ပြီး ဒဏ်ရာရရှိစေခဲ့ပါတယ်။ အရမ်းနာကျင်လွန်းတဲ့အတွက် သက်သာရာရဖို့ ဆင်မကြီးဟာ အနီးနားမှာရှိတဲ့ မြစ်ထဲမှာ မတ်တပ်ရပ်နေခဲ့ပါတယ်။ ဒါပေမဲ့ ဒဏ်ရာပြင်းထန်လွန်းတာကြောင့် ရေထဲမှာ မတ်တပ်ရပ်ပြီး သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

Ref: indiatoday

You may also like these stories:

ပေါက်ကွဲပစ္စည်း ထည့်ထားတဲ့ နာနတ်သီးကြောင့် ကိုယ်ဝန်ဆောင်ဆင် သေဆုံးခဲ့ရ

အင်ဒိုနီးရှားတွင် ဒီဇင်ဘာလအထိ ကျောင်းများ ဖွင့်နိုင်မည် မဟုတ်

The post အိန္ဒိယက ဆင်သေဆုံးမှုအပေါ် အနုပညာရှင်များ ပြစ်တင်ရှုတ်ချ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...