Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Black Lives Matter လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ မက်ဒေါနား

$
0
0

အနောက်နိုင်ငံတွေမှာရှိတဲ့ နာမည်ကျော် အနုပညာရှင်တော်တော်များများဟာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက George Floyd သေဆုံးမှုနဲ့ ပတ်သက်လို့ လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ကြတာကို တွေ့ရပါတယ်။

George Floyd ဟာ ဖမ်းဆီးခံရစဉ်မှာ ရဲတပ်ဖွဲ့ဝင်တဦးက သူ့ရဲ့ လည်ပင်းကို ဒူးနဲ့ ဖိထားခဲ့တာကြောင့် ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီကိစ္စနဲ့ ပတ်သက်လို့ ဆန္ဒပြနေကြသူတွေထဲ အမေရိကန် ပေါ့ပ်အဆိုတော် မက်ဒေါနား ပါဝင်လာခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့တုန်းက လန်ဒန်မြို့မှာ ပြုလုပ်ခဲ့တဲ့ Black Lives Matter ဆန္ဒပြပွဲတခုမှာ ပါဝင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံမှာ ခေတ္တနေထိုင်နေတဲ့ အဆိုတော် မက်ဒေါနားဟာ အဲ့ဒီဆန္ဒပြပွဲမှာ ချိုင်းထောက်နဲ့ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့တုန်းကတော့ သူဟာ ဒူးခွဲစိတ်ကုသမှုကို ခံယူမယ့်အကြောင်း Instagram ကနေ ကြေညာခဲ့ပါတယ်။

ဒဏ်ရာတွေ ရရှိခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကနေ နိုဝင်ဘာလအတွင်းမှာ သူ့ရဲ့ Madame X Tour ရဲ့ နယ်လှည့်ဖျော်ဖြေပွဲ တော်တော်များများကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့တုန်းက ပေါ့ပ်ဂီတ ဘုရင်မ မက်ဒေါနားဟာ လန်ဒန်မြို့က ဆန္ဒပြပွဲအတွင်းမှာ နေကာမျက်မှန် ဝတ်လာခဲ့ပြီး မထင်မရှား အနေအထားနဲ့ ပါဝင်ခဲ့တာဖြစ်ပေမယ့် သူနဲ့အတူ ဓာတ်ပုံရိုက်ကူးနေကြတဲ့ ပရိသတ်တွေကြောင့် သူ့ကို သတိထားမိသွားခဲ့ကြပါတယ်။

ဆန္ဒပြသူတွေနဲ့ စကားပြောနေတာ၊ သူတို့တွေနဲ့အတူ “တရားမျှတမှု မရှိပါက ငြိမ်းချမ်းမှု မရှိနိုင်” စတဲ့ ကြွေးကြော်သံများ အော်ဟစ်နေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

မက်ဒေါနားဟာ မျက်နှာဖုံး ဝတ်မထားခဲ့ပါဘူး။ ဒါ့အပြင် အမျိုးသမီး ပရိသတ်တဦးကို ဖက်နေခဲ့တာကိုလည်း တွေ့ရပါတယ်။ အဲ့ဒီအချိန်မှာ သူက “ကျမမှာ (Antibodies) ပဋိပစ္စည်း ထွက်နေပါပြီ။ အဲ့ဒီအတွက်တော့ စိတ်မပူပါနဲ့” လို့ ပြောကြားခဲ့ပါတယ်။ အဆိုတော် မက်ဒေါနားဟာ ကိုရိုနာဗိုင်းရပ်စ် ပဋိပစ္စည်း ထွက်ရှိနေကြောင်း စမ်းသပ်တွေ့ရှိခဲ့ရကြောင်း ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းတုန်းက ပြောကြားခဲ့ပါတယ်။

ပါရီမြို့တော်မှာ ပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲအတွင်းမှာ သူဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတယ်လို့လည်း သိရပါတယ်။ ဖေဖော်ဝါရီလနဲ့ မတ်လမှာ ပြုလုပ်ဖို့ စီစဉ်ထားခဲ့တဲ့ ဖျော်ဖြေပွဲတွေကို ဖျက်သိမ်းခဲ့ရတဲ့အထိ ဖြစ်စေခဲ့တဲ့ COVID-19 ရောဂါကနေ သက်သာလာခဲ့ပြီဖြစ်တဲ့အကြောင်း ပြီးခဲ့တဲ့ မေလအစောပိုင်းမှာပဲ ပြောဆိုခဲ့ပါသေးတယ်။

မက်ဒေါနားဟာ Black Lives Matter လှုပ်ရှားမှုကို ထောက်ခံတဲ့အကြောင်း Instagram မှာ ပို့စ်တွေ တော်တော်များများကိုလည်း ရေးသားခဲ့ပြီး George Floyd အထိမ်းအမှတ် ရန်ပုံငွေအတွက် လှူဒါန်းကြဖို့ ပရိသတ်တွေကိုလည်း တိုက်တွန်းခဲ့ပါတယ်။

အမေရိကန်နိုင်ငံမှာ မကြာသေးခင်တုန်းက ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်ကြတဲ့အနုပညာရှင်တွေထဲမှာတော့ အဆိုတော် Ariana Grande ၊ မင်းသား Jamie Foxx ၊ အဆိုတော် Halsey ၊ မင်းသား Michael B. Jordan ၊ မင်းသား Timothee Chalamet နဲ့ Rap အဆိုတော် Kanye West တို့ ပါဝင်ကြပါတယ်။

Ref: straitstimes

You may also like these stories:

ဆန္ဒပြသူတွေ ဖွသွားတဲ့ အမှိုက်တွေကို ရှင်းပေးတဲ့ ဆယ်ကျော်သက် ဂုဏ်ပြုခံရ

Black Lives Matter လှုပ်ရှားမှုအတွက် BTS အဖွဲ့ ဒေါ်လာ ၁ သန်း လှူဒါန်း

ဆန္ဒပြသူတွေနဲ့အတူ တသားတည်း ရပ်တည်လိုက်တဲ့ မင်းသား Jamie Foxx

The post Black Lives Matter လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ မက်ဒေါနား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ