Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မိုးအောင်ရင် ရှေ့နေ ခွင့်တိုင်ကြားသဖြင့် အမှု မစစ်ဆေးဖြစ်

$
0
0

ဒီကနေ့ မိုးအောင်ရင်ရဲ့အမှု ၁၄ ကြိမ်မြောက် ရုံးချိန်းမှာ မိုးအောင်ရင်ရဲ့ ရှေ့နေက ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးမှာ ရုံးချိန်းတခုနဲ့ တိုက်ဆိုင်နေတာကြောင့် ခွင့်တိုင်ကြားထားသဖြင့် အမှု မစစ်ဆေးဖြစ်ခဲ့ဘူးလို့ သိရပါတယ်။

“ဒီနေ့ ရုံးချိန်းကတော့ ၁၄ ကြိမ်မြောက် ရုံးချိန်း ဖြစ်ပါတယ်။ တရားလို မခင်မြတ်နိုး လာပါတယ်။ သူ့ရဲ့ရှေ့နေ လာပါတယ်။ စွပ်စွဲခံရသူ မိုးအောင်ရင် လာပါတယ်။ သူ့ရဲ့ရှေ့နေကတော့ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ ရုံးချိန်း တိုက်ဆိုင်နေလို့ ခွင့်တိုင်ကြားထားပါတယ်” လို့ ရန်ကင်းမြို့နယ်တရားရုံးပြန်ကြားရေးအရာရှိ ဦးထွန်းနိုင်ဝင်းက ပြောပါတယ်။

ယနေ့ ဇွန်လ ၉ ရက်နေ့ ရုံးချိန်းမှာ စွပ်စွဲခံရသူ မိုးအောင်ရင်နဲ့ တရားလို ခင်မြတ်နိုးတို့ နှစ်ဦးစလုံး လာရောက်ခဲ့ပြီး မစစ်ဆေးဖြစ်တာကြောင့် ရုံးချိန်းသာ ပြန်လည် ချိန်းဆိုခဲ့ပါတယ်။ ဒီလိုမျိုး ခွင့်တိုင်ကြားပြီး ပျက်ကွက်မှုများကြောင့် အမှုကို ကြန့်ကြာစေလားဆိုတာကိုလည်း ပြန်ကြားရေးအရာရှိက အခုလိုပဲ ပြောပြခဲ့ပါတယ်။

“စွပ်စွဲခံရသူ ရှေ့နေမလာလို့ အမှုကြန့်ကြာနိုင်လားဆိုတာတော့ ရှေ့နေ တဦးတယောက်က မြို့နယ်တရားရုံး ရုံးချိန်းနဲ့ အထက်တရားရုံး ရုံးချိန်းတွေ တိုက်ဆိုင်တဲ့အခါ ကျနော်တို့ မြို့နယ်တရားရုံးတွေက နေခွင့်ပြုပေးရတာတွေ ရှိပါတယ်။ ရုံးချိန်းပေးတယ်ဆိုတာလည်း အမှုသည်တွေ၊ ရှေ့နေတွေကို ညှိနှိုင်းပြီးတော့ပေးရတာ ဖြစ်တဲ့အတွက် မကြာခဏတော့ တိုက်ဆိုင်မှုမျိုး မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အမှုကြန့်ကြာသွားလောက်အောင်တော့ မဖြစ်ပေါ်စေနိုင်ပါဘူး” လို့ ဦးထွန်းနိုင်ဝင်းက ပြောပါတယ်။

စွပ်စွဲခံရသူ မိုးအောင်ရင်မှ တရားလိုရဲ့ စွဲဆိုထားတဲ့အမှု ပြင်ဆင်ချက်ကို ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှာ လျှောက်ထားခဲ့ခြင်းကိုလည်း မေလ ၂၉ ရက်နေ့က ပလပ်ကြောင်း အမိန့်ချခဲ့ပါတယ်။ ဒါကြောင့် အမှုကို မူလမြို့နယ်တရားရုံးမှာ ပြန်လည်စစ်ဆေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

“စွဲချက်အမိန့်ကို ပြင်ဆင်ပေးဖို့ဆိုပြီးတော့ စွပ်စွဲခံရသူ မိုးအောင်ရင်ဘက်က လျှောက်ထားခဲ့တဲ့အမှုကို ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးကနေပြီးတော့ မေလ ၂၉ ရက်နေ့က ပလပ်တဲ့အမိန့် ချမှတ်ခဲ့ပါတယ်။ ဒါကြောင့်အမှုကို ဆက်လက် စစ်ဆေးသွားမှာဖြစ်ပါတယ်” လို့ ဦးထွန်းနိုင်ဝင်းက ပြောပါတယ်။

တရားလိုဖြစ်သူ ခင်မြတ်နိုးက “ပြန်ခေါ်သက်သေ ခေါ်ထားတာ ရှိတယ်။ အဲဒါ တဝက်ကျန်သေးတာ ပြန်စစ်ဆေးမယ်။ ပြီးရင် သက်သေတင်သွင်းတာတို့ ဘာတို့ ရှိမှာပေါ့” လို့ ပြောပါတယ်။

နောက်တကြိမ် ရုံးချိန်းကိုတော့ ဇွန် ၁၇ ရက်နေ့ကို ပြန်လည် ချိန်းဆိုထားပြီး တရားလိုဖြစ်သူ ခင်မြတ်နိုးကို ပြန်ခေါ်သက်သေအဖြစ် စစ်ဆေးသွားမှာပဲဖြစ်ပါတယ်။

သရုပ်ဆောင် မိုးအောင်ရင်ကိုတော့ ရည်းစားဟောင်းဖြစ်သူ ခင်မြတ်နိုးက ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့က ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ် တရားရုံးမှာ ရာဇသတ်ကြီးပုဒ်မ ၄၁၇ ဖြင့် တရားစွဲဆိုခဲ့တာဖြစ်ပြီး မိုးအောင်ရင် အနေနဲ့ ငွေကျပ် သိန်း ၁၀၀ အာမခံနဲ့ တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

You may also like these stories:

ရုပ်ရှင်သမိုင်းပြတိုက်မှာ အသိအမှတ်ပြုခံရလို့ ဂုဏ်ယူနေတဲ့ ထွန်းထွန်း

တောင်ကိုရီးယားမှာ ရုပ်ရှင်ကြည့်ရှုသူ ၂ ဆ ပိုများလာ

Black Lives Matter လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ မက်ဒေါနား

The post မိုးအောင်ရင် ရှေ့နေ ခွင့်တိုင်ကြားသဖြင့် အမှု မစစ်ဆေးဖြစ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


မြောက်ဒဂုံ ပင်လုံအလုပ်သမားရုံးတွင် ကိုရီးယား စာမေးပွဲဖြေဆိုရန်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


သီးမခံနိုင်တဲ့အဆုံး လင်ယောက်ျားရဲ့ ငယ်ပါကို ညှစ်ပြီးသတ်လိုက်တဲ့ ဇနီး


မိန်းကလေး အပျိုစစ်ပါတယ်လို့ သက်သေပြဘို့ရာ အသုံးပြုနိုင်တဲ့အချက် (၈) ချက်


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ