Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

လိင်ပြောင်းအမျိုးသမီးတွေဟာလည်း အမျိုးသမီးတွေပဲလို့ Daniel Radcliffe ပြော

$
0
0

ကမ္ဘာကျော် ဟယ်ရီပေါ်တာ ရုပ်ရှင်တွေမှာ ပါဝင် သရုပ်ဆောင်ခဲ့တဲ့ မင်းသား Daniel Radcliffe က လိင်ပြောင်းအမျိုးသမီးတွေဟာလည်း အမျိုးသမီးတွေပဲ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ ဟယ်ရီပေါ်တာ ဝတ္ထုရေးသားသူ ဆရာမ JK Rowling က “ရာသီသွေးလာသူများ”ဆိုတဲ့ စကားနဲ့ Twitter မှာ ဝေဖန်ခဲ့ပြီးတဲ့နောက် အခုလိုမျိုး မင်းသားရဲ့ တုံ့ပြန်ချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

အသက် ၅၄ နှစ်အရွယ် စာရေးဆရာမ Rowling က ရာသီသွေးလာခြင်းနဲ့ အမျိုးသမီးတယောက်ကို သတ်မှတ်သင့်တယ်လို့ ပြောကြားတဲ့ တချို့သူတွေကို တုံ့ပြန်ဖို့ အမျိုးသမီးတွေက ရာသီသွေးလာကြတယ်လို့ ပြောကြားခဲ့ပါတယ်။

အဲ့ဒီ ပြောစကားဟာ လိင်ပြောင်းသူတွေအပေါ် မုန်းတီးမှုဖြစ်တယ်လို့ ဝေဖန်သူ တချို့က စွပ်စွဲခဲ့ကြပါတယ်။ ဒါပေမဲ့ JK Rowling ကတော့ လိင်ဆိုတဲ့ အရာဟာ အမှန်တကယ် ရှိနေတာဖြစ်ပြီး လိင်ဖျက်သိမ်းတယ်ဆိုတဲ့ အကြောင်းအရာဟာ အခြေအမြစ်မရှိဘူးလို့ ဆိုပါတယ်။

LGBTQ ပဋိပက္ခကြားဝင် ဖြေရှင်းရေးနဲ့ အဆုံးစီရင်မှု ကာကွယ်ရေး ပရဟိတအဖွဲ့ Trevor Project မှာ မင်းသား Radcliffe က “လိင်ပြောင်း အမျိုးသမီးတွေဟာလည်း အမျိုးသမီးတွေပါပဲ။ လိင်ပြောင်းပုဂ္ဂိုလ်တွေရဲ့ ဝိသေသလက္ခဏာနဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးမယ့် ဘယ်ပြောကြားချက်ကိုမဆို ဆန့်ကျင်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။

ဆက်ပြီး သူက “လိင်ပြောင်းထားသူတွေနဲ့ လိင်အမျိုးအစား မဖော်ပြလိုသူတွေဟာ သူတို့ရဲ့ ဝိသေသ လက္ခဏာတွေ တရားဝင် အသိအမှတ်ပြုမခံရတာနဲ့ နောက်ထပ် ထိခိုက်နာကျင်မှုတွေ မဖြစ်စေဖို့ ကျနော်တို့ ထောက်ပံ့ကူညီပေးရေး ပိုလုပ်ဆောင်ဖို့ လိုနေပါတယ်။သူတို့ တွေ့ကြုံခံစားနေရတာတွေကို မှေးမှိန် ပျောက်ပျက်စေခဲ့ပြီလို့ ခံစားနေရတဲ့သူတွေအားလုံးကို အခုလိုမျိုး ဖြစ်စေခဲ့တဲ့ မှတ်ချက်စကားတွေ၊ နာကျင်မှုအတွက် တကယ့်ကိုပဲ တောင်းပန်ပါတယ်” လို့ ရေးခဲ့ပါတယ်။

ဟယ်ရီပေါ်တာ စာရေးဆရာမရဲ့ ကနဦး မှတ်ချက်စကားဟာ ဝေဖန်မှုနဲ့ နှိပ်ကွပ်ပြောဆိုမှုဖြစ်ကြောင်း အများက ဝေဖန်ခဲ့ပေမယ့် သူကတော့ အဲ့ဒီဝေဖန်မှုတွေကို ပယ်ချထားပါတယ်။

ရာသီသွေးလာသူတွေအတွက် ပိုမို မျှတတဲ့ ကမ္ဘာတခုဖန်တီးပေးဖို့အကြောင်း ဖော်ပြထားတဲ့ ဆောင်းပါးတပုဒ်ကို တုံ့ပြန်တဲ့အနေနဲ့ JK Rowling က “ရာသီသွေးလာတဲ့လူတွေ၊ အဲ့ဒီလူတွေအတွက် စကားလုံး တခုကတော့ အသားကျနေပြီလို့ ကျမ ထင်တယ်။ တယောက်ယောက်က ကျမကို ကူညီလမ်းပြကြပါဦး” လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဆက်ပြီး “တကယ်လို့ Sex (လိင်) သာ တကယ်မရှိဘူးဆိုရင် လိင်တူချင်း ဆွဲဆောင်မှုဆိုတာလည်း ရှိမလာဘူး။ တကယ်လို့ လိင်သာ မရှိရရင် အမျိုးသမီးတွေ နေထိုင်တဲ့ အမှတ်တရားကြီးတခုလည်း ဖျက်ဆီးခံရမှာပဲ။ ကျမက လိင်ပြောင်းသူတွေကို သိလည်းသိတယ်။ ချစ်လည်း ချစ်တယ်”

“ဒါပေမဲ့ လိင်ပါရှိမှုကို ဖျက်သိမ်းပယ်ရှားမှုက သူတို့ရဲ့ဘဝတွေအကြောင်း အဓိပ္ပာယ်ရှိစွာ ဆွေးနွေးဖို့ လူတော်တော်များများ ရဲ့ စွမ်းဆောင်နိုင်စွမ်းကို ဖယ်ရှားလိုက်ပါတယ်။ အမှန်တရားကို ပြောဖို့ ကျမ မကြောက်ပါဘူး” လို့လည်း သူက ပြောဆိုခဲ့ပါတယ်။

Ref: Reuters

You may also like these stories:

အသားဖြူဝင်းအောင် ပြုလုပ်မှုကို ထောက်ခံတဲ့ ဘောလိဝုဒ် အနုပညာရှင်များ ဝေဖန်ခံရ

ဝါရင့် အနုပညာရှင်တွေနဲ့အတူ မှတ်တမ်းတင်ခံရတဲ့ ယွန်းယွန်း

The post လိင်ပြောင်းအမျိုးသမီးတွေဟာလည်း အမျိုးသမီးတွေပဲလို့ Daniel Radcliffe ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...