Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အသားဖြူဝင်းအောင် ပြုလုပ်မှုကို ထောက်ခံတဲ့ ဘောလိဝုဒ် အနုပညာရှင်များ ဝေဖန်ခံရ

$
0
0

 

အိန္ဒိယနိုင်ငံတွင်းမှာ လူတွေရဲ့ အသားအရေ ပိုမိုဖြူဝင်းလာအောင် ပြုလုပ် ဖန်တီးထားတဲ့ ထုတ်ကုန်ပစ္စည်းတွေကို ပရိုမိုးရှင်း ပြုလုပ်နေတဲ့ တချိန်တည်းမှာပဲ ကမ္ဘာတဝန်းမှာ လက်ရှိ ဖြစ်ပွားနေတဲ့ လူမျိုးရေး ခွဲခြားမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို ထောက်ခံပြောကြားခဲ့တဲ့ ဘောလိဝုဒ်စတား တော်တော်များများဟာ သူတော်ကောင်းယောင် ဆောင်နေကြတယ်လို့ ဝေဖန်ခံနေရပါတယ်။

Priyanka Chopra အပါအဝင် နာမည်ကျော်ကြားတဲ့ ဘောလိဝုဒ် မင်းသမီး တော်တော်များများဟာ လူဖြူ ရဲအရာရှိကြောင့် သေဆုံးခဲ့ရတဲ့ လူမည်းအမျိုးသား George Floyd အတွက် ထောက်ခံ ဆန္ဒပြကြောင်း ဆိုရှယ်မီဒီယာပေါ်မှာ ပို့စ်တွေကို မျှဝေခဲ့ကြပါတယ်။

အသက် ၃၇ နှစ်အရွယ် မင်းသမီး Chopra က “အမေရိကန်နဲ့ ကမ္ဘာတဝန်းမှာ ဖြစ်နေတဲ့ ဒီလူမျိုးရေး စစ်ပွဲကို အဆုံးသတ်ပေးပါ။ ရှင်တို့ ဘယ်မှာပဲနေနေ၊ ဘယ်လိုအခြေအနေပဲ ဖြစ်နေနေ၊ ဘယ်သူကမှ မသေသင့်ပါဘူး။ အထူးသဖြင့် အသားအရောင်ကြောင့် တခြားလူတယောက်ရဲ့ လက်ထဲမှာ မသေသင့်ပါဘူး” လို့ Instagram မှာ တင်ခဲ့ပါတယ်။

View this post on Instagram

There is so much work to be done and it needs to starts at an individual level on a global scale. We all have a responsibility to educate ourselves and end this hate. End this race war here in the US, and around the world. Wherever you live, whatever your circumstances, NO ONE deserves to die, especially at the hands of another because of their skin color. ⁣⁣⁣ ⁣⁣⁣ On May 25th, George Floyd was pinned down by the neck by a Minneapolis police officer and died. He laid there, fighting for his life, struggling to breathe, and other officers just stood there and watched. The officer has now been charged with murder.⁣ ⁣⁣⁣ George, I am praying for your family. ❤️ ⁣⁣⁣ ⁣⁣⁣ Text “FLOYD” to 55156 and sign the petition. ⁣⁣⁣ #JusticeForGeorgeFloyd

A post shared by Priyanka Chopra Jonas (@priyankachopra) on

ဒါပေမဲ့ ပရိသတ်တွေကတော့ မင်းသမီးကို အရင်တုန်းက အသားဖြူဝင်းစေဖို့ ထုတ်လုပ်ထားတဲ့ အလှကုန်ပစ္စည်း ကြော်ငြာပေးခဲ့မှုအတွက် ဆိုရှယ်မီဒီယာပေါ်မှာ ဝေဖန်နေကြပါတယ်။ ၂၀၀၈ ခုနှစ်တုန်းက သူ သရုပ်ဆောင်ခဲ့တဲ့ ဟင်ဒီစကားပြောရုပ်ရှင်မှာ လူမည်းအမျိုးသားတဦးနဲ့ လိင်ဆက်ဆံရတာဟာ ရှက်ဖို့ကောင်းကြောင်း ပြောကြားခဲ့ဖူးတာကို ထောက်ပြကြပါတယ်။

သူ့ရဲ့ Instagram ပို့စ်မှာ ပရိသတ်တဦးက “လူမည်းတွေအတွက် ပြောကြားပေးလို့ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အသားမည်းနက်မှု ဆန့်ကျင်တာကို မြှင့်တင်ပေးမယ့် အသားအရောင် ချွတ်ဆေးခရင်မ်ကို ထောက်ခံပေးတာကိုတော့ ရပ်လိုက်ပါ” လို့ ရေးသားခဲ့ပါတယ်။

မယ်ကမ္ဘာဆုရှင်ဟောင်းဖြစ်ခဲ့ပြီး ဘောလိဝုဒ်မှာရော ဟောလိဝုဒ်မှာပါ နာမည်ရ မင်းသမီးဖြစ်တဲ့ Chopra က လူငယ် မင်းသမီးတယောက်အနေနဲ့ အဲ့ဒီလိုမျိုး ထုတ်ကုန်တခုကို ကြော်ငြာရတာကို နောင်တရမိတဲ့အကြောင်းနဲ့ သူ့ရဲ့ နက်မှောင်တဲ့ အသားအရေကို ဂုဏ်ယူတဲ့အကြောင်း အရင်တုန်းက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတွေမှာ ဖြေကြားခဲ့ဖူးပါတယ်။

မင်းသမီးတွေ ဖြစ်ကြတဲ့ Sonam Kapoor Ahuja ၊ Deepika Padukone နဲ့ Disha Patani တို့ဟာလည်း အသားအရေ ဖြူဝင်းစေတဲ့ ထုတ်ကုန်ကြော်ငြာတွေမှာ ပါဝင်ခဲ့ပေမယ့် လူမျိုးရေး ခွဲခြားမှုအတွက် ဆန့်ကျင်မှုကို ဆိုရှယ်မီဒီယာပေါ် တင်လိုက်ချိန်မှာတော့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

နက်မှောင်တဲ့ အသားအရေကို ပိုင်ဆိုင်တဲ့ အိန္ဒိယနိုင်ငံသားတွေအတွက် အသားအရေ ပိုမိုဖြူဝင်းလာစေမယ့် ထုတ်ကုန်လုပ်ငန်းကြီးဟာ ဒေါ်လာ ဘီလီယံနဲ့ချီပြီး လည်ပတ်နေတာဖြစ်ပြီး အဲ့ဒီထုတ်ကုန်တွေကို ကြော်ငြာဖို့ ဘောလိဝုဒ်ရဲ့ ထိပ်တန်းသရုပ်ဆောင်တွေကို အသုံးပြုကြပါတယ်။

အဲ့ဒီလို ထုတ်ကုန်ပစ္စည်းတွေကို ဆန့်ကျင်တဲ့ ဝေဖန်မှုတွေ၊ ကမ်ပိန်းတွေဟာ နှစ်နဲ့ချီပြီး ဖြစ်ပေါ်လာခဲ့ပြီးတဲ့နောက် အလှကုန်ပစ္စည်း တော်တော်များများက သူတို့တွေ ထုတ်ကုန်တွေကို “အသားအရေ တောက်ပစေသည့်”၊ “ဖြူဝင်းစေသည့်၊ လင်းလက်စေသည့်” ခရင်မ်နဲ့ မျက်နှာသစ်ဆေးဆိုပြီး ခေါ်ဆိုတာမျိုးတွေ ပြုလုပ်လာခဲ့ကြပါတယ်။

ဒါ့အပြင် အိန္ဒိယနိုင်ငံသားအချင်းချင်း အတူတူပင် ဖြစ်လင့်ကစား အသားအရေ ပိုမိုဖြူဝင်းသူကိုသာ အဓိက ရုပ်ရှင်ကြီးတွေမှာ သရုပ်ဆောင်တဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့ပါတယ်။ ဥပမာအားဖြင့် အသားအရည် ပိုမိုနက်မှောင်သူ အများစုရှိရာ တောင်ပိုင်းပြည်နယ်များမှ သရုပ်ဆောင်များကို နာမည်ကျော် ဘောလိဝုဒ်ရုပ်ရှင်တွေမှာ တွေ့ရနည်းလေ့ ရှိတာမျိုး ဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာ အသုံးပြုသူတွေကတော့ ဘောလိဝုဒ်လောကမှာ အလှအပကို အသားအရေ ဖြူဝင်းမှုနဲ့ တန်ဖိုးဖြတ်တဲ့ စာသားတွေ၊ ဒိုင်ယာလော့ခ်တွေနဲ့ ရေးသားနေရတဲ့အကြောင်းအရင်းကို မေးခွန်း ထုတ်လာကြပါတယ်။

အိန္ဒိယနွယ်ဖွား အမေရိကန် ဟာသပညာရှင် Hasan Minhaj ကတော့ အဲ့ဒီကြော်ငြာတွေအတွက် ဘောလိဝုဒ်ကို စိတ်မကောင်းဖြစ်မိကြောင်း Netflix ကနေလွှင့်တဲ့ သူ့ရဲ့ “Patriot Act” အစီအစဉ်မှာ ပြောဆိုထားပါတယ်။

Ref: asiaone

You may also like these stories:

ကိုဗစ်ကြောင့် ဘောလိဝုဒ်ကားတွေမှာ အကနဲ့ အနမ်း ဇာတ်ဝင်ခန်းတွေ ခွင့်မပြုတော့

ဟောလီးဝုဒ်က ချစ်တဲ့ ဘောလီးဝုဒ်စတား

The post အသားဖြူဝင်းအောင် ပြုလုပ်မှုကို ထောက်ခံတဲ့ ဘောလိဝုဒ် အနုပညာရှင်များ ဝေဖန်ခံရ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ