Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

သရုပ်ဆောင် Skill တက်အောင် Tik Tok ရိုက်ဖြစ်နေတဲ့ မြတ်နိုးအေး

$
0
0

ကိုဗစ်ကာလ ရုပ်ရှင်ရိုက်ကူးမှုများ ရပ်နားထားချိန်မှာ ကိုယ့်ရဲ့သရုပ်ဆောင် Skill (ကျွမ်းကျင်မှု) တက်လာအောင် ရုပ်ရှင်တွေကြည့်ဖြစ်သလို၊ Tik Tok ဗီဒီယိုတွေလည်း ရိုက်ပြီး အိုက်တင်တွေ လုပ်ဖြစ်တယ်လို့ မြတ်နိုးအေးက ပြောပါတယ်။

“သရုပ်ဆောင် Skill တက်ချင်ရင် ရုပ်ရှင်များများ ကြည့်ရတာပေါ့။ Netflix တွေ များများကြည့်ဖြစ်တယ်။ ရိုက်ဖို့ ကျန်နေသေးတဲ့ ဇာတ်ညွှန်းတွေကို သေချာပြန်ဖတ်ရတယ်။ ဖတ်ချိန် ပိုများလာတာပေါ့။ အခုအချိန်က အားနေတော့ ပိုပြီးတော့ စိတ်ပိုထည့်လို့ရတယ်။ တခြားအလုပ်တွေလည်း မရှိတော့ ဒီဇာတ်ညွှန်းတွေကို သေချာပြန်ကျင့်ဖြစ်တယ်” လို့ မြတ်နိုးအေးက ပြောပါတယ်။

ဆက်လက်ပြီး မြတ်နိုးအေးက “သရုပ်ဆောင်တွေအနေနဲ့ နောက်တခု လုပ်လို့ရတာက Tik Tok တွေ ရိုက်လို့ရတာပေါ့။ အဲဒါက ဘာမှမလုပ်တာ ထက်စာရင် ကိုယ့်ရဲ့ Skill ကို မြှင့်လို့ရတဲ့ Application တခုပေါ့။ အဲ့လိုမျိုးနဲ့ အသုံးချတယ်” လို့ ပြောပါတယ်။

ကိုယ်တိုင်လည်း အားလပ်တဲ့အချိန်များမှာ Tik Tok ရိုက်ဖြစ်ပြီး ရိုက်ပြီးတဲ့ထဲမှ အမျိုးသမီးများနဲ့ပတ်သက်တဲ့ အိမ်တွင်းအကြမ်းဖက်မှု ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ဗီဒီယိုဖိုင်များကိုတော့ လူအမျာ းနှစ်သက်ခဲ့ကြပါတယ်။

“ရိုက်ဖြစ်တာကတော့ Tik Tok မှာ အဲ့သီချင်းက တော်တော်ပေါက်တဲ့ထဲမှာပါတယ်။ Answer the call သီချင်းပေါ့။ ပြန်ပေးဆွဲတာကို ဘယ်လိုပြန်လွတ်အောင် လုပ်မလဲဆိုတဲ့ နည်းတွေကို ပြန်ရိုက်ကြတာများတယ်။ ဒါတွေကလည်း သီချင်းစာသားတွေကလည်း တကယ့် ဖြစ်ရပ်မှန်အပေါ်မှာ ရေးထားတာတွေပေါ့” လို့ မြတ်နိုးအေးက ပြောပါတယ်။

ဒီလိုအကြမ်းဖက်မှုများကို အမျိုးသမီးတော်တော်များ ကြုံတွေ့ဖူးကြပြီး အိမ်ထောင်သည်များကြားမှာတင်မကဘဲ သမီးရည်းစားအချင်းချင်းကြားမှာလည်း ဖြစ်တတ်တာကြောင့် ရွေးချယ်ပြီး ရိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ကျမအနေနဲ့ ဒီနိုင်ငံမှာအဖြစ်များတဲ့ မိန်းကလေးတွေအနေနဲ့လည်း Relate လုပ်လို့ ရတဲ့အရာတခုကိုရွေးလိုက်တယ်။ ပြန်ပေးဆွဲတာကျတော့ လူတိုင်း မကြုံတွေ့နိုင်ဘူးလေ။ အိမ်တွင်းအကြမ်းဖက်မှုဆိုတာက အမျိုးသမီးတွေ ကြုံဖူးနိုင်တယ်”

“အိမ်ထောင်သည်တွေမှ မဟုတ်ဘူး။ သမီးရည်းစားအချင်းချင်းကြားမှာလည်း အဲ့လို ရှိနိုင်တယ်။ မိသားစုအတွင်းမှာလည်း အကြမ်းဖက်တာတွေ ရှိနိုင်တယ်။ ရန်ဖြစ်ရင် လက်ပါတတ်တာမျိုးတွေ ရှိတော့ အဲ့တခုကို ရွေးလိုက်မိတယ်” လို့ မြတ်နိုးအေးက ပြောပါတယ်။

မြတ်နိုးအေးက ရုပ်ရှင် ရိုက်လက်စတွေ ရပ်နားထားတဲ့ အတောအတွင်းမှာ ပရိသတ်နဲ့ အဆက်မပြတ်အောင် ဓာတ်ပုံများ အမြဲရိုက်တင်ဖြစ်တဲ့အကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။

“အလှဓာတ်ပုံတွေဆိုရင်လည်း ကိုယ့်ဘာသာကိုယ် ကြည့်ရတာ ရိုးလာတယ်။ လူတယောက်က ကိုယ်လုပ်နေကျ ပို့စ်ပဲ ထွက်တယ်လေ။ အဲ့တော့ ကိုယ့်ကိုယ်ကိုယ်လည်း မမြင်ချင်တော့ဘူး။ တခု လုပ်ထားတာက ၅ လပိုင်း ၁၁ ရက်နေ့မှာ ကိုဗစ်သာ မဖြစ်နေခဲ့ရင် ရိုက်ထားတဲ့ ဇာတ်လမ်းတွဲက ပြဖို့ ရှိတယ်”

“အဲ့ဇာတ်လမ်းတွဲ မတိုင်ခင် Promote လုပ်မယ်။ နေ့တိုင်း ဓာတ်ပုံတင်မယ်ဆိုတဲ့ Trend တခု လုပ်ထားတယ်။ တရက်ကို ပုံ ၄ ပုံ တင်မယ်။ အဲ့လိုလုပ်ထားတော့ ပုံတွေက ထပ်လာတယ်။ ထပ်လာတော့ အဆင်မပြေတော့ဘူး။ တခြားပုံစံလေးတွေ ပြောင်းရိုက်ကြည့်တယ်” လို့ မြတ်နိုးအေးက ပြောပါတယ်။

ရုပ်ရှင်အနေနဲ့ “Yangon in love” နဲ့ Canal + မှာပြသတဲ့ “လိပ်ပြာ”ဇာတ်လမ်းတွဲ Season 2 တို့ကို ရိုက်ကူးရင်းနဲ့ ရပ်နားထားရတဲ့ဖြစ်တဲ့အတွက်လည်း ဇာတ်ညွှန်းများကို အမြဲတမ်းဖတ်ပြီး ကာရိုက်တာများကို မမေ့ရအောင် နေရတယ်လို့ ဆိုပါတယ်။

မြတ်နိုးအေးကတော့ ဒါရိုက်တာ ထူးပိုင်ဇော်ဦး ရိုက်ကူးတဲ့ “ ည “ နဲ့ “သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားများမှာ ပါဝင် သရုပ်ဆောင်ခဲ့ရာမှာ ပရိသတ်အားပေးမှုများစွာ ရရှိခဲ့တဲ့ သရုပ်ဆောင်တဦး ဖြစ်ပါတယ်။

You may also like these stories:

“ရုပ်ရှင်ရုံတွေ ပြန်ဖွင့်ဖို့က နောက်ဆုံးမှ ဖြစ်လိမ့်မယ်”

ကမ္ဘာ့အကြီးဆုံး အခပေး အွန်လိုင်းဖျော်ဖြေပွဲ ကျင်းပနိုင်ခဲ့တဲ့ BTS အဖွဲ့

The post သရုပ်ဆောင် Skill တက်အောင် Tik Tok ရိုက်ဖြစ်နေတဲ့ မြတ်နိုးအေး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...