Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Stay home ကာလ အိမ်မှာနေရတာ စိတ်အပန်းပြေတယ်ဆိုတဲ့ ရွှေသမီး

$
0
0

Stay hom ကာလမှာ ရိုက်ကူးရေးတွေ ရပ်နားထားပြီး အိမ်မှာနေနေရပေမယ့် သရုပ်ဆောင် ရွှေသမီးကတော့ အခုချိန် အိမ်မှာ အပြည့်အဝ နေရတာဟာ စိတ်အပန်းပြေစေတယ်လို့ ဆိုပါတယ်။

“ကိုယ်က ပုံမှန်လည်း အိမ်ကပ်တဲ့သူဆိုတော့ ရှုတင်မရှိတဲ့ အချိန်ဆို အိမ်ထဲမှာပဲ နေတယ်။ အခုအချိန်မှာ အိမ်ထဲမှာ အပြည့်အဝ နေရမယ်ဆိုတော့ ပိုပြီးလွတ်လပ်ပြီး ပိုပြီးစိတ်အပန်းပြေတယ်လို့ ခံစားရတယ်။ ပုံမှန်ဆို ဖုန်းတွေလည်း အမြဲတမ်းလာတယ်။ အလုပ်က တခုမဟုတ် တခု လာနေတာ။ အခုကျတော့ ဘယ်သူမှမဆက်ဘူး။ ဖုန်းတွေတောင် ပျောက်နေတာမျိုး ဖြစ်တယ်။ အေးချမ်းပါတယ်” လို့ ရွှေသမီးက ပြောပါတယ်။

ရွှေသမီးကတော့ အိမ်မှာနေရချိန်မှာ ဇာတ်လမ်းတွဲတွေ ကြည့်ဖြစ်သလို စာအုပ်တွေလည်း ဖတ်ဖြစ်တယ်လို့ ဆိုပါတယ်။

“အိမ်မှာနေရင် ဇာတ်လမ်းတွဲတွေ အကြီးအကျယ် ကြည့်တယ်။ ယိုးဒယားကို ရောက်သွားလိုက်၊ ကိုရီးယားကို ရောက်သွားလိုက်၊ တရုတ်ကို ရောက်သွားလိုက်ပေါ့။ စိတ်ကူးတွေ ယဉ်ပြီးတော့ မင်းသမီးနေရာမှာ ကိုယ်ဝင်ပြီးတော့ သရုပ်ဆောင်တယ်။ စာအုပ်တွေလည်း ဖတ်ဖြစ်တယ်” လို့ ရွှေသမီးက ဆိုပါတယ်။

အိမ်မှာနေချိန်မှာလည်း အစားအသောက်တွေ စားပြနေပေမယ့် ခန္ဓာကိုယ် ဝလာမျိုးကို မတွေ့ရတဲ့အတွက် ဘယ်လိုထိန်းသိမ်းလဲ ဆိုတာကို အခုလို ပြောပြခဲ့ပါတယ်။

“ကိုယ့်ကိုယ်ကိုယ်တော့ ဝလာတယ် ထင်တာပဲ။ သူများတွေအမြင်မှာတော့ ကိုယ့်ကို ပိန်သွားတယ်တဲ့။ အဲ့တော့ ကိုယ့်ကိုယ်ကိုယ် ပိန်သွားတယ်ဆိုတာ လက်ခံရမယ့်သဘော ရှိနေပြီ။ ကိုယ်ကတော့ ကိုယ့်ရုပ်ကို မှန်ထဲမှာ အမြဲကြည့်နေတာဖြစ်တဲ့အတွက် သိပ်မသိသာပေမယ့် တခြားသူတွေနဲ့ တွေ့တဲ့အခါကျရင် တခြားသူတွေကပါ သိတယ်လေနော်။ အခုကတော့ ပိန်သွားတယ် ပြောတာပဲ”

“ဝိတ်မချဖြစ်ဘူး။ ရှေ့ရက်တွေကလည်း ဖျားထားတော့ အသားကုန်ပဲ စားနေတယ်။ တရက်လောက်လေး ဖျားပြီးရင် တနှစ်လောက်က ကိုယ့်ကိုယ်ကိုယ် သနားနေတာ။ သတိတွေရရပြီး အဲ့နေ့က ငါဖျားထားတယ်။ စားရမယ်ဆိုပြီး” လို့ ရွှေသမီးက ဆိုပါတယ်။

အလှူအတန်းတွေအနေနဲ့လည်း ငွေကြေးအရသာ ကူညီပေးဖြစ်ပြီး တခြားသူများလို စိတ်ရော လူရော မလုပ်သေးနိုင်သေးဘူးလို့ ဆိုပါတယ်။

“ဒီကြားထဲတော့ အလှူလေးတွေတော့ ခပ်စိပ်စိပ်လေး လုပ်ဖြစ်နေတယ်။ အခုမှသိတဲ့ လှူလို့ရတဲ့နေရာလေးတွေ လှူဖြစ်တယ်။ အဓိကကတော့ ကိုယ်တတ်နိုင်တဲ့ဘက်လေးပေါ့။ ငွေအားလေးနဲ့ပဲ ကူပေးဖြစ်တယ်။ စိတ်ရော ကိုယ်ရော ကတော့ သူများတွေလို မလုပ်နိုင်သေးပါဘူး။ တတ်နိုင်တဲ့ဘက်ကနေပဲ လှူဖြစ်တာပါ” လို့ရွှေသမီးက ပြောပါတယ်။

ရွှေသမီးကတော့ မကြာခင်မှာလည်း Food Blogger အနေနဲ့ စီးပွားရေးလုပ်ဖို့ ရည်ရွယ်ထားပြီး အဲဒီက ရတဲ့ ငွေကြေးများကို ပြန်လှူဒါန်းဖို့အတွက် ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

You may also like these stories:

သရုပ်ဆောင် Skill တက်အောင် Tik Tok ရိုက်ဖြစ်နေတဲ့ မြတ်နိုးအေး

“ရုပ်ရှင်ရုံတွေ ပြန်ဖွင့်ဖို့က နောက်ဆုံးမှ ဖြစ်လိမ့်မယ်”

ပရိသတ်နဲ့ အဆက်အသွယ် မပြတ်အောင် Tik Tok ရိုက်တဲ့ ယဉ်လက်

The post Stay home ကာလ အိမ်မှာနေရတာ စိတ်အပန်းပြေတယ်ဆိုတဲ့ ရွှေသမီး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...