Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မွေးရပ်မြေက ရုပ်တုနှစ်ခုကို ဖယ်ရှားပေးဖို့ Taylor Swift တောင်းဆို

$
0
0

နာမည်ကျော် အဆိုတော် Taylor Swift က သူမွေးဖွားခဲ့ရာ Tennessee ပြည်နယ်မှာရှိတဲ့ ရုပ်တုနှစ်ခုဟာ စက်ဆုပ်ဖွယ်ဖြစ်တယ်လို့ ဝေဖန်ခဲ့ပြီးတဲ့နောက် အဲ့ဒီရုပ်တု နှစ်ခုကို ဖယ်ရှားပေးဖို့ ပြည်နယ် သမိုင်းရေးရာ ကော်မရှင်ကို တိုက်တွန်းလိုက်တယ်လို့ သိရပါတယ်။

အဆိုတော် Swift က Black Lives Matter လှုပ်ရှားမှုအတွင်းမှာ ဆန္ဒပြသူတွေဟာ Edward Carmack ရုပ်တုကို ဖျက်စီးခဲ့ပြီးတဲ့နောက် Nathan Bedford Forrest ရုပ်တုကို ဖယ်ရှားပေးဖို့ တိုက်တွန်းလိုက်တာလည်း ဖြစ်ပါတယ်။

“Tennessean ပြည်နယ်သူတဦးအနေနဲ့ မကောင်းမှုတွေ လုပ်ခဲ့တဲ့ လူမျိုးရေးခွဲခြားသူ သမိုင်းဝင်ပုဂ္ဂိုလ်တွေကို ဂုဏ်ပြုတဲ့ အထိမ်းအမှတ်ရုပ်တုတွေ ကျမတို့ ပြည်နယ်အတွင်းမှာ ရှိနေတာဟာ စိတ်မသက်မသာရာ ရစေတယ်။ Edward Carmack နဲ့ Nathan Bedford Forrest တို့ဟာ ကျမတို့ ပြည်နယ် သမိုင်းမှာ စက်ဆုပ်ဖို့ကောင်းတဲ့သူတွေ ဖြစ်ခဲ့ကြပါတယ်”လို့ အဆိုတော် Swift က ပြောပါတယ်။

ဆက်ပြီး “သူတို့ကို အခုလိုမျိုး တုံ့ပြန်တာမျိုး လုပ်သင့်ပါတယ်။ ပြည်နယ် Capitol မှာရှိတဲ့ Edward Carmack ရုပ်တုကတော့ ပြီးခဲ့တဲ့ အပတ် ဆန္ဒပြမှုတွေအတွင်းမှာ ဖျက်စီးခံလိုက်ရပါပြီ။ ဒါပေမဲ့ Tennessee ပြည်နယ်က အဲ့ဒါကို ပြန်အစားထိုးမယ်လို့ ဆော်သြနေတယ်။ သူ့ ရုပ်တုကို အစားပြန်ထိုးမယ့် ကိစ္စဟာ ပြည်နယ်ရန်ပုံငွေတွေကို အလဟဿ ဖြစ်စေပြီး ကောင်းတဲ့ အရာတွေ လုပ်ဖို့ အခွင့်အရေးကို အလဟဿ ဖြစ်စေသလိုပါပဲ”

“ပြီးတော့ ကျမတို့က ဒီကြောက်စရာတခုကိုလည်း ဖြေရှင်းရမယ်။ Nathan Bedford Forrest ရဲ့ ရုပ်တုက ရှိနေတုန်းပဲ။ ဇူလိုင်လ ၁၃ ရက်နေ့ဟာ “Nathan Bedford Forrest Day” ဖြစ်ပါတယ်။ လူထုရဲ့ ဖိအားတွေကြောင့် ပြည်နယ်ဟာ ဒါကို ပယ်ဖျက်ဖို့ ကြိုးစားနေတယ်။ Tennessean သားတို့အနေနဲ့ ဒါမျိုးကို လက်မခံနိုင်တော့ဘူး။ လုံး၀ ငြင်းပယ်ပါတယ်” လို့ Taylor Swift က ဆိုပါတယ်။

ထပ်မံပြီး အဆိုတော် Swift က ဒီရုပ်တုတွေကို ဖယ်ရှားလိုက်ရတာဟာ ရာစုနှစ်နဲ့ချီပြီး စနစ်တကျ ဖိနှိပ်မှုတွေကို ပြင်ဆင်နိုင်မှာ မဟုတ်တဲ့အကြောင်း ပြောဆိုခဲ့ပြီး Capitol နဲ့ ပြည်နယ်သမိုင်းရေးရာ ကော်မရှင် အနေနဲ့ အပြောင်းအလဲ လုပ်ဆောင်ရာမှာ ကူညီဖို့ တိုက်တွန်းခဲ့ပါတယ်။

“ရုပ်တုတွေကို ဖြိုလှဲဖယ်ရှား လိုက်တာဟာ လူမည်းတွေ ရင်ဆိုင်ခဲ့ရပြီး ရာစုနှစ်နဲ့ချီတဲ့ စနစ်တကျ ဖိနှိပ်မှု၊ အကြမ်းဖက်မှုနဲ့ အမုန်းတရား တွေကို ပြင်ဆင်နိုင်မှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း လူဖြူတွေသာမက ကျမတို့ ပြည်နယ်အတွင်းကို လာတဲ့ ဧည့်သည်တွေနဲ့ ပြည်နယ်သားတွေအားလုံး ဘေးကင်းမှုရှိတယ်ဆိုတာကို ပိုမို နီးနီးကပ်ကပ် ချဉ်းကပ်ဖို့ ခြေလှမ်းအသေးလေး တခုတော့ ဖြစ်ခဲ့ပါတယ်” လို့ Taylor Swift က သူ့ရဲ့ Twitter အကောင့်မှာ ရေးသားခဲ့ပါတယ်။

“လူမျိုးရေးခွဲခြားမှုတွေကို ကျူးလွန်ခဲ့တဲ့သူတွေအနေနဲ့ သူရဲကောင်းကနေ ဗီလိန်ဆိုတဲ့ အခြေအနေကို ကျမတို့က ပြောင်းလဲဖို့ လိုပါတယ်။ ပြီးတော့ ဗီလိန်တွေက ရုပ်တုတွေနဲ့ မထိုက်တန်ပါဘူး။ Capitol ကော်မရှင်နဲ့ ပြည်နယ်သမိုင်းရေးရာ ကော်မရှင်တို့အနေနဲ့ ဒီလိုမျိုး အထိမ်းအမှတ် ရုပ်တုတွေအတွက် ဆက်လက် တိုက်ခိုက်နေရတာ ဘယ်လောက် နာကျင်ရတယ်ဆိုတာကို စဉ်းစားကြဖို့ တိုက်တွန်း နေပါတယ်”လို့ ဆိုပါတယ်။

Ref: asiaone

You may also like these stories:

Taylor Swift ရဲ့ ဘဝအကြောင်းကို သိခွင့်ရမယ့် “Miss Americana” မှတ်တမ်းရုပ်ရှင်

ဆယ်စုနှစ်အတွင်း ဒုတိယ ဝင်ငွေအများဆုံး ဂီတပညာရှင်အဖြစ်သာ ကျေနပ်ခဲ့ရတဲ့ Taylor Swift

 

The post မွေးရပ်မြေက ရုပ်တုနှစ်ခုကို ဖယ်ရှားပေးဖို့ Taylor Swift တောင်းဆို appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...