Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အနုပညာသမားထက် ဖျော်ဖြေရေးသမားလို့ ခံယူထားတဲ့ X- box

$
0
0

အဆိုတော် X-box ကတော့ သူဟာ ဖျော်ဖြေရေးသမားတယောက်ဖြစ်ပြီး အနုပညာသမား အစစ်အမှန် မဟုတ်တဲ့ အကြောင်းကို ပြောပြထားပါတယ်။

“ကျနော်က ဖျော်ဖြေရေးသမား ဖြစ်တယ်။ Artist အစစ်အမှန် မဟုတ်ပါ။ ဘာဖြစ်လို့ ဖျော်ဖြေရေးသမားလို့ ပြောရလဲ ဆိုရင် ကျနော့်ကို အနုပညာသမားလို့ ထင်နေမှာစိုးလို့ပါ။ ဘာကြောင့် အနုပညာသမားလို့ အထင်မခံနိုင်လဲဆိုတော့ ဖျော်ဖြေရေးသမားနဲ့ အနုပညာဖန်တီး၊ ခံစားသူဆိုတာ မတူညီဘူးဆိုတာ ပြည်သူကိုလည်း သိစေချင်တယ်” လို့ အဆိုတော် X-box က ပြောပါတယ်။

ကိုယ်တိုင်လည်း နာမည်ကြီးလာတဲ့အလျောက် ဘာကြောင့် နာမည်ကြီးလာတာလဲဆိုတာကို ဒီလပိုင်းတွေမှာ ပြန်တွေးမိလာတာဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော် ကိုယ်တိုင်လည်း ငါဟာနာမည်ကြီးလာတဲ့အလျောက် ငါဘာလို့ နာမည်ကြီးလာတာလဲ။ ဘာတွေ လုပ်လိုက်လို့ ငါဟာ အနုပညာသမားဆိုတဲ့ တန်ဖိုးကြီးလှတဲ့ ခေါင်းစဉ်အောက်ကြီး ရောက်သွားရတာလဲဆိုပြီး ဒီလပိုင်းမှာ ပြန်တွေးမိလာတယ်” လို့ X-box က ပြောပါတယ်။

အဓိကအဖြေကတော့ ကိုယ်တိုင်ရေး၊ ဆို တဲ့သီချင်းတွေပေါက်လို့ဖြစ်ပြီး သီချင်းပေါက်တာတောင် အနုပညာသမားလို့ မခေါ်ထိုက်ဘူးလားဆိုပြီး မေးခွန်းပြန်ထုတ်ရတယ်လို့ ဆိုပါတယ်။

“အဓိကကတော့ ကိုယ်တိုင်ရေး၊ ဆိုတဲ့ သီချင်းတွေ ပေါက်လို့ပေါ့နော်။ အဖြေက ရှင်းပါတယ်။ ဒါပေမဲ့ အဲဒီမှာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိတယ်။ ငါ့ရင်ဘတ်ထဲက ထွက်လာတဲ့ စာသားတွ ၊ အတွေးအခေါ်အသစ်တွေနဲ့ သီချင်းတွေဖြစ်အောင် ဖန်တီးထားတာတောင် မခေါ်ထိုက်ဘူးလားပေါ့” လို့ X- box က ဆိုထားပါတယ်။

သူ့ရဲ့အနုပညာစစ်စစ်အပေါ် အမြင်ကိုလည်း X-box က အခုလိုပဲ ပြောထားပါတယ်။

“ကျနော့်အမြင်အရပြောရရင်တော့ အနုပညာသမားစစ်စစ်ဆိုတာ ကိုယ်ဖန်တီးလိုက်တဲ့အရာကို လူတွေဆီကို အခကြေးငွေတွေနဲ့ မရောင်းချဘူး။ မဖျော်ဖြေဘူး။ အပြင်လူတွေရဲ့ခံစားချက်တွေ ဝေဖန်မှုတွေ လိုချင်တပ်မက်တွေကို စိတ်လည်း မဝင်စားဘူး။ ဖန်တီးနေသမျှ ခံစားရတာပဲ သူ ကြိုက်တယ်”

“သူ့အနုပညာကို သူမွေးထားတဲ့ သားသမီးတွေလိုပဲ တန်ဖိုးထားတယ်။ ဘယ်သူ့လက်ထဲမှ မပေးဘူး။ ဒါကတော့ ကျနော်မြင်တဲ့ “အနုပညာစစ်စစ်” ဆိုတဲ့ အဓိပ္ပာယ် ဖွင့်ဆိုမှုပေါ့နော်။ လူတိုင်း သဘောထား ကွဲလွဲနိုင်ပါတယ်”လို့ X- box က ပြောထားပါတယ်။

ဖျော်ဖြေရေးသမားဆိုတာကတော့ ရင်ထဲကလာတဲ့ စကားလုံးများကို သူများနဲ့မတူအောင် ရေးပြီး ကွဲပြားတဲ့ ဆိုဟန်တွေနဲ့ ဆိုကြရပါတယ်။ ရေပန်းစားလာတဲ့ သီချင်းများကို စင်မြင့်ပေါ်မှာ ဖျော်ဖြေကြရပြီး ဆုတွေရလာခြင်း၊ တခွေပြီးတခွေ ထွက်နိုင်အောင်လည်း စိတ်ရောကိုယ်ပါ ကြိုးစားရ၊ နာမည် မကျအောင်လည်း ထိန်းသိမ်းရတာဟာ ဖျော်ဖြေရေးသမားတွေရဲ့အလုပ်ပါလို့ ဆိုပါတယ်။

“ဖန်တီးမှုတိုင်းကတော့ ဦးနှောက်နဲ့ ရင်ထဲက ထွက်လာတာပဲလေ။ လူတိုင်း ဘာပဲလုပ်လုပ် ဦးနှောက်တော့ သုံးရတာပဲ။ အဲဒီအပေါ်မှာ တန်ဖိုးတွေ သတ်မှတ်လိုက်တဲ့လူနဲ့ အဲဒီ တန်ဖိုးတွေကို စိတ်မဝင်စားတဲ့လူနဲ့ အဲဒီမှာကွာသွားတယ် လို့မြင်တာပဲ။ ဒီလောက်ပါပဲ အနုပညာသမားစစ်စစ်က လူတွေနဲ့ဝေးရာမှာနေကြတယ်။ ဖျော်ဖြေရေးသမားကတော့ လူတွေထဲက လူတွေလိုပဲ၊ လူတွေနဲ့ အနီးဆုံးမှာပဲ နေကြတယ်။ ဒါကတော့ ကျနော့်အမြင်ပါ” လို့ X- box က ပြောပါတယ်။

Hip Hop အဆိုတော် X-box ကတော့ ဒီအကြောင်းအရာတွေကို သူ့ရဲ့ လူမှုကွန်ရက် အကောင့်မှာ ပြောဆိုထားတာပဲ ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာတော့ အနုပညာသမားနဲ့ ဖျော်ရေးသမားဆိုပြီး သဘောထား ကွဲလွဲမှုများစွာ ရှိနေပါတယ်။

You may also like these stories:

Sushant Singh ကွယ်လွန်ပြီးနောက် ဘောလိဝုဒ်လောကမှ ဂယက်များ

Zoom မှာ Keanu Reeves နဲ့ စကားပြောနိုင်မယ့် အစီအစဉ် လေလံပေး

ကျန်းမာရေးဝန်ထမ်းတွေကို အသက်အာမခံ စုပေါင်း လှူဒါန်းပေးမယ့် ဝတ်မှုံရွှေရည်

The post အနုပညာသမားထက် ဖျော်ဖြေရေးသမားလို့ ခံယူထားတဲ့ X- box appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ