Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ခိုင်နှင်းဝေ ရင်သွေးဂေဟာမှာ မွေးနေ့အလှူ လုပ်ခဲ့တဲ့ စမိုင်းလ်ရဲ့သမီးငယ်လေး

$
0
0

သရုပ်ဆောင် စမိုင်းလ်က ဒီနေ့ ဇွန် ၁၇ ရက်နေ့မှာ ကျရောက်တဲ့ သမီးငယ် ဆုရတီမောင် (ခ) ကလိုဝီရဲ့ အသက် ၁၂ နှစ်ပြည့် မွေးနေ့ အလှူကို ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်ရှိ “ခိုင်နှင်းဝေ မိဘမဲ့ဂေဟာ” မှာ အလှူငွေ ၁၂ သိန်း သွားရောက် လှူဒါန်းခဲ့ပါတယ်။

“မခိုင်နှင်းဝေဆီမှာ လာလှူဖြစ်တာက သမီးလေး နားလည်အောင်လို့။ ကလေးတိုင်းလည်း ကံမကောင်းသလို၊ ကလေးတိုင်းလည်း ကံမဆိုးဘူး။ သမီးလေးက ကံကောင်းပြီး ကျမတို့ဆီမှာ သမီးလေး လာဖြစ်ရပေမယ့် ကံသိပ်မကောင်းတဲ့ ကလေးတွေ ဒီမှာ စွန့်ပစ်တာတွေကို သမီးလေး သိအောင်ပေါ့။ နောက်ပြီး သူ ရလာတဲ့ ဘဝကို တန်ဖိုးထားတတ်အောင် မွေးနေ့ဆို မိဘမဲ့ ကလေးတွေဆီ သွားလှူဒါန်း ဖြစ်တယ်”လို့ စမိုင်းလ်က ပြောပါတယ်။

ဆက်လက်ပြီး စမိုင်းလ်က သမီးဖြစ်သူရဲ့ မွေးနေ့မှာ ငွေသား ၁၂ သိန်း လှူဖြစ်ပုံနဲ့ သမီးကို မွေးနေ့ လက်ဆောင်အဖြစ် ခွေးလေး ဝယ်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

“၁၂ နှစ်ပြည့် မွေးနေ့မို့ ငွေသား ၁၂သိန်း နဲ့ ကလေးတွေကို ကိတ်မုန့်ခွဲပေးပြီး ကျွေးတာပေါ့။ သမီးလေးက ခွေးလေး လိုချင်တယ်ဆိုတော့ အဲ့ခွေးလေးကို မှာထားတာက ဒီလ ၂၀ ရက်နေ့မှ ရောက်မယ်။ အိမ်မှာလည်း ၅ ကောင် ရှိတယ်။ သူက တိရစ္ဆာန်ချစ်တဲ့သူ ဖြစ်တဲ့အတွက် မွေးနေ့ရောက်ရင် ပူဆာတာက ခွေးသေးသေးလေးတွေ ပူဆာတာ။ ခွေးလေးတွေကို ချစ်လည်း ချစ်တယ်။ အရမ်းလည်းဂရုစိုက်တယ်”လို့ စမိုင်းလ်က ပြောပါတယ်။

သမီးတွေကို ကိုယ်ချင်းစာတရား ထားဖို့ အမြဲမှာဖြစ်တယ်ဆိုတဲ့ စမိုင်းလ်က ဘုရားတရားကို ပိုလုပ်ဖြစ်အောင် သင်ပေးတယ်လို့လည်း ဆိုပါတယ်။

“သူတို့ကို ကိုယ်ချင်းစာတရားလေးတွေ ထားဖို့တော့ အမြဲမှာဖြစ်တယ်။ ကိုယ်ချင်းစာတရားရှိမှ သူများပေါ် နားလည်နိုင်မှာလေ။ ပိုက်ဆံတွေ ဘယ်လောက် ရှိရှိ၊ မောက်မာနေရင် ဘယ်သူမှလည်း အထင်မကြီးဘူးလေ။ ကိုယ်ချင်းစာတရားလေး ရှိပြီး လူတွေ နားလည်အောင်လို့ပဲ အမြဲသင်ပေးဖြစ်တယ်။ ဆုံးမတယ်ဆိုတာထက် နားလည်အောင် ပြောပြတယ်”

“ဆုပေး၊ ဒဏ်ပေးနဲ့ လုပ်ရတဲ့ အရွယ်လည်း မဟုတ်တော့ဘူး။ အဲ့တော့ နားလည်အောင်ပဲ ပြောပြဖြစ်တယ်။ အရွယ်ရောက်လာတဲ့ ကလေးတွေကို အကောင်းနဲ့အဆိုး ခွဲခြားပြီး သင်ပေးတာပေါ့။ သမီးက အရင်က ကလေး၊ အခုတော့ ၁၂ နှစ် ဆိုတော့ ဘုရားတရားကို ပိုလုပ်ဖြစ်အောင် သင်ပေးဖြစ်တယ်။ လူရွေးတတ်ဖို့ သွန်သင်ပေးတာပေါ့”လို့ စမိုင်းလ်က ပြောပါတယ်။

သရုပ်ဆောင် စမိုင်းလ်နဲ့ မိသားစုက အလှူအတန်းများ မကြာခဏ ဆိုသလို ပြုလုပ်တတ်သူပါ။ အခုအခါမှာတော့ သမီးငယ်ဖြစ်သူရဲ့ မွေးနေ့ကို သရုပ်ဆောင် ခိုင်နှင်းဝေရဲ့ မိဘမဲ့ ရင်သွေးလေးများ ဂေဟာမှာ လာရောက် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

The post ခိုင်နှင်းဝေ ရင်သွေးဂေဟာမှာ မွေးနေ့အလှူ လုပ်ခဲ့တဲ့ စမိုင်းလ်ရဲ့သမီးငယ်လေး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...