Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အကြိုက်ဆုံး စူပါဟီးရိုးမှာ ပင့်ကူလူသားလို့ Chris Evans ပြော

$
0
0

Captain America စူပါဟီးရိုးဇာတ်ကောင်အဖြစ် Marvel ရုပ်ရှင်တော်တော်များများမှာ အချိန် ၈ နှစ်နီးပါးလောက် သရုပ်ဆောင်ခဲ့တဲ့ မင်းသား Chris Evans က သူကလေးဘဝကစလို့ အကြိုက်နှစ်သက်ရဆုံး စူပါဟီးရိုးဟာ Captain America မဟုတ်ခဲ့ဘူးလို့ ပြောဆိုလိုက်ပါတယ်။

Style မဂ္ဂဇင်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တခုမှာ မင်းသားက ကလေးဘဝတုန်းက ကြိုက်နှစ်သက်ခဲ့ရတဲ့ Marvel စူပါဟီးရိုး အကြောင်း ပြောဆိုခဲ့ပါတယ်။

မင်းသားက “ကျနော် Captain America ကိုချစ်ပါတယ်။ ဒါပေမယ့် ပင့်ကူလူသားက ကျနော့်ကလေးဘ၀ ဟီးရိုးပါ။ အဆောင်အဦတွေရဲ့ဘေးမှာ တွယ်တက်ရတာမျိုး၊ အဆောင်အဦတခုကနေ တခုကို ခုန်ကူးဖို့ ကြိုးစားရတဲ့ ဇာတ်ဝင်ခန်းတွေ လုပ်ရတာ ကျနော်သဘောကျပါတယ်” လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ပင့်ကူလူသားဇာတ်ကောင်နေရာမှာ မင်းသား Tom Holland က သရုပ်ဆောင်နေတာဖြစ်ပါတယ်။ ပင့်ကူလူသား မင်းသား Holland နဲ့အတူ ပထမဆုံး သရုပ်ဆောင်ခဲ့တဲ့ ဘာလင်လေလိပ် အက်ရှင်ဇာတ်ဝင်ခန်း အကြောင်းကိုလည်းမင်းသား Chris က ပြောပြခဲ့ပါတယ်။

သူက “ကျနော်က ပင့်ကူလူသားမျက်နှာဖုံးကို ဝတ်ရမှာ ကြောက်တယ်။ ကျနော်က ချုပ်နှောင်ထားတဲ့အရာတွေကို ကြောက်ပါတယ်။ ရိုက်ကွင်းမှာ နာရီနဲ့ ချီပြီး အဲ့ဒီလို ဝတ်စုံနဲ့ မျက်နှာဖုံးကို ဝတ်ထားရမယ်ဆိုဆိုရင် ကျနော် ဘာဖြစ်သွားမလဲဆိုတာ မတွေးတတ်တော့ပါဘူး။ ကျနော်က ပိုအေးတယ်လို့ ယူဆတဲ့ Captain America ဝတ်စုံကိုပဲ ကြိုက်ပါတယ်” လို့ဆိုပါတယ်။

၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ‘Avengers: Endgame’ ရုပ်ရှင်မှာ မင်းသား Chris က Captain America အဖြစ် နောက်ဆုံး သရုပ်ဆောင်ထားပါတယ်။ မင်းသားဟာ ၂၀၁၁ ခုနှစ်မှာထွက်ရှိခဲ့တဲ့ ‘2011’s Captain America: The First Avenger’ ရုပ်ရှင်နဲ့ MCU နဲ့အတူ သရုပ်ဆောင်လုပ်ငန်းတွေကို စတင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီ ဇာတ်ကောင်နေရာမှာ ပါဝင်ဖို့ ရွေးချယ်ရတာ လွယ်ကူခဲ့တဲ့ ကိစ္စမဟုတ်ဘူးလို့ ဆိုပါတယ်။

သူက “ကျနော်က လူမသိ၊ သူမသိနေရတာကို ကြိုက်လို့ လူသိမခံဘဲ လမ်းပေါ်မှာ လမ်းတောင် လျှောက်နိုင်ပါ့ မလားဆိုပြီး တော်တော်လေး စိုးရိမ်ခဲ့ပါတယ်။ ဒါပေမယ့် ပိုပြီး စိုးရိမ်ရတာက နောက်ထပ် ၁၀ နှစ်လောက်အထိ တူညီတဲ့ ဇာတ်ကောင်တခုမှာ သရုပ်ဆောင်ဖို့ ဆိုတာကို သိထားပြီး ကာလရှည်စာချုပ်ချုပ်ရမှာကိုပါပဲ။ အဲ့ဒါက လွယ်ကူတဲ့ ဆုံးဖြတ်ချက်တော့ မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် အခုတော့ ကျနော်ပျော်နေပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

Ref: hindustantimes

You may also like these stories:

သရုပ်ဆောင်ကြေး ပြဿနာ ကြုံနေရတဲ့ Black Panther မင်းသား Chadwick Boseman

MCU ကို ပြန်လာဖို့ ဆွေးနွေးမှု မပြီးဆုံးနိုင်သေးတဲ့ Marvel နဲ့ Robert Downey Jr.

သရုပ်ဆောင်အလုပ်ကနေ နုတ်ထွက်ချင်နေတဲ့ မင်းသား Chris Evans

The post အကြိုက်ဆုံး စူပါဟီးရိုးမှာ ပင့်ကူလူသားလို့ Chris Evans ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...