ပြီးခဲ့တဲ့ ကိုဗစ်ကာလ ဧပြီလ ၁၀ရက်နေ့က အွန်လိုင်းမှတဆင့်ပြုလုပ်ခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ Birthday Show in Bedroom မှရရှိတဲ့ငွေကြေးများအားလုံးကို လှူဒါန်းပြီးစီးခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။
“Sai Sai Birthday Show in Bedroom မှကောက်ခံရရှိသော အလှူငွေများမှ နောက်ဆုံးလက်ကျန် ၄၇၆၉၈၆၀ ကျပ်ကို ကျနော်လှူဒါန်းသော ၅၂၃၀၁၄၀ ကျပ်ထပ်ပေါင်း၍ သိန်း ၁၀၀ ကျပ်တိတိကို မန္တလေး COVID – 19 ကိစ္စအသုံးပြုနိုင်ပါရန် လှူဒါန်းပြီးဖြစ်ပါကြောင်း တင်ပြပါတယ်” လို့ စိုင်းစိုင်းခမ်းလှိုင်က ဆိုထားပါတယ်။
အလှူငွေတွေအားလုံး တပြားမကျန်ကိုတော့ ၄နေရာခွဲကာ COVID -19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ ၊ ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ၊ ရန်ကုန်တိုင်း(ဖောင်ကြီးစင်တာ) မှာ အသက်ရှုစက် ၁လုံး ၊ မန္တလေးတိုင်း Covid -19 ထိန်းချုပ်ကာကွယ်ကုသရေးနေရာများမှာ လှူဒါန်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ကျနော့်မွေးနေ့ဖျော်ဖြေပွဲ အကြောင်းပြုပြီး ပရိသတ်များနဲ့ မိတ်ဆွေများအားလုံးရဲ့ စုပေါင်း အလှူဖြစ်ပါတယ်” လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။
စိုင်းစိုင်းခမ်းလှိုင်ကတော့ ဧပြီ ၁၀ ရက်နေ့က သူရဲ့ မွေးနေ့အမှတ်တရ အဖြစ် Birthday Show in Bed ကို ပြုလုပ်ကာ အွန်လိုင်းမှ ပရိသတ်များကို ဖျော်ဖြေခဲ့တာဖြစ်ပြီး ဒီအပေါ်မှာ ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ စိုင်းစိုင်းခမ်းလှိုင်က အဲ့ဒီကနေ ရရှိခဲ့တဲ့ ငွေကြေးများကို COVID -19 နဲ့ပတ်သက်ပြီး အနုပညာအား၊ ငွေအင်အားများဖြင့် လှူဒါန်းမှုများစွာ ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။
ကိုဗစ်ကာလမှာလည်း စိုင်းစိုင်းခမ်းလှိုင်အနေနဲ့ အနုပညာရှင်များစွာနဲ့ “ကမ္ဘာမြေသီချင်း” ဆိုတဲ့ ခွန်အားဖြစ်သီချင်းကို လည်း ဖန်တီးခဲ့ပါတယ်။
You may also like these stories:
ရင်သွေးဂေဟာနားမှာ အင်းပြားတွေ ထားခံရတယ်လို့ ခိုင်နှင်းဝေပြော
လက်ပွားလေးပါတဲ့ အဆိုတော်မေမဒီရဲ့ “ပွားစိန်”ဆိတ်စွပ်နံပြား
အကြိုက်ဆုံး စူပါဟီးရိုးမှာ ပင့်ကူလူသားလို့ Chris Evans ပြော
The post Birthday Show မှရရှိတဲ့ ငွေကြေးများအားလုံး လှူဒါန်းပြီးဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင် appeared first on ဧရာဝတီ.