Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“အကယ်ဒမီပွဲလုပ်ဖို့ ဘယ်သူမှ စကားမစသေးဘူး”လို့ ဦးညီညီထွန်းလွင် ပြော

$
0
0

လက်ရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဋ္ဌတဦးဖြစ်တဲ့ ဦးညီညီထွန်းလွင်က အကယ်ဒမီပွဲနဲ့ ပတ်သက်လို့ သူရဲ့ အမြင်ကို အခုလိုပဲ ပြောပါတယ်။

“အကယ်ဒမီက ဘယ်သူမှ စကားမစရဲဘူး။ မစရဲဘူးဆိုတာက အဲ့လို စလာရင် အကယ်ဒမီ အလုပ်ချင်ဆုံးက အစည်းအရုံးပဲဖြစ်မှာ။ ဘာလို့လဲဆို အစည်းအရုံးက အကယ်ဒမီကရတဲ့ ပိုက်ဆံနဲ့ ဝန်ထမ်းတွေ လစာပေးရတာ။ အကယ်ဒမီ အကဲဖြတ်လူကြီးတွေ ဇာတ်ကားကြည့်ထားတာ သိန်း ၅၀၀ လောက် ကုန်တယ်။ လောလောဆယ် အစည်းအရုံးက ရင်းနှီးထားတာ ရှိတယ်”

“အခုက ၂ နည်းရှိတယ်။ နောက်နှစ် ပေါင်းလုပ်မလား။ အခု အောက်တိုဘာ နိုဝင်ဘာမှာ Indoor လုပ် မလား။ သိပ်လူများများလုပ်လို့ မရရင် ၉၇ ကားထဲမှာ ပါတဲ့ လူတွေပဲ ဖိတ်ပြီး လုပ်မလား။ တချို့ကလည်း ကိုရီးယားမှာ လုပ်သွားတဲ့ ပုံစံလို လုပ်ပါလားပြောကြတယ်။ အဲ့လိုလုပ်ရင် စပွန်ဆာ ပေးထားတဲ့ ကုမ္ပဏီက သဘောတူမလား”

“အကယ်ဒမီလုပ်တာ စပွန်ဆာ ပေးထားတဲ့ ကုမ္ပဏီရဲ့ ကုန်ကျစရိတ်နဲ့ လုပ်ရမှာ။ သူတို့ကလည်း သူတို့ကုမ္ပဏီ နာမည် လိုချင်လို့ လုပ်တာလေ။ စည်ကားမှ သဘောကျမှာပေါ့။ အကျဉ်းချုံးလုပ်ရင် သဘောတူပါ့မလား ကြိုက်ပါ့မလား။ အဲ့ပြဿနာတော့ ရှိတယ် ”လို့ ဦးညီညီထွန်းလွင်က ပြောပါတယ်။

ရုပ်ရှင် ရိုက်ကူးရေး ရိုက်ကူးချင်တဲ့သူတွေအတွက် ကျန်းမာရေးဝန်ကြီးဌာနကို စာတင်ထားတယ်လို့ဆိုပြီး ဦးညီညီထွန်းလွင်က သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ရိုက်ကူးရင် ကန့်ကွက်ရန် မရှိဘူးလို့ ဆိုပါတယ်။

“အခုထိ အကယ်ဒမီကိစ္စကို ဘယ်သူမှ မစဉ်းစားနိုင်သေးဘူး။ အခုလောလောဆယ် ရိပ်က္ခာဝေတာတွေရယ်၊ နောက် ရိုက်ကူးရေး ရိုက်ဖို့ အစည်းအဝေးတွေ လုပ်ရမယ်။ သူတို့ကလည်း ရိုက်ချင်ပြီ။ Lockdown ဖြည်တဲ့ ဇူလိုင်ဆိုရင် ရိုက်ချင်ကြပြီ။ အဲ့အတွက် အခု အဲ့ဒါတွေပဲ လုပ်နေကြတယ်။ အကယ်ဒမီကိုတော့ ဘယ်သူမှ စကားမစသေးဘူး။ ရိုက်ကူးချင်တဲ့သူတွေအတွက် ကျန်းမာရေးဝန်ကြီးဌာနကို စာတင်ထားတယ်”

“ကျန်းမာရေးဝန်ကြီးဌာနကလည်း သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ရိုက်ကူးရင် ကန့်ကွက်ရန် မရှိ၊ ကျနော်တို့က ခွင့်ပြုဖို့ကျတော့ ထုတ်လုပ်သူတို့ ဒါရိုက်တာတို့က ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပြီး ရိုက်ကူးပါမယ်လို့ ဝန်ခံ ကတိပြုမှ ကျနော်တို့ကလည်း ထောက်ခံချက် ပေးလို့ရမှာ။ လောလောဆယ်တော့ ၂၅ ရက်နေ့ အစည်းအဝေးခေါ်ပြီး ပြောပြမယ်”လို့ ဦးညီညီထွန်းလွင်က ပြောပါတယ်။

ကျန်းမာရေးကြောင့် ဇာတ်ကားတွေ သိပ်မရိုက်ဖြစ်တော့တဲ့ ဒါရိုက်တာ ညီညီထွန်းလွင်ကတော့ အခုလက်ရှိမှာ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးရဲ့ ဥက္ကဋ္ဌတယောက်အဖြစ် တာဝန် ထမ်းဆောင်နေသူ ဖြစ်ပါတယ်။

You may also like these stories:

တချိန်က ပရိသတ် အားပေးခံရတဲ့ ရွှေညီကို လူရွှင်တော်တွေ ဘာလုပ်နေကြလဲ

“ရုပ်ရှင်ပြတိုက်မှာ ကျန်ခဲ့တဲ့ ပုံတွေ ပြန်ဖြည့်မှာပါ”လို့ ဦးအေးကြူလေး ပြော

The post “အကယ်ဒမီပွဲလုပ်ဖို့ ဘယ်သူမှ စကားမစသေးဘူး”လို့ ဦးညီညီထွန်းလွင် ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...